ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း thayဆုံး၊ အလောင်းများ နှင့် lat nat ခဲယမ်းများ သိမ်းဆည်းရမိ

Local News
ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း thayဆုံး၊ အလောင်းများ နှင့် lat nat ခဲယမ်းများ သိမ်းဆည်းရမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း thayဆုံး၊ အလောင်းများ နှင့် lat nat ခဲယမ်းများ သိမ်းဆည်းရမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း ဟုမ္မလင်းတွင် ၃ ရက်ဆက်တိုက် တိုက် ပွဲများ ဖြစ်ပွားပြီး စစ် တပ် ဘက်မှ ၈ ဦးထက်မနည်း thayဆုံးကာ အ လောင်း များနှင့် lat nat ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ဟုမ္မလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ HPDF124 တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ဓာတ်ပုံ- သိမ်းဆည်းရမိသည့် စစ်သားအလောင်း များနှင့်lat nat ခဲယမ်း အသုံး အဆောင်များ။

ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၅ နာရီအချိန် ဟုမ္မလင်းမြို့နယ်၊ နတ်နန်း မှော် ဈေး တန်းဂိတ်ကို စစ်တပ်နှင့် ၎င်း၏လက်အောက်ခံ SNA တပ်များက ပူး ပေါင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ရာ ကျည် အနည်း ငယ်နှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းခံခဲ့ရကြောင်း၊ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များမှာမူ ဘေးမသီရန်မခ ပြန်လည်ပစ်ခတ် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စျေးတန်းဂိတ်က စခန်းဆိုတာထက် ကျနော်တို့ သိမ်းယူထားတဲ့ ဂိတ်တစ်ခုပါ။
အဲဒီတော့ သူတို့ဘက်စ သိမ်းပြီး ထိုးစစ်ဆင်တာ။ နယ်မြေရှင်းလင်းရေးတော့ ကျနော် တို့ ဝင်နေပါတယ်။ စစ်ရေးကတော့ နားနေပြီ သူတို့ဖက်က ဆုတ်ခွာ သွား ပါပြီ။ ကျနော်တို့ဘက်ကတော့ အမြဲအသင့်ပါဗျ” ဟု ဟုမ္မလင်း မြို့နယ် ပြည် သူ့ ကာကွယ်ရေး တပ်ဖွဲ့ HPDF124 တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းနောက် ဇန်နဝါရီလ ၅ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့ စစ်တပ်နှင့် စစ် တပ် လက်အောက်ခံ SNA တပ်များက ဆက်တိုက်စစ်ကြောင်းထိုးခဲ့သဖြင့် ခန္တီးခရိုင် တပ်ရင်း (၁) ဟုမ္မလင်း ၊ HPDF-124 ၊ မိုးကြိုး ၊ HPDF မဟာမိတ် တပ် ပေါင်းစုဖက်မှ တန်ပြန်ခုခံကာကွယ်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် တစ်ဦး မစိုးရိမ်ရ ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်တပ်နှင့် လက်အောက်ခံ SNA ဘက်မှ စစ်ကြောင်းမှူးအပါအဝင် ‌တိုက်ပွဲအတွင်း ခန့်မှန်းမျက်မြင် ၈ ဦးထက်မနည်း‌ thayဆုံးခဲ့ကြောင်း၊ အထိအခိုက် ဒဏ်ရာရများပြားပြီး ဒဏ်ရာရ သူများကို နောင်ပိုအောင်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီ ၉ ရက်နေ့တွင် နယ်မြေရှင်း လင်း ရေး လုပ်ဆောင်စဉ် စစ်အုပ်စုတပ်သား အလောင်း နှစ်လောင်း နှင့် ကျည် ၊ ကျည် ဘောက် ၊ လက်ကိုင်ဖုန်း ၊ lat nat ကြီးကျည် ၊ စသော စစ်အသုံး အဆောင် ပစ္စည်းများကို ရှာဖွေရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။