သပိတ်ကျင်းတွင် စစ်တပ် သတင်းပေးတစ်ဦးလိုက်ပါသော သစ်ဝါးဖောင်များကို PDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူ၊ တရားမဝင်သယ်ဆောင်လာသည့် ဝါးလုံးအရေအတွက် ၂ သောင်းကျော် သိမ်း ဆည်းရမိ၊

Local News

သပိတ်ကျင်းတွင် စစ်တပ် သတင်းပေးတစ်ဦးလိုက်ပါသော သစ်ဝါးဖောင်များကို PDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူ၊ တရားမဝင်သယ်ဆောင်လာသည့် ဝါးလုံးအရေအတွက် ၂ သောင်းကျော် သိမ်း ဆည်းရမိ၊

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့-သပိတ်ကျင်းတွင် စစ်တပ် သတင်းပေးတစ်ဦးလိုက်ပါသော သစ်ဝါးဖောင်များကို PDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူ၊ တရားမဝင်သယ်ဆောင်လာသည့် ဝါးလုံအရေအတွက် ၂ သောင်းကျော် သိမ်း ဆည်းရမိ၊ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ် သတင်းပေးများလိုက်ပါလာသည့် သစ်နှင့်ဝါးဖောင်များကို PDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်လှမ်းရေး သတင်းပေး အောင်လင်းဆန်း ဆိုသူ လိုက်ပါလာသော သစ်ဖောင်၊ဝါးဖောင်များကို သပိတ်ကျင်း မြို့နယ် (ပကဖ) TBKတောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖောင်များပေါ်တွင် တင်ဆောင်လာသည့် ဝါး ၂သောင်း ခန့်နှင့် စစ်တပ် သတင်းပေး အောင်လင်းဆန်းနှင့် အတူ လိုက်ပါလာသူများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသူများသည် တော်လှန်ရေး လုပ်ငန်းတွင် အနှောက်အယှက် မပေးသော ဖောင်ပေါ်တွင် လိုက်ပါသည့် အဖွဲ့ (၆)ဖွဲ့ကို တစ်ဖွဲ့လျှင် ဒဏ်ကြေး ၂၀၀၀၀ ကျပ် ပေးဆောင်ခိုင်းခဲ့ပြီး တစ်ဦးလျှင် ကြိမ်ဒဏ် ၁၀ ချက် အပြစ်ပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်တပ် သတင်းပေး အောင်လင်းဆန်းကိုမှု TBK အဖွဲ့က ဆက်လက် ဖမ်းဆီး ချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ပြုလုပ်စဥ် ၎င်းဖုန်းအတွင်းမှ အဆက်အသွယ်ပြုလုပ်ထားသော ပျူစောထီး ဖုန်းနံပါတ်များ၊ စစ်တပ် သတင်ပေးများ၏ ဖုန်းနံပတ်များ၊ စစ်တပ်နှင့် ဆက်သွယ်မှုများ ပြုလုပ်ထားသည့် အကြောင်းအရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွက် စစ်တပ် သတင်းပေး အောင်လင်းစန်းကို သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြင်ဦးလွင် ခရိုင် (ပကဖ) ထံသို့ လွှဲပြောင်း ပေးအပ် အရေး ယူဆောင်ရွက်ထားကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ် ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။