ကဆုန်လ မွေးဖွားသူများ

Astrology

ကဆုန်လ မွေးဖွားသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကဆုန်လ မွေးဖွားသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကဆုန်လ မွေးဖွားသူများ
ပင်ကိုယ် စရိုက်

ကဆုန်လ မွေးဖွားသူများသည် ပင်ကိုယ် စရိုက်အားဖြင့် တည်ကြည် အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်မယ်၊ အလွန်သစ္စာရှိတယ်။ အလွန် သံယောဇဉ်ကြီးမားတတ်ကြတယ်။ အနုပညာ ပါရမီ ဓါတ်ခံကြီးမယ်။ အလွန် ညှို့ဓါတ်အားကောင်းတယ်။ တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ ချစ်ခင်ကြည်ညိုခြင်းကို ခံရတတ်တယ်။ ဘေးလူတွေက ချစ်ခင်မယ်၊ စန်းပွင့်မယ်။ အလှအပ၊ အသန့်အပြန့် ကြိုက်တတ်တယ်။ စိတ်ကူးယဉ်တတ်မယ်။ အထူးသဖြင့် ဘဝတွင် ကြည်နူး လွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာ ကြုံခဲ့တတ်ကြပါမည်။ အလွမ်းဓါတ်ခံ ရှိတယ်၊ လူပေါင်း ဆန့်မယ်၊ အကောင်းကြိုက်တတ်တယ်။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာ သုံးချင်တယ်။ ငွေ အသုံးကြမ်းမယ်။ ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင် လုပ်ကိုင်တတ်တယ်။ နူးညံ့ သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက်အောင် ကမူးရှူးထိုး လုပ်တတ်တယ်။ ရဲရင့် တည်ကြည်၍ ထက်မြက်မယ်။ နံနက်စော အရုဏ်ဦးအချိန်တွင် အသိညာဏ် အထူးပွင့်တတ်တယ်။ ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်တယ်။ ဆုံဖြတ်စရာ ကိစ္စများ ဒီအချိန်တွေမှာ လုပ်ပါက အမှားအယွင်း မရှိပဲ အောင်မြင်မယ်။ ခံစားချက် ပြင်းထန်တတ်တယ်။ ဘာမဆို အလေးအနက် ခံစားတတ်တယ်၊ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက နောက်မတွန့်တမ်း လုပ်တတ်တဲ့ ဉာဉ်ရှိတယ်။ စည်းကမ်းတကျ စနစ်တကျ လုပ်တတ်တယ်။ အချိန်နာရီ၊ ကတိသစ္စာကို အလွန်တန်ဖိုးထားမယ်၊ ဖြောင့်မတ်တယ်။ ကတိပျက်က စိတ်ဆိုးတတ်တယ်။ စိတ်ဆိုးခဲသလောက် စိတ်ဆိုးလာပါကလဲ အသားတွေ တဆတ်ဆတ် တုန်လာကာမျက်ရည်ပင် ကျလာတတ်၏။ အထူးသဖြင့် မိမိ အပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။

သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။ စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျ ပြောဆိုတတ်တယ်။ စကားလုံးများဖြင့် နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်းတယ်။

တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကပ်ကပ်ဖဲ့ဖဲ့ နိုင်တယ်၊သို့သော် အပေါ်ယံအားဖြင့် မာကျောသယောင် ရှိသော်လည်း အတွင်းစိတ်က နူးညံ့တယ်၊ ကိုယ့်အပေါ် သိမ်သိမ်မွေ့မွေ့ ဆက်ဆံလာပါက အရာရာကို ခွင့်လွှတ်နိုင်တယ်။

အများအတွက် အနစ်နာခံတတ်တယ်။ အများ ကောင်းကျိုးဆောင်ရွက်လိုမယ်ယ လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်တယ်။ အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့် နေထိုင် လုပ်ကိုင်တတ်တယ်။ ရှုပ်ရှုပ်ယှက်ယှက် ဘာမှမကြိုက်၊ သူတစ်ပါးကိစ္စ ဝင်မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်ပါယ သို့သော် မိသားစု သံယောဇဉ် ကြီးမားကြတယ်၊
သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်တယ်၊ အနစ်နာ ခံနေရတတ်တယ်။ တစ်ခါတစ်ရံ ဆင်ချင်ကင်းစွာ မာန်မာနနှင့် ပြုမူမိတတ်တယ်။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး တဇွတ်ထိုး လုပ်မိတတ်တယ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်ရူးရဲ လုပ်မိတတ်တယ်။ မည်သို့ပင်ဖြစ်စေ ဝီရိယကြီးမယ် တိုးတက်ကြီးပွားရန် အမြဲကြံစည်နေတတ်တယ်။ လူချစ်လူခင် များမယ်၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့်ခန့်ခန့် နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ ဖြစ်တတ်ပါသည်။ ဘဝကို သူတစ်ပါးတို့ထက် ပို၍ တန်ဖိုးထားသူများ ဖြစ်မည်။

ဇွဲကောင်းကောင်းနှင့် ကြိုးစားတတ်တယ်။ အပင်ပန်းခံ၍ ကြိုးစားကြ၏။ စီးပွားလာဘ်မြင်ပြီး ရှာကောင်းတယ်၊ ငွေသုံးကြမ်းမယ်၊ မိတ်ကောင်းပေါမယ်၊ လုပ်ငန်းမရွေး လုပ်ဆောင်တတ်တယ်၊ ဘဝတွင် သူတစ်ပါးက နှိမ်၍ ဆက်ဆံခံရခြင်းကို မခံချင်စိတ်ဖြင့် ကြိုးစားတတ်တယ်။ ဘဝတွင် ထူးခြားစွာ ပြည့်စုံကြွယ်ဝတတ်ပါသည်။
ကတိသစ္စာ တည်ကြည်ခြင်းကြောင့်လဲ စီးပွားဖက်တို့၏ ယုံကြည်ခြင်းကို ခံရတတ်တယ်၊ ဘဝတွင် ဒုတိယအရွယ်နှင့် တတိယအရွယ်တွင် စီးပွားပြည့်စုံတတ်၏။ အကြံဉာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို လက်တွေ့ အကောင်အထည်ဖေါ်မိ၍လဲ ကြီးပွားချမ်းသာတတ်ပါတယ်၊ စီးပွားတက်ချိန်တွင် အပျော်အပါးဖက်မိတတ်ပါသည်။

စီးပွားရေး

ကိုယ်ပိုင် စီးပွားရေး အလုပ်ကိုသာလုပ်ပါ သူတစ်ပါး လက်အောက်ခံ မလုပ်သင့်ပါ။ ကိုယ့်စိတ်ကူးနှင့်သာ ရဲရဲလုပ်ပါ။ မည်သည့် အလုပ်မဆို စွဲစွဲမြဲမြဲလုပ်ပါ။ အလုပ်အမျိုးမျိုး ပြောင်းလုပ်ခြင်းကို ရှောင်ပါ။ အထူးသဖြင့် စီးပွားရေးတွင် အားနာခြင်း၊ အာမခံခြင်း၊ ဆွေမျိုးများနှင့် ဆက်စပ်လုပ်ကိုင်ခြင်းတို့ကို အထူးရှောင်ပါ။ စာပေလုပ်ငန်းဖြင့် အထူးကောင်းကျိုးပေး၏။ အနုပညာလုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ်ဗေဒင်ပညာရှင်၊ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်၍ ကြီးပွားနိုင်၏။ ထို့အပြင် စစ်ဘက်၊ သူနာပြု၊ ပန်းအလှ စိုက်ပျိုးရောင်းချခြင်းတို့ဖြင့် အကျိုးအထူးပေးမည်။ အထူးသဖြင့် အနုပညာလုပ်ငန်း၊ အလှအပဆိုင်ရာ လုပ်ငန်းတို့ဖြင့် အထူးအောင်မြင်တတ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေး

အချစ်ရေး အိမ်ထောင်ရေး နှလုံးသားခံစားမှု ပြင်းထန်တယ်၊ ကဗျာဆန်တယ်။ အထူးသဖြင့် အလွမ်းတေးသီချင်း၊ ကဗျာစာပေတို့ကို နှစ်သက်၏။ သံယောဇဉ်ကြီး၏။ အထူးသဖြင့် အလွမ်းသမားများ ဖြစ်တယ်။ ဘဝတွင် သံယောဇဉ် ကြီးမားသူတို့ကို ခွဲခွာပြီး လွမ်းနေတတ်ကြရတယ်။ ပထမပိုင်းတွင် ချစ်ကံခေပြီး နောက်ပိုင်းမှ ကောင်းတတ်တယ်။ တစ်ရွာသူ တစ်နယ်သားတို့နှင့် ချစ်ကြိုး သွယ်မိတတ်တယ်။ အရူးအမူး ချစ်တတ်ကြတယ်။ တသသ လွမ်းဆွေး နေတတ်ကြရတယ်။ သို့သော် အိမ်ထောင်ပြုပြီးသော အချိန်တွင် စိတ်ချမ်းသာကြရတတ်ပါသည်။ ဘဝတွင် တစိမ့်စိမ့်ပြန်တွေးပြီး တသသ ကြည်နူးမဆုံး၊ လွမ်းမဆုံး အဖြစ်အပျက်လေးများစွာ ကြုံကြရတတ်သူများ ဖြစ်ပါတယ်။ အချစ်ရေးတွင် ကြားလူအနှောက်အယှက် အမြဲကြုံရတတ်တယ်။ ထို့အတူ အိမ်ထောင်ရေးတွင်လည်း သွေးဆောင်ဖြားယောင်းခြင်း ခံရတတ်တယ်။ ဒီလ မွေးဖွားသူတို့သည် သစ္စာကြီးမားသူများ ဖြစ်၍ အိမ်ထောင် သာယာတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် ရုပ်ဆင်းတင့်တယ်၍ သပ်ရပ်ခန့်ငြားသူဖြစ်သလို အသားလတ်လတ်နှင့် လှပပြေပြစ်သူနှင့် ဖူးစာဆုံရတတ်ပါတယ်။ မျက်နှာတွင် ထင်ရှားသော မှဲ့အမှတ်အသားပါသူနှင့် ဖူးစာဆုံတတ်တယ်။

အိမ်ထောင်ဖက် အပေါ်တွင် အစစ ကိုယ်က အနစ်နာခံ၍ အနွံတာခံ၍ ပေါင်းဖော်ရတတ်တယ်။ အထူး သတိပေးလိုသည်မှာ ချစ်သူထားချိန်တွင် လည်းကောင်း၊ အိမ်ထောင်ပြုချိန်တွင် လည်းကောင်း၊ ခေါင်းအေးအေးနှင့် စဉ်းစားပြီးမှ လက်ခံဆုံးဖြတ်ပါ။ထူးသဖြင့် မိန်းကလေးများ တဇွတ်ထိုးဆုံးဖြတ်ကာ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်တယ်။ အထူးသတိထားပါ။ ဘာပဲဖြစ်ဖြစ် အစပိုင်းညံ့ပြီး နောက်ပိုင်းတွင် ကောင်းကျိုးခံစားရပါမယ်။

ကျန်းမာရေး

ကဆုန်လ မွေးဖွားသူများသည် စိတ်ထက်၍ ဇွဲကောင်းသူများဖြစ်ပြီး လူအပင်ပန်း ခံနိုင်သော်လည်း ခန္ဓာကိုယ်တွင် မကြာခဏ ဝေဒနာဖြစ်တတ်တယ်။ အဓိကအားဖြင့် အဆစ်အမြစ်များမကြာခဏ နာကျင်ကိုက်ခဲတတ်တယ်။ လေထိုး၊ လေအောင့်၊ ဝမ်းနာရောဂါတို့လည်း မကြာခဏ ဖြစ်တတ်တယ်။ လည်ချောင်းနာ၊ အသံဝင်၊ ရင်ကြပ်ရောဂါများမှာ အနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှ ဖြစ်တတ်တယ်ယ တော်ရုံတန်ရုံ ရောဂါလောက်ဖြင့် ဆရာဝန်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကို ကြိတ်မှိတ် ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်ဘဲ ရောဂါ ကြီးမားသွားတတ်တယ်။ အမျိုးသမီးများ သားအိမ် အားနည်းတတ်တယ်။ အမျိုးသားများ ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း ဖြစ်တတ်တယ်။
ဘာမှမလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေး ညံ့တတ်၏။ အငြိမ်မနေဘဲ အလုပ်များကို ဇယ်ဆက်သလို ဆက်တိုက်လုပ်နေက၊ လှုပ်ရှားနေက ပိူ၍ ကျန်းမာတတ်တယ်။ အသေးအဖွဲဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်ရောဂါများ ဖြစ်တတ်တယ်။ အသီးအရွက် များများစားပေးပါ။ ကဆုန်လဖွား အမျိုးသမီးများသည် ရင်သားတွင် အနာဖြစ်ခြင်းမျိုး ဖြစ်တတ်သဖြင့် ဂရုပြုသင့်တယ်။ သတိပြုစရာ ဘေးဥပဒ် အန္တရာယ်များကတော့ မျက်နှာတွင် ရုတ်တရက် ထိခိုက် ဒဏ်ရာရတတ်သည်။ တောင်ပြိုခြင်း၊ မြေပြိုခြင်း စသော သဘာဝ ဘေးအန္တရာယ်များ ရင်ဆိုင်ရတတ်တယ်။ စက်မှု လက်မှု လုပ်ငန်းလုပ်သူများမှာ မတော်တဆ ထိခိုက်မှုများ ဖြစ်တတ်သည်။ အထူးသဖြင့် လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍ သတိပြုသင့်သည်။ သို့သော် အသက်အိုးအိမ် ထိခိုက်လောက်အောင် ဘေးအန္တရာယ် မရှိတတ်ပါ။ ဒီလအတွင်း မွေးဖွားသူများ ဦးနှောက် သွေးကြောထိခိုက်ခြင်း ရုတ်တရက် ဖြစ်တတ်သောကြောင့် သတိထားသင့်ပါတယ်။ ထို့ပြင် သူတစ်ပါးအတွက် အနစ်နာခံရသော ဇာတာပါ၏ အဓိက ဆင်ခြင် သတိပြုသင့်ပါတယ်။

ဘဝတွင် ဒုတိယအရွယ်နှင့် တတိယအရွယ်တို့တွင် အထူးကောင်းစားတတ်တယ်။ အမွေရသလိုမျိုး ရုတ်တရက်ကြီးပွားပြီး အောင်မြင်မှုရတတ်တယ်။ အကြီးအမှုးနေရာကို ရတတ်သည်။ အလှူအတန်း များစွာ ပြုရတတ်တယ်။ ကဆုန်လ မွေးဖွားသူတို့သည် သံယောဇဉ်ကြီး၍ အနစ်နာခံရသော ဘဝပိုင်ရှင်များ ဖြစ်တတ်ပါတယ်။ ပေးဆပ်မှု၊ အနစ်နာခံမှု နှောင်ကြိုးတည်းခံရမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို အမြဲခံရတတ်ပါတယ်။ ဆွေမျိုးများနှင့် ဝေးဝေးနေသင့်တယ်။ သီးသန့် ခွဲထွက်သင့်တယ်။ သို့သော် မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကို မငဲ့ဘဲ စေတနာ အဓိကထား၍ လုပ်ဆောင်က သူမတူအောင် ကြီးပွားတတ်တယ်။ စွမ်းအားထည့်၍ လုပ်ဆောင်က သူတစ်ပါးထက် ထူးကဲစွာ အောင်မြင်တတ်တယ်။ သို့သော် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်နည်းက မယုံမရဲစိတ်ဖြင့် လုပ်တတ်သဖြင့် နစ်နာတတ်တယ်။

ဒါ့ကြောင့် သံယောဇဉ်ကြီးခြင်း၊ အလွန်အမင်း အနစ်နာခံခြင်း၊ မယုံမရဲလုပ်ခြင်းတို့ကို ရှောင်ပါ။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊ စကားပြောကြမ်းခြင်းကို ရှောင်ပါ။ ပင်ကိုယ်ရုပ်ရည်၊ ပင်ကိုယ်ဟန် အမူအရာ အထူးကောင်းသလောက် ကိုယ့်ကိုကိုယ် ထင်ရှားအောင် မနေတတ် မဝတ်တတ်၊ မလုပ်တတ်ဘဲ ရှိနေတတ်ကြတယ်၊ ထူးခြားသော ဆွဲဆောင်မှုရှိသူများ ဖြစ်ကြပါတယ်။ အေးဆေး တည်ငြိမ်စွာ သွားလာနေထိုင်ပါ။ လက်ဝတ်ရတနာတို့ကို ရှိတိုင်း မဝတ်သင့်ပါ။ အကောင်းဆုံး အဆောင်မှာ (မြ)ကျောက် ဖြစ်ပါတယ်

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။