12.12.2022 တနင်္လာနေ့ တစ်နေ့တာ ဆောင်ရန်၊ ရှောင်ရန်

Astrology

12.12.2022 တနင်္လာနေ့
တစ်နေ့တာ ဆောင်ရန်၊ ရှောင်ရန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့12.12.2022 တနင်္လာနေ့ တစ်နေ့တာ ဆောင်ရန်၊ ရှောင်ရန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်နေ့တာ ဆောင်ရန်၊ ရှောင်ရန် အရောင် တစ်နေ့တာကံကောင်းစေသော တစ်နေ့တာလာဘ်ရွှင်ငွေဝင်စေသော Tarot အဆောင်ကတ်


ယနေ့အတွက်

အထက်လူကြီးနဲ့ အရေးကြီးကိစ္စ သွားတွေ့မယ်ဆိုရင် – အနီတောက်တောင်၊ အညိုရောင်၊ စတော်ဘယ်ရီရောင် ၊ အရောင်ရင့်ရင့် ပါတာလေး ဝတ်သွားလိုက်ပါ
ယနေ့မှာ ရောင်းရေးဝယ်ရေး၊ စာချုပ်စာတမ်း၊ အလုပ်စလုပ်မည့်သူများ၊ အင်တာဗျူးဖြေမည့်သူများ၊ ချစ်သူနဲ့သွားတွေ့မည့်သူ၊ စာမေးပွဲဖြေမည့်သူများ၊ ပုံမှန်အလုပ်သွားနေသူများအတွက် အနေနဲ့- အနီရောင် ၊စိမ်းနုရောင်၊ ပုဇွန်ဆီရောင် ဝတ်သွားလိုက်ပါ

ပရဟိတအလုပ်၊အမူ့၊ထောင်၊အချုပ် တွေသွားဖို့လိုအတွက်ဆိုရင် – အပြာရောင် ၊ ကြည်ပြာရောင်၊ အနီရောင် ပါတာလေးရွှေးဝတ်သွားလိုက်ပါ
ဘာသာရေး၊ အလှူမင်္ဂလာအတွက်ဆိုရင် – ဖက်ဖူးရောင်၊ လိမ္မော်ရောင် ၊ ရေညှိစိမ်းရောင် ပါတာလေး ရွှေးဝတ်သွားလိုက်ပါ

ယနေ့အတွက် ရှောင်ရှားရမဲ့အရောင် – နီညိုရောင်၊ ငွေရောင်

ယနေ့မွေးဖွားလာသော သားသားမီးမီးတို့ဟာ (၅ )ကြွင်း တနင်္လာ သား /သမီး အဓိပတိဖြား ဖြစ်ပါတယ်။ ယနေ့မွေးဖွားလာသော ကေလးမ်ားထဲမွ ထဲမြ ၃၀ % ဟာ နောင်အနာဂတ်မှာ ရ အောင်မြင်သော အင်ဂျင်နီရာ ကောင်း ဖြစ်လာပါမယ်။ နာမည်ပေးမှန်က ကောင်းကျိုးအပြည့်ဝရပြီး နာမည်ပေးမှားက ကောင်းကျိုး အနည်းငယ်တာခံစားရပါမယ်။
ယနေ့အတွက် အစစအရာရာ ဂရုစိုက်ရပါမယ်။ မထင်မှတ်ထားတဲ့ ပြသနာတွေ ကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမလွန်ကဲပါစေနဲ့။ အချစ်ရေးမှာ ပူဆွေးစရာသောကတွေ များနေပါမယ်။ မထင်မှတ်ထားတဲ့ ပုဂ္ဂိုလ် တွေနဲ့ ကြုံရတတ်တယ်။
တစ်နေ့တာ လာဘ်ရွှင်ငွေဝင်စေဖို့ ပြီး မျက်နှာပွင့်လန်းစေဖို့ အတွက် အဆောင်ကတ်အဖြစ် Tarot ကတ် ဖုန်းရဲ့ home Screen မွာ ဆောင်ထားလိုက်ပါနော်

ယနေ့အတွက် ကံကောင်းစေသော ဂဏန်း -4

ယနေ့အတွက် အလုပ်သစ်စလုပ်ရာမှာ အစစအရာရာအဆင်ပြေစေဖို့အတွက် အိမ်ဘုရားမှာ အုန်းထမင်း ကပ်လှူပူဇော်ပါ။

ဒီနေ့မှာတော့မိတ်ဆွေတို့ဈေးရောင်းနေသူများ၊ Online shop လုပ်နေသူများအတွက် အဆင်ပြေဈေးရောင်းကောင်စေဖို့အတွက် ဂါထာလေးမျှဝေပေးပါမယ်

ဈေးရောင်းကောင်းစေသော လာဘ်ရွှင်ဂါထာတော်
ဘဂဝါ ဣစ္ဆန္တေ သိဒ္ဓိယာ
ဣစ္ဆိတံ မဟာလာဘံ
ဒေတု မေ ဇယမင်္ဂလံ ။

ဈေးရောင်းနေရင်း တာလီမှတ်ပြီး
ယုံယုံကြည်ကြည်နဲ့ ၁၀၈ ခေါက် ရွတ်ဖတ်ပူဇော်ပါ။
နေ့စဉ် ပုံမှန်ပူဇော်ခြင်းအားဖြင့် ကံကောင်းခြင်းတွေ ရရှိပါလိမ့်မယ်။
ဂုဏ်တော်များဆိုပွားများခြင်းဟာ ကံအထောက်ပံ့ဖြစ်စေပါတယ်။
လိုအပ်သူများ အသုံးပြုနိုင်ကြပါစေ
(၇) ရက်သားသမီးအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ

ရေးသားသူ – Mya Akari Bhone Myint

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။