အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျို

Astrology

အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျိုး

၁။ နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်း
တစ်လုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော
လင်ယောက်ျားကို ရတတ်သည် ။ အိမ်ထောင်
ဆက်များတတ်သည် ။ သားယောက်ျားများ
ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည် ။

၂။ ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော် ချမ်းသာတတ်ပါသည် ။ အိုဇာတာ
ကံကောင်းမည် ။ မိမိသြဇာကို နာခံမည့်
လင်ယောက်ျားအား ရတတ်သည် ။ အလုပ်အကိုင်
မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည် ။
သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည် ။

၃။ အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း
အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည် ။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည် ။
မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည် ။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည် ။

၄။ ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည် ။ တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည် ။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း ၊
အရေးပေခြင်းကို ခံရတတ်သည် ။

၅။ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင်
လူချစ်လူခင်များတတ်သည် ။ စန်းအလွန်ပွင့်
တတ်သည် ။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည် ။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည် ။ ကံကောင်းသူ ဖြစ်တတ်ပါသည် ။

၆။ လည်ပင်းတွင် မှဲ့ရှိလျှင်
ချမ်းသာကြွယ်ဝတတ်ပါသည် ။

၇။ ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ
ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း
လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ
အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည် ။

၈။ ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်
ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည် ။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည် ။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ
ဖြစ်တတ်ပါသည် ။ ကံဆိုးတတ်ပါသည် ။

၉။ ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည် ။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည် ။သားကောင်း သမီးကောင်း ထွန်းကားတတ်သည် ။

၁၀။ မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည် ။ ကတော်မယား
ဖြစ်တတ်ပါသည် ။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည် ။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်သည်

ရေးသားသူ – Crd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။