မန္တလေးမှာ ငလျင်လှုပ်

Local News

မန္တလေးမှာ ငလျင်လှုပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးမှာ ငလျင်လှုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၀၃)နာရီ၊ (၁၆)မိနစ်၊ (၃၅)စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းရဲ့ တောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ တံတားဦးမြို့ အရှေ့ဘက် (၄)မိုင်ခန့်အကွာ ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


ငလျင်ဒဏ်ကို မန္တလေးမြို့ပေါ် နေထိုင်သူတွေ သိသိသာသာခံစားခဲ့ရကြောင်း နဲ့ အိပ်ပျော်နေသူ အချို့လန့်နိုးလာခဲ့ကြကြောင်းလည်း မန္တ‌လေးမြို့ခံတွေက ပြောပါတယ်။
နံရံကပ်တပ်ထားတဲ့ ညအိပ် မီးအိမ်လေး တစ်ပတ်လည်ပြီး ဇောက်ထိုးပြုတ်ကျသွားခဲ့တယ်လို့ မန္တ‌လေးမြို့ခံ တစ်ဦးက သူကြုံတွေရတဲ့ အတွေ့အကြုံကို ဘီဘီစီကို ပြောပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကို မသိရသေးကြောင်းနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့အချို့ကတော့ အကူအညီလိုရင် အကြောင်းကြားကြဖို့ လူမှုကွန်ရက်မှာ အသိပေးထားတာတွေ့ရကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။