Superman ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် မပါဝင်ဖြစ်တော့တဲ့ဟင်နရီ ကာဗေးလ်

Celebrity

Superman ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် မပါဝင်ဖြစ်တော့တဲ့ဟင်နရီ ကာဗေးလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Superman ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် မပါဝင်ဖြစ်တော့တဲ့ ဟင်နရီ ကာဗေးလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ဂျိမ်းစ် ဂန်နဲ့ ထုတ်လုပ်သူပီတာ ဆာဖရန်တို့ဟာ “Superman” ရုပ်ရှင်ကားအသစ်ကို ရိုက်ကူးထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ Superman ဇာတ်ကားအသစ်မှာ ဟင်နရီ ကာဗေးလ်က စူပါမန်းအဖြစ် ပါဝင်မှာမဟုတ်ပါဘူး။ အောက်တိုဘာလက သူဟာ စူပါမန်းဇာတ်ကောင်အဖြစ် ပြန်လာတော့မယ်လို့ ထုတ်ပြောခဲ့ပေမဲ့ အခုတော့ စူပါမန်းအဖြစ် ပြန်လည်ပါဝင်တော့မှာမဟုတ်ဘူးဆိုတာကို ဟင်နရီက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။


“ကျွန်‌တော် ဂျိမ်းစ်ဂန်၊ ပီတာဆာဖရန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ လူတိုင်းအတွက် ဝမ်းနည်းစရာသတင်းပါပဲ။ အဆုံးမှာတော့ ကျွန်တော် စူပါမန်းအဖြစ် ပြန်လည်ပါဝင်မှာမဟုတ်ပါဘူး။ ပြန်လာပြီလို့ အောက်တိုဘာလက ကြေညာခိုင်းခဲ့ပြီးနောက် ဒီသတင်းကို ထုတ်ပြောရတာ လွယ်ကူတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဘဝက ဒီလိုပါပဲ။ ကျွန်တော် ဒါကို လေးစားပါတယ်။ ဂျိမ်းစ်နဲ့ ပီတာတို့က Universe တစ်ခုကိုတည်ဆောက်ရမှာပါ။ သူတို့နဲ့ Universe အသစ်မှာ ပါဝင်မယ့်သူအားလုံးကို ကံကောင်းခြင်းတွေ၊ ပျော်ရွှင်မှုတွေပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ဟင်နရီ ကာဗေးလ်က ကြေညာခဲ့ပါတယ်။

DC Officially Replacing Henry Cavill as Superman
ဒါရိုက်တာ ဂျိမ်းစ် ဂန်ကလည်း ဒီသတင်းနဲ့ သူ ရေးသားနေတဲ့ Superman ဇာတ်ကားနဲ့ပတ်သက်ပြီး အနည်းအကျဉ်းကို ထုတ်ပြောခဲ့ပါတယ်။ ဒီဇာတ်ကားက စူပါမန်းဘဝရဲ့အစောပိုင်းကာလအပေါ် အာရုံစိုက်သွားမှာဖြစ်တဲ့အတွက် စူပါမန်းဇာတ်ကောင်ကို ဟင်နရီ ကာဗေးလ် သရုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
Ref: AsiaOne “Henry Cavill not returning as Superman under James Gunn and Peter Safran’s DC Studios”

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။