ဆရာကြီး မင်းသိင်္ခ ပြောတဲ့ ဂဏန်းဗေဒင် ၁ ဂဏန်းသမား အကြောင်း

Astrology
ဆရာကြီး မင်းသိင်္ခ ပြောတဲ့ ဂဏန်းဗေဒင် ၁ ဂဏန်းသမား အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆရာကြီး မင်းသိင်္ခ ပြောတဲ့ ဂဏန်းဗေဒင် ၁ ဂဏန်းသမား အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁ ဂဏန်းသမား အကြောင်း

အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက် ၁၀-ရက် ၁၉-ရက် ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘော အရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။

မူလ ဂဏန်း (၁) ရတဲ့ လူဟာ အသားအရည် က ဖြူဖတ်ဖြူရော် ရှိတတ် တယ်ကွ။ ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက် က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင် တို့ ဘာတို့ ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ ရှိတယ်။ ပြီးတော့ လူအများစုနဲ့ မနေဘဲ တစ်ကိုယ်ရေ တစ်ကာယ နေတတ်တယ်။

နောက်တစ်ခုကတော့ (၁) ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁) ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ဉာဉ်လဲရှိတယ်။

၁- ဂဏန်း သမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်။ ဘယ်လို အသက်မွေး ဝမ်းကြောင်း အလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်း သမားဟာ တဖြည်းဖြည်းနဲ့ အမြင့် ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမား အတွက် အဆောင်ဟာ ရွှေ ပဲကွ။ ရွှေ ကို ဆောင် ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။

အရောင် ဆိုရင်တော့ အဝါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်း သမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက် မျက် ရတနာ ထဲက ဆိုရင်တော့ ပယင်းတို့ ဥဿ ဖယား တို့ စိန်တို့ ဟာ ၁-ဂဏန်းသမား ဆောင်သင့်တဲ့ ကျောက်မျက် ရတနာပဲ။

ပြီးတော့ ၁-ဂဏန်းသမား အနေနဲ့ အရေးကြီးတဲ့ အလုပ်တွေ လုပ်ရင် ဘယ်လမှာပဲ ဖြစ်ဖြစ် (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက်တွေဟာ သင့်မြတ်တဲ့ ရက်တွေပဲ။

ပြီးတော့ ၁-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေဟာ နှလုံးသွေးလွှတ်ကြော နှင့် ပတ်သက်သောရောဂါ ၊ သွေးလေ မမှန်တဲ့ရောဂါတွေ ဖြစ်တတ်တယ်ကွ။၁-ဂဏန်းသမား အတွက် အကောင်းဆုံး ဆေးကတော့ ပျားရည်ပဲဟေ့။ ပျားရည် ကို စားပွဲ ဇွန်းကြီး နဲ့ ညအိပ်ယာဝင် တစ်ဇွန်း တစ်ဇွန်း သောက်သင့်တယ်

ရေးသားသူ – credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။