စီးပွားရေးဆိုင်ရာရွှေပုရပိုက်ဗေဒင်ဟောကိန်းများ

Astrology
စီးပွားရေးဆိုင်ရာရွှေပုရပိုက်ဗေဒင်ဟောကိန်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စီးပွားရေးဆိုင်ရာရွှေပုရပိုက်ဗေဒင်ဟောကိန်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာရွှေပုရပိုက်ဗေဒင်ဟောကိန်းများ

စီးပွားရေးဆိုင်ရာ ရွှေပုရပိုက်ဗေဒင်သည် ရှေးဟောင်းပုရပိုက်တွင်ပါရှိသည့် ဟောကိန်းများ ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ကံကြမ္မာအဆိုး အကောင်းများကိုအထူးပြု၍ရေးသားထား၏။

တွက်နည်းမှာ လွယ်ကူပါသည်။ မွေးနေ့၊ မွေးရက် သိရန်မလိုဘဲ ရောက်သက်ကိုသိရုံနှင့် တွက်ချက်နိုင်၏။ မိမိလျှောက်လှမ်းရမည့် ဘ၀ခရီး လမ်းတွင် ဉာဏ်ပညာကို အသုံးပြု၍ ဤဗေဒင် တွက်နည်းကို သင့်လျော်သလို လက်ကိုင်ထားသုံးစွဲ နိုင်ပါသည်။

တွက်နည်းအတွက် စာချိုးမှာ-
အသက်ကို အတည်ပြုလို့ ကိုးခုနှင့် နှောလေ မြှောက်သုံးထွေ ခုနစ်ပါး စားတော့ အနေ
၁။ မိမိ၏လက်ရှိရောက်သက်ကို ၉နှင့်ပေါင်းပါ။
၂။ ပေါင်းရကိန်းကို ၃ နှင့်မြှောက်ပါ။
၃။ မြှောက်ရကိန်းကို ၇ ဖြင့်စားပါ။
၄။ ရရှိလာသောအကြွင်းကိုကြည့်၍ သက်ဆိုင်ရာဟောကိန်းကို ဖတ်ကြည့်နိုင်ပါသည်။ အကြွင်း ၇ မျိုး ရပါမည်။

၁ ကြွင်းလျှင်- ဂဠုန်သက်ရောက်နှစ် ဟောကိန်း၊
၂ ကြွင်းလျှင်- ကျားသက်ရောက်နှစ် ဟောကိန်း၊
၃ ကြွင်းလျှင်- ခြင်္သေ့သက်ရောက်နှစ် ဟောကိန်း၊
၄ ကြွင်းလျှင်- ဆင်သက်ရောက်နှစ် ဟောကိန်း၊
၅ ကြွင်းလျှင်- ကြွက်သက်ရောက်နှစ် ဟောကိန်း၊
၆ ကြွင်းလျှင်- ပူးသက်ရောက်နှစ် ဟောကိန်း၊
၇ ၊ ၀ ကြွင်းလျှင်- နဂါးသက်ရောက်နှစ် ဟောကိန်း၊

နမူနာ တွက်ပုံ

အသက်(၅၁)နှစ်ရှိသူ တစ်ဦးကိုတွက်လိုပါက
၁။ အသက် ၅၁ + ၉= ၆၀
၂။ ၆၀ _ ၃= ၁၈၀
၃။ ၁၈၀ ၇= ၅ ကြွင်း
၄။ အကြွင်း ၅ သည် ကြွက်သက်ရောက်နှစ် ဖြစ်ပါသည်။

နမူနာ တွက်ပုံ

အသက်(၆၂)နှစ်ရှိသူ တစ်ဦးကိုတွက်လိုပါက
၁။ အသက် ၆၂ + ၉= ၇၁
၂။ ၇၁ _ ၃= ၂၁၃
၃။ ၂၁၃ ၇= ၃ ကြွင်း
၄။ အကြွင်း ၃ သည် ခြင်္သေ့သက်ရောက်နှစ် ဖြစ်ပါသည်။
(အသင့်တွက်ပြီး ဇယားကို ဖော်ပြထားပါသည်)

၁ ကြွင်း ဂဠုန်သက်ရောက်နှစ်

ဂဠုန်သက်ရောက်နှစ်တွင် လုပ်ငန်းကိုင်ငန်း များ၌ အတိုက်အခံများကြုံတွေ့ရမည်။ အခက်အခဲ များကြားမှရုန်းကန်ရမည်။ မိမိသည် ဇွဲ၊ လုံ့လ၊ ဝီရိယအကျိုး ခံစားနိုင်သည်။ လုပ်ငန်းသစ်များစတင် လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်မည်။ အိမ်သားများ၊ မိဘ၊ အကြီးအကဲများနှင့်စိတ်သဘောထား တိုက်ဆိုင်ခြင်း မရှိဘဲ ညှိနှိုင်း၍မရသောကြောင့် စိတ်ညစ်ရမည်။ စီးပွားရှာဖွေရာတွင် အလုပ်အကိုင်၌မမျှော်လင့်ဘဲ စွန့်စားခန်းများ ကြုံတွေ့ရသောကြောင့်အများအမြင် တွင် သူရဲကောင်းတစ်ဦးလို ဖြစ်နေပါမည်။

မျှော် လင့်ရန် ခက်ခဲသော စီးပွားရှာဖွေမှုတွင် စိတ်ထက် သန်ကာ အကြံအစည်များ များပြားနေမည်။ ရန်သူ ရန်ဘက်များလည်းတွေ့ရမည်ဖြစ်ရာမိမိ၏စိတ်ဓာတ် ခိုင်မာမှုကို အားစမ်းသည့် သက်ရောက်နှစ်ဖြစ်နေ မည်။ ဉာဏ်ဝီရိယနှင့် ဇွဲကောင်းလျှင် အောင်မြင်မည် ဖြစ်ရာ စိတ်ဓာတ်ခိုင်မာရန် အထူးလိုအပ်သော သက်ရောက်နှစ်ဖြစ်၏။

(အကြွင်း (၁) ရသောနှစ်တွင် စိတ်ညစ်ရမည်။ ရန်ဖြစ်တတ်သည်။ အခက်အခဲများကြုံတွေ့ရမည်။ သူများ၏ သောကများကိုလည်း ဖြေရှင်းပေးရမည်။)
#ယတြာအဖြစ် သံဃာကို ဆွမ်းကပ်ပါ။

၂ ကြွင်း ကျားသက်ရောက်နှစ်

ကျားသက်ရောက်နှစ်တွင် မိမိ၏ရည်ရွယ် ချက်များ အောင်မြင်ပါမည်။ ဘ၀အဆင့်အတန်း မြင့်မားလာမည်။ လုပ်ငန်းကိုင်ငန်း တိုးတက်လာ မည်။ ရာထူးဂုဏ်သိန်တို့နှင့်ပြည့်စုံလာသည့်မင်္ဂလာ ရှိသောနှစ်ဖြစ်ပေသည်။ ရာထူးတက်ကိန်းလည်း ကြုံနိုင်သည်။ အများ၏ချီးကျူးခြင်းခံရနိုင်သည်။

ဥစ္စာစည်းစိမ်၊ အိမ်၊ ခြံ၊ မြေ၊ ယာဉ်၊ ကားတို့ရရှိနိုင် သည်။း လုပ်ငန်းအသစ်စတင်ခြင်း၊ တိုးချဲ့ခြင်းတို့ ရှိလာနိုင်သည်။ စုတ်၊ လာဘ်ပွင့်သည့်နှစ်ဖြစ်ရာ အချစ်ရေး၊ အိမ်ထောင်ရေးများလည်း သာယာမည်။ ကြိုးစား၍ စီးပွားရှာလျှင် အကျိုးဖြစ်ထွန်းမည့်နှစ် ဖြစ်သည်။

(ရာထူးတိုးမည်။ ငွေရမည်။ စိတ်ချမ်းသာမည်။ နာမည်ကြီးမည်။ အဝတ်အစား လက်ဆောင်ရမည်။ အိမ်ထောင်ကျမည်။ စီးပွားရှာလျှင် စီးပွားဖြစ်မည်။)

၃ ကြွင်း ခြင်္သေ့သက်ရောက်နှစ်

ခြင်္သေ့သက်ရောက်နှစ်တွင် အခက်အခဲနှင့် အတိုက်အခံများကြောင့် စီးပွားရှာ လုပ်ကိုင်ရာတွင် အဆင်ပြေရန် ခဲယဉ်းမည်။ မိမိ၏လုပ်ဆောင်ချက် လွဲချော်မှုတို့ကြောင့် ထင်သလောက်မပေါက်ဘဲဖြစ် နေမည်။ ဤအသက်အပိုင်းအခြားတွင် လုပ်ငန်းများ တိုးချဲ့ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်းတို့ပြုလုပ်ရန် မသင့်ပေ။

ငွေရေးကြေးရေးတွင် စာရင်းဇယား တိတိ ကျကျ ရရှိရန်လိုသည်။မိမိနှင့်အတူစီးပွားဖက်လုပ်သူ ကို ရွေးချယ်ရာတွင် မှားယွင်းနိုင်သဖြင့် သတိရှိရှိ ရွေးချယ်ပေါင်းဖော်ပါ။ ငွေယိုဖိတ်ခြင်း၊ လေလွင့် ပျက်စီးခြင်းများကြောင့် ဆုံးရှုံးနိုင်သည်။ စိစစ်သေချာ ရန် လိုအပ်သည်။အိမ်သူအိမ်သား၊လုပ်ဖော်ကိုင်ဖက် တို့နှင့် စိတ်သဘော မတိုက်ဆိုင်ဘဲဖြစ်ရတတ်၏။

စီးပွားရေးနှင့်တိုးတက်ရေးအတွက် ငွေကြေး ရင်းနှီးမြှုပ်နှံရမည့်နှစ်လည်းဖြစ်ရာ ဆုံးဖြတ်ချက် မှန်ကန်ရန်လိုသည်။ ဒေါသရှေ့မထားမှ တန်ကာကျ မည်။ မမျှော်လင့်ဘဲ အနာရောဂါ ကပ်ငြိတတ်သ ဖြင့် ကျန်းမာရေးကို ဂရုစိုက်သင့်၏။

(စိတ်ညစ်မည်။ နေမကောင်းဖြစ်မည်။ အိုးပျက် အိမ်ပျက် ဖြစ်မည်။ တပည့်လက်သား တော်လှန်မည်။ နေထိုင်လုပ်ကိုင် စားသောက်ရတာ အဆင်မပြေတတ်ပါ။)
#ယတြာအဖြစ် ဘုရားတွင် အင်္ဂါထောင့်၌ ကုသိုလ်လုပ်ပါ။ ထီးနီ ၈ လက် လှူဒါန်းပါ။

၄ ကြွင်း ဆင်သက်ရောက်နှစ်

ဆင်သက်ရောက်နှစ်တွင် အောင်မြင်မှုများရရှိ ၍ အထွတ်အထိပ်ကို ပို့ဆောင်ပေးပေလိမ့်မည်။ အလုပ်ကို ကြိုးစားလုပ်ကိုင်ရင်းနှင့် စုတ်၊ လာဘ်ပါ ဝင်လာသောကြောင့် အံ့ဩဝမ်းသာရမည်။အထက် တန်းကျ၊ ဂုဏ်ရှိသည့်လုပ်ငန်းများ လုပ်ကိုင်ရတတ် သည်။ စာရင်းဇယားများတိကျခြင်း၊စနစ်ကျနခြင်းတို့ က သင့်အား အောင်မြင်မှုသရဖူဆောင်းစေလိမ့် မည်။ ထီဆုများပေါက်ခြင်းတို့ ကြုံရတတ်၏။

လုပ်ငန်းသစ်များ စတင်ခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းတို့ ရှိမည်။ ရရှိသော အခွင့်အလမ်းကို လက်လွတ်မခံ ဘဲ အသုံးချနိုင်ပါက ဥစ္စာဓနကြွယ်၀လာမည့် သက်ရောက်နှစ် ဖြစ်ပေသည်။
(စုတ်ရောလာဘ်ပါဝင်မည်။ ငွေဝင်မည်။ စိတ်ကို ထိန်းသိမ်းပြီး နေသွားမည်ဆိုလျှင် ဂုဏ်ရှိမည်။ ဤသို့ မထိန်းသိမ်းနိုင်ပါက နာမည်ပျက်မည်။)

၅ ကြွင်း ကြွက်သက်ရောက်နှစ်

ဤသက်ရောက်နှစ်သည် သင့်ကိုကံကောင်း စေမည့်နှစ်ဖြစ်ပါသည်။ အတွေးအခေါ်ဖြင့် အကြံ အစည်သစ်၊ ပတ်ဝန်းကျင်သစ်တို့ကြောင့် သင့်ကို အောင်မြင်မှုများ ပေးစွမ်းနိုင်မည်။ စိတ်ကူးသဘော တရားနှင့်လက်တွေ့လုပ်ရပ်တို့ မျှတမှုရှိသဖြင့် လုပ်တိုင်းဖြစ်အောင် ကံတရားကလည်း ကူညီနေ လိမ့်မည်။

ဤနှစ်တွင် လာဘ်လာဘများစွာ ရရှိနိုင် ၍ တိုးတက်လာမည်။ ဝင်ငွေကောင်းသောလုပ်ငန်း များ လုပ်ကိုင်နိုင်မည်။ ခရီးဝေး၊ နိုင်ငံရပ်ခြား ဆက်ဆံရေး၊ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး အောင်မြင်မည်။ မမျှော်လင့်သောငွေကြေးအမြောက် အမြား ရရှိခြင်း၊ ထီပေါက်ခြင်းတို့ကြုံနိုင်မည်။ စီးပွား တိုးတက်မည့်နှစ်ဖြစ်သည်။

(ငွေဝင်မည်။ ကြွေးဟောင်းမြီဟောင်းရမည်။ နာမည်ကြီးမည်။ ရာထူးရမည်။ စိတ်ချမ်းသာမည်။ လိုချင်တာရမည်။ စီးပွားတိုးတက်မည့်နှစ်ဖြစ်သည်။)

၆ ကြွင်း ပူးသက်ရောက်နှစ်

ဤသက်ရောက်နှစ်တွင် သင်၏စီးပွားရေး အခြေအနေ တိုးတက်ဖွံ့ဖြိုးလာမည်။ ကံကောင်း သောနှစ်ဖြစ်၏။ မထင်မှတ်သော ရင်းနှီးမြှုပ်နှံမှုတို့မှ အသီးအပွင့်များကို ခံစားရရှိမည်။စုတ်ကြီးလာဘ်ကြီး ဝင်နိုင်မည်။ ဥစ္စာရခြင်းအပြင် စန်းပွင့်ခြင်းတို့ကြုံနိုင် သည်။ နိုင်ငံခြားနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းကာ ဝင်ငွေများစွာရလာနိုင်သည်။

ဈေးသွားခြင်းဖြင့်လည်း အကျိုးပေး၏။အနုပညာလုပ်ငန်းနှင့်လည်းအကျိုးထူး များပေးသောနှစ်ဖြစ်ရာ အနုပညာသမားများ ဝင်ငွေ လမ်းဖြောင့်၍ ထူးကဲစွာအောင်မြင်နိုင်မည်။ ဆု တံဆိပ်များလည်း ရရှိနိုင်ပါသည်။ လုပ်ငန်းတိုးချဲ့ ခြင်း၊ အဆက်အသွယ်ကောင်းများရရှိခြင်းတို့ရှိလာပါ မည်။ အိမ်၊ ခြံ၊ မြေများ ရကိန်းရှိ၍ ဘ၀တွင်ပြည့်စုံ လာမည်။

(အကြွင်း (၆) ရသည့် သက်ရောက်နှစ်တွင် အမွေအနှစ်ရမည်။ ငွေရမည်။ ထီပေါက်မည်။ အိုးအိမ်ရမည်။ အိမ်ထောင်ကျမည်။ ပြည့်ပြည့်စုံစုံ နေရမည်။)

၇ ကြွင်း (သို့) သုညကြွင်း နဂါးသက်ရောက်နှစ်

နဂါးသက်ရောက်နှစ်တွင် ခက်ခဲမှု၊ တားဆီးမှု တို့က သင့်ကိုစိန်ခေါ်အားစမ်းလိမ့်မည်။ စီးပွားရေး ဝင်္ကဘာထဲတွင် မရေရာ မသေချာမှုများကြောင့် မျက်စိလည် လမ်းမှားနိုင်သည်။ ရန်သူမျိုးငါးပါး၏ ဒဏ်ကို သင်ကြုံတွေ့နိုင်သည်။ ဆုံးရှုံးမှုများကို ကြိုတင်ပြင်ဆင်ထားနိုင်လျှင် ကောင်းပါသည်။ ကျန်းမာရေးကြောင့်လည်း စိတ်သွားတိုင်းကိုယ် မလိုက်နိုင်ဘဲ ဖြစ်ရတတ်သည်။ ဘေးအန္တရာယ် မကင်းသော စွန့်စားရသည့်လုပ်ငန်းများ အကျိုးမပေး သဖြင့် ရှောင်ကြဉ်ရန် လိုသည်။ ဥပဒေဘောင် အတွင်းမှ စီးပွားရှာသင့်သည်။

လောင်းကစားကြောင့် အကြီးအကျယ် ရှုံးနိမ့်တတ်ပါသည်။ အောက်လက် ငယ်သား အကျိုးမပေးဘဲ အများနှင့်စုပေါင်းလုပ်ကိုင် သောအလုပ်များ ရှောင်နိုင်လျှင်ကောင်းမည်။ အမှု အခင်းဖြစ်တတ်သည်ကိုလည်း သတိပြုသင့်သည်။ လောဘတကြီးစီးပွားရှာခြင်းထက် ရှိရင်းဥစ္စာကိုသာ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းကသာ သင့် လျော်သည်။

(စိတ်ညစ်မည်။ ရည်မှန်းချက်များ ပျက်ပြားမည်။ အဆင်မပြေတတ်ပါ။ ရဟန်းသော်မှ လူထွက်ရကိန်း ဟု ဆိုသည်။)

ယတြာအဖြစ် ဘုရားတွင် စနထောင့်၌ နှင်းဆီပန်းလှူပါ။ အိမ်ဘုရားတွင် မုန့်လုံးရေပေါ် ၁၀၈ လုံးကိုလှူပါ။ သံဃာတော်များကို ဆွမ်းကပ်ပါ။

ရေးသားသူ – ညွန့်လွင် (စက်မှုတက္ကသိုလ်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။