သူတောင်းစားအမည်ခံပြီးတောင်းရသမျှ(၆)သိန်းခွဲလုံးဘုရားမှာလှူခဲ့သည့်အဖိုးမှ ဒုတိယအကြိမ်တောင်း ရသမျှ (၁၀)သိန်း ထပ်လှူပြန်

Local News

သူတောင်းစားအမည်ခံပြီးတောင်းရသမျှ(၆)သိန်းခွဲလုံးဘုရားမှာလှူခဲ့သည့်အဖိုးမှ ဒုတိယအကြိမ်တောင်း ရသမျှ (၁၀)သိန်း ထပ်လှူပြန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူတောင်းစားအမည်ခံပြီးတောင်းရသမျှ(၆)သိန်းခွဲလုံးဘုရားမှာလှူခဲ့သည့်အဖိုးမှ ဒုတိယအကြိမ်တောင်း ရသမျှ (၁၀)သိန်း ထပ်လှူပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပထမတကြိမ်တုန်းကလည်းကျွန်တော်အဖိုးအကြောင်းတင်ပေးခဲ့ဖူးပါတယ်။ (9.11.2022)ရက်နေ့က အဖိုးဟာသူတောင်းရသမျှ ငွေ (၆) သိန်း(၅)သောင်းကို မြ၀တီမြို့ရွှေမြင်း၀န်ဘုရားဘက်စုံပြုပြင် မွမ်းမံဖို့အတွက် အကုန်လှူ ပေးခဲ့ပါတယ်။


ယခု ဒုတိအကြိမ်အဖြစ် (1.12.2022)ရက်နေ့တုန်းကတောင်းရမ်းရရှိတဲ့ငွေ(၁၀)သိန်းလုံးကို မြ၀တီမြို့ ရွှေမြင်း၀န်ဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် ထပ်မံ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ နှစ်ကြိမ်ပေါင်းဆိုတော့ (၁၆) သိန်း (၅)သောင်း လှူဒါန်းထားပြီးပါပြီး။
အဖိုးနာမည်ကတော့-
ဦးတင်၀င်း
အသက် – (၇၇)နှစ် ပါ။
အဖိုးအကြောင်း ထပ်သိရတာကတော့ အဖိုးဟာ လက်ရှိ မြ၀ တီမှာ အိမ်ဌားဘဝနဲ့နေထိုင်ပြီးအဖိုးပိုင်ဆိုင်ခဲ့သည့် ခြံမြေကို ရဟန်းသံယာတော်များ သီတင်း သုံးရန် ပရိယတ္တိစာတင်တိုက်ဆောက်ဖို့ ပေးလှူခဲ့တယ်လို့ သိရပါတယ်။ မြေဧကက (၁)ဧက ကျော်ပြီးအဖိုး၀ယ်ယူတုန်းက (၈)သိန်းခွဲ ကျခဲ့ပြီး လှူခါနီးတုန်းကသိန်း(၄၀)လာပေး၀ယ်တာကို မရောင်းပဲ လှူပေးခဲ့တယ်လို့ဆိုပါတယ်။ယခုမြေစျေးနဲ့ဆို သိန်းပေါင်းမနည်းတန်မှာပါ။

 

အခုတော့ အဖိုးဟာ အိမ်ဌားဘ၀နဲ့နေပြီးသူတောင်းစား ဘ၀ ခံယူကာ နေ့စဥ်အလှူခံရရှိတဲ့ငွေများအားစုဆောင်းပြီး ဘုရားကိုသာ ပြန်လှူပေးနေတာပါ။
“မသေမချင်းလှူသွားမယ်…ကိုယ့်နောက်ပါမဲ့ပရဟိတကုသိုလ် ပဲ ယူသွားတော့မယ်လို့လဲ” အဖိုးက ဆိုပါတယ်


အဖိုးက…. ခုလိုလှူပေးနေတာ အဖိုးကို အလှူငွေ ထည့်ပေးကြတဲ့ လူအားလုံးကို ကျေးဇူးဆပ်ရာရောက်ပါတယ်။လှူပေးကြ တဲ့ အများပြည်သူအားလုံးလဲ ထပ်တူအကျိုးရကြပြီး အပယ် တံခါးပိတ်နိုင်ပါမည်ဟု အဖိုးကပြောဆိုခဲ့ပါတယ်။
သာဓု …. သာဓု …. သာဓု ပါ အဖိုးရေ

ရေးသားသူ – AUNG ZAW MYINT

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။