KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်သား ၃ ဦးthayဆုံး၊ ဒုတပ်ရင်းမှူးတစ်ဦး ဒဏ်ရာရ၊ တောင်ငူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရ ၊ အရာတော်၊ ငွေတွင်းရွာ ပျူစောထီးများlat natကြီးဖြင့် တိုက်ခိုက်ခံရ

Local News

KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်သား ၃ ဦးthayဆုံး၊ ဒုတပ်ရင်းမှူးတစ်ဦး ဒဏ်ရာရ၊ တောင်ငူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရ ၊ အရာတော်၊ ငွေတွင်းရွာ ပျူစောထီးများlat natကြီးဖြင့် တိုက်ခိုက်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်သား ၃ ဦးthayဆုံး၊ ဒုတပ်ရင်းမှူးတစ်ဦး ဒဏ်ရာရ၊ တောင်ငူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရ ၊ အရာတော်၊ ငွေတွင်းရွာ ပျူစောထီးများlat natကြီးဖြင့် တိုက်ခိုက်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဒီဇင်ဘာ ၁၆

KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးthayဆုံးခဲ့ပြီး ဒုတပ်ရင်းမှူးတစ်ဦး ဒဏ် ရာရရှိကာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာအုပ်ချုပ်ရေးမှူးခင်ဇော် ပစ်ခတ်ခံရပြီး thayဆုံးသွား ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းအဖြစ် အဓိက အသုံးပြုနေသော အုန္နဲပင်တံတား ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ lat nat ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်သား ၃ ဦးthayဆုံး၊ ဒုတပ်ရင်းမှူးတစ်ဦး ဒဏ်ရာရ

ဒီဇင်ဘာလ ၁၄ ရက်နေ့လည် ၁၁ နာရီခန့်က KNU တပ်မဟာ ၅ နယ်မြေ၊ လယ်မူပလောအကြမ်းဖက် စစ်ကောင်စီစခန်းကို အင်းအားဖြည့်ရန် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို KNLA တပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားတစ်ဦး thayဆုံးခဲ့ကြောင်း မူထြော်သတင်းစဉ် ထုတ်ပြန်ချက် အရ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်တွင်လည်း KNU တပ်မဟာ ၅ နယ်မြေအတွင်း ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲ ထားရာ နေရာများဖြစ်သော စောမူလောဒေသရှိ ဘူဆဲကျော်လိုး ၊ တာခဲဒဲဒေသ ဟော်ခီခီး၊ ကောကော့ ထာ၊ စောမူတာခိုကျိုးနေရာများကို KNLA တပ်ဖွဲ့မှ ၅ ကြိမ် ဝင်ရောက်ခိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦးthayဆုံးပြီး ဒုတပ်ရင်း မှူး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောင်ငူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရ ၊ စစ်ကောင်စီထောက်ပို့လမ်းကြောင်း တံတား တစ်ခုဖျက်ဆီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာတွင် ဒီဇင်ဘာ လ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အကြမ် ဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ခင်ဇော်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ (ပါဝါအဖွဲ့နှင့် ပူးပေါင်း အဖွဲ့တို့)က ၎င်း၏နေအိမ်၌ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဇော်ခင်သည် နေရာ၌ပင် ပွဲချင်းပြီး thayဆုံးသွားကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးခင်ဇော်သည် ဖြစ်သည် ပစ္စတိုကိုင်ဆောင်ထားပြီး သစ် ကား၊ သစ်ဖောင်နှင့် လောင်းကစားဝိုင်းများမှ ဆက်ကြေးကောက်ခံကာ စစ်ကောင် စီအား ပေးသွင်းနေ သူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်အကြီးစားဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက် ည ၈ နာရီခန့်ကအကြမ်းဖက်စစ်ကောင်စီမှ ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုနေသော ပဲခူးတိုင်း၊ ကျောက်တံမြို့နယ်၊ အနန်းဘော်ကျေးရွာ အုပ်စု၊ အုန္နဲပင်တံတားကို နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၇၀၂ မှ မိုင်းဆွဲ တိုက် ခိုက် ခဲ့ပြီး မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အရာတော်၊ ငွေတွင်းရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ lat nat ကြီးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သား၊ ပျူစောထီးများကို ဒီဇင်ဘာလ ၁၅ ရက် ညနေ ၆ နာရီခန့်က lat natကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း MMUPDF ထံမှ သိရသည်။
ငွေတွင်းကျေးရွာ၌ တပ်စွဲထားပြီး ဒေသခံပြည်သူများကို ညှင်းပန်းနေသော အကြမ်းဖက်စစ်သား ၊ပျူ စောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တာဝေးပစ် ၁၂၀ မမ၊ ၆၀ မမ ၆ လက်ဖြင့် ပစ်ခတ်ခဲ့ ရာ အကြမ်းဖက်စစ်သားများနေ ထိုင်ရာ စခန်းအတွင်းသို့ ၃ လုံးထိမှန်ခဲ့ပြီး အကြမ်းဖက်စစ် သား၊ ပျူစော ထီးများthayဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MMUPDF ၊ Ngwe Dwin Revolution Force ( NDRF) ၊ မော်ကွန်းသစ် PLA ၊ မုံရွာအဖွဲ့၊ စတားလုံး၊ Masi Naw(ငရဲမီး) ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ ၊ တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း တပ်ခွဲ ၁ ၊တပ်ခွဲ ၂ နှင့် မြင်းမူမြို့နယ် ပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။