အချစ်ရေး ဂဏန်း ဗေဒင်

Astrology

အချစ်ရေး ဂဏန်း ဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချစ်ရေး ဂဏန်း ဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချစ်ရေး ဂဏန်း ဗေဒင်

 

Happy couples: How to keep your relationship healthy
အင်္ဂလိပ်လ မည်သည့် လတွင်မဆို
(၁) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်း ပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့် ဦးနှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘဝအဖေါ်ကို ရွေးချယ်သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။ မိမိ အပေါ် နားလည် ခွင့်လွှတ်၍ ပံ့ပိုးကူညီခြင်း ရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊ လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသော ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်။

(၂) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက် မွေးသူများကို ၂ ဂဏန်းသမားများဟု ခေါ်သည်။ အချစ်နှင့် အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာ ဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာ ပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုးအတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘဝအဖေါ် ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲခြင်း ခံရတတ်သည်။ အသက် ၂၅ နှစ် မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ် ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့် ဆုံဆည်းကိန်း မရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။

(၃) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၂ ဂဏန်းသမားများဟု ခေါ်သည်။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမက ရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့သမျှကို နားလည်ခွင့်လွှတ်သောသူ၊ အနိုင်ယူရမည့် သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူတစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေးလွန်းသူ ဖြစ်သည်။

(၄) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ဂဏန်းသမားများဟု ခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ ဘဝမြင့်တင်ပေးကာမှ မိမိ၏ အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာတွင် စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။

(၅) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများဟု ခေါ်သည်။ တွေဝေ ဒွိဟ ဖြစ်တတ်သော သဘောသဘာ၀ ရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့ မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက်အကူပြု ပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့်သူ ဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာ မျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေ ဖြစ်သည်။ အလွန် စိတ်ကူးယဉ်ဆန်သော နှလုံးသား ဖြစ်သည်။

(၆) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော အယူအဆ ရှိသည်။ ချစ်ခဲ့၍ အချစ်မြဲသည်။ မိသားစု အသိုင်းအဝိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့် ဆန့်ကျင်ရန် ဝန်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိ ပေးဆပ်သလောက် ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည်။ အချစ်မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူ ဖြစ်သည်။

How to Make a Relationship Last: 14 Steps (with Pictures)

(၇) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန် အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ်လွန်လွန်ကဲကဲ စာနာ နားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင် ဆန့်ကျင် တိုက်ခိုက်ရန် ဝန်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက်သဖြင့် မချစ်တတ်သော သူဟူ၍ အထင်မှား ခံရတတ်သည်။ မိမိအား နားလည်မူရှိသူကို ဦးစားပေး ရွေးချယ်သင့်သည်။ အလွန် စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည် ဘဝလမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံ မတူသူများနှင့် မေတ္တာ မျှရတတ်သည်။

(၈) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟု ခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာ ပြည့်စုံစေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိ နှလုံးသားကို ခုတုံးလုပ်ခြင်းမျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာ နေတတ်ပြီး မနာလိုဝန်တိုခြင်း ကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ် မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သော ခံစားချက် ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာထားတတ်သည်။

(၉) ဂဏန်းသမားများ

မည်သည့် လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်းသမားများဟု ခေါ်သည်။ အလွန် အချစ်ခံလိုသည်။မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန် မျက်နှာများ၍ ရည်းစားမှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်းမြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်း ခက်ထန်သည်ဟု ထင်ရ လင့်ကစား အတွင်းစိတ်နူးခံ့၍ အပေးသမားသာ ဖြစ်သည်။

ရေးသားသူ – ဗေဒင်ဆရာမလေး အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။