ကမ္ဘာ့ဖလား ဆုချီးမြှင့်ပွဲ မက်ဆီနှင့် မက်ပေတို့ အကောင်းဆုံးဆုများရရှိ

Sports

ကမ္ဘာ့ဖလား ဆုချီးမြှင့်ပွဲ မက်ဆီနှင့် မက်ပေတို့ အကောင်းဆုံးဆုများရရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဖလား ဆုချီးမြှင့်ပွဲ မက်ဆီနှင့် မက်ပေတို့ အကောင်းဆုံးဆုများရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာနိုင်ငံတွင် ကျင်းပသည့် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဂျင်တီးနားက လက်ရှိချန်ပီယံ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးလူငယ်ကစားသမားဆုရှင်အဖြစ် အာဂျင်တီးနားအသင်းမှ ကျောက်နံပါတ် ၂၄ ဝတ်ဆင်သူ အင်ဇိုဟာနန်ဒက်ဇ်က ရရှိသွားသည်။ အကောင်းဆုံးဂိုးသမား ရွှေလက် အိတ်ဆုကို အာဂျင်တီးနားဂိုးသမား မာတီးနက်ဇ်က ရရှိသည်။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရှင်အဖြစ် ပြင်သစ်အသင်းမှာ မက်ပေက ရရှိခဲ့သည်။ ၎င်းအနေဖြင့် ပွဲစဉ်တလျှောက် ၈ ဂိုးအထိသွင်းယူခဲ့ကာ ဗိုလ်လုပွဲ၌ သုံးဂိုး (Hat-track) သွင်းယူခဲ့သည်။ ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားအဖြစ် ရွှေဘောလုံးဆုကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ရရှိသွားသည်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ဒိတ်ဒိတ်ကျဲ ဘောလုံးသမားများဖြစ်ကြ သည့် အာဂျင်တီးနားအသင်းမှ မက်ဆီနှင့် ပြင်သစ်အသင်းမှ မက်ပေတို့မှာ ယခင်ကလည်း ကမ္ဘာ့ဖလားပွဲတွင် အကောင်းဆုံးဆုများ ရရှိခဲ့ဖူးသည်။

တောင်အမေရိကတိုက်မှ အာဂျင်တီးနားအသင်းမှာ သုံးကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၇ ကြိမ်ရ နာမည်ကျော်ဘောလုံးသမား မက်ဆီအနေဖြင့် ပထမ ဆုံးအကြိမ် ကမ္ဘာ့ဖလားကိုင်မြှောင်ခွင့်ရခြင်းဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။