မန္တလေး၊ တံတားဦးအနီး ငလျင်ထပ်လှုပ်၊ အခုအပတ်အတွင်း ၅ကြိမ်မြောက်လှုပ်ခတ်မှုဖြစ်

Local News

မန္တလေး၊ တံတားဦးအနီး ငလျင်ထပ်လှုပ်၊ အခုအပတ်အတွင်း ၅ကြိမ်မြောက်လှုပ်ခတ်မှုဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေး၊ တံတားဦးအနီး ငလျင်ထပ်လှုပ်၊ အခုအပတ်အတွင်း ၅ကြိမ်မြောက်လှုပ်ခတ်မှုဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန္တလေး၊ တံတားဦးမြို့အနီး မှာ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။


ဒီနေ့မနက် ၆ နာရီခွဲကျော်အချိန်မှာ မန္တလေးမြေငလျင်စခန်းရဲ့ တောင်၊အနောက်တောင်ဘက် ၁၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း တံတားဦးမြို့ရဲ့ အရှေ့ ၊အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ မှာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတာလို့ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းကလည်း တံတားဦးမြို့အနီးမှာပဲ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်ခဲ့လို့ မန္တလေးတိုင်းအတွင်းငလျင်လှုတ်ခတ်ခဲ့လို့ မန္တလေး တိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဘုရားပုထိုးတော်တွေနဲ့ ရှေးဟောင်းအဆောက်အဦးအချို့ ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။နောက်ရက် ဒီဇင်ဘာ ၁၆ ရက် မှာလည်း တနေ့တည်းမှာ ငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့တာပါ။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။