မင်းလှနှင့် ကန့်ဘလူတို့တွင် စစ်သားနှင့်ပျူစောထီး စုဆောင်းရေးအတွက် လူငယ်များနှင့်ကလေးငယ်များကို စစ်တပ်က ပေါ်တာဆွဲ

Local News
မင်းလှနှင့် ကန့်ဘလူတို့တွင် စစ်သားနှင့်ပျူစောထီး စုဆောင်းရေးအတွက် လူငယ်များနှင့်ကလေးငယ်များကို စစ်တပ်က ပေါ်တာဆွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းလှနှင့် ကန့်ဘလူတို့တွင် စစ်သားနှင့်ပျူစောထီး စုဆောင်းရေးအတွက် လူငယ်များနှင့်ကလေးငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တို့တွင် စစ်တပ်က စစ်သားနှင့်ပျူစော ထီး များ အဖြစ် စုဆောင်းနိုင်ရေးအတွက် လူငယ်များနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ ပေါ်တာဆွဲမှုများ စတင်လုပ်ဆောင် နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်၊ စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်၍ ကျေးရွာ တစ်ရွာ လျှင် အမျိုး သား ၃ ဦး စစ်သားနှင့်ပျူစောထီးများအဖြစ် စစ်မှုထမ်းရန် ပေးအပ်ရမည်ဟု တောင်း ခံလာကြောင်း၊ အကယ်၍ မပေးနိုင်လျှင် ညပိုင်းအချိန် လမ်းပေါ်တွင် တွေ့သော လူငယ် များကို ပေါ်တာဆွဲ၍ စစ်သားနှင့်ပျူစောထီးများအဖြစ် စုဆောင်း မည်ဟု တရားဝင်ပြောဆိုကြောင်း သိရှိရသည်။

“မင်းလှမှာရှိတဲ့ ရွာတွေဆီကနေ ၁ ရွာကို အမျိုးသား ၃ ဦး တောင်းတယ်။ ရွာလူကြီးတွေကို ခေါ်ပြီး တစ်ရွာကိုယောကျ်ားလေး ၃ ယောက်ပေးဖို့ လိုက်တောင်းတာ။ ရွာလူကြီးတွေကမပေးလို့ ည ၉ နာရီ နောက်ပိုင်းလမ်းပေါ်တွေ့တဲ့သူ အကုန်ဖမ်းခေါ်မယ်။ စစ်တပ်ထဲထည့်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

အလားတူ ကန့်ဘလူမြို့နယ်တွင်လည်း သင်္ကန်းဝတ် အကြမ်းဖက် စစ်ခေါင်းဆောင် ဝါသ၀ ဦးဆောင် ၍ ကျေးရွာများထံမှ စစ်သားနှင့်ပျူစောထီးများအဖြစ် အမှုထမ်းရန် အမျိုးသားများ တစ်ရွာလျှင် ၂၀ ဦးမှ ၄၀ ဦး အထိ ပေးရမည်ဟု တောင်းခံလာကြောင်း၊ စစ်မှုထမ်းမည့် အမျိုးသားများ မရရှိလျှင် ကျေးရွာများကို မီးရှို့မည်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ဝါသ၀ ဦးဆောင်သည့် စစ်တပ်နှင့်ပျူစောထီးများက ကန့်ဘလူမြို့နယ် ကာဘိုး စံ ပြကျေးရွာတွင် တစ်အိမ်တစ်ဦး ဆင့်ခေါ်၍ ရွာလုံခြုံရေး စစ်မှုထမ်းမည့် အမျိုးသား ၂၀ ဦး ပေးရန် ဆင့်ခေါ်ကြောင်း၊ မပေး၍ မရဟု ပြောဆိုသွားကြောင်း သိရှိရသည်။

အောက်တိုဘာလမှစတင်၍ ဝါသ၀ ဦးဆောင်သော စစ်တပ်နှင့်ပျူစောထီးများက ကန့်ဘလူမြို့နယ် ၊ စံပယ်နံသာ၊ နတ်အင်း၊ နတ်ပေး၊ ဆိပ်ဖြူးမြောင်၊ မှော်တော်၊ မြေထူး၊ လိပ်ထူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ဇီးကုန်း စသည့်ဒေသများတွင် ပျူစောထီးအဖွဲ့များကို ဝါသ၀က ဦးဆောင် ဖွဲ့စည်းပေးနေကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၆၀ အတွင်း ပျူစောထီးများ စုဆောင်းသည့်အပြင် ကျေးရွာလူထုထံမှ လည်း အခွန်များ ကောက်ခံနေကြောင်း၊ စပါးတစ်ဧက စိုက်လျှင် အခွန်အဖြစ် ၁၀ တင်း ဝါသ၀ထံ ပေးသွင်းရကြောင်း၊ စစ်တပ်ထံမှ lat natတောင်း၍ ဝါသ၀က တပ်ဆင်ပေးနေကြောင်း သိရှိရသည်။

“ဦးဝါသဝက နေ့စဉ် ရွာစဉ်လှည့်ပြီး ပျူစောထီး ဖွဲ့ခိုင်း၊ အင်အားချဲ့ထွင်နေပါတယ်။ တချို့ရွာခံ တွေကလည်းအတင်းအကျပ်ဖိအားပေးဝင်ခိုင်းလို့ ဝင်ရတဲ့သူရှိသလို တချို့ကျလည်း စားဝတ်နေရေး ကျပ်တည်းလို့ ခိုးရာပါပစ္စည်းတွေကို ခွဲဝေပေးတာကိုမက်မောပြီး ပျူထဲကိုလိုလိုလားလား ဝင်တဲ့သူ တွေလည်းရှိပါတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဝါသ၀က ကျေးရွာများမှ ပြည်သူများ စစ်တပ်နှင့်ပျူစောထီးလက်အောက်ခံ lat natကိုင်အဖွဲ့ ဝင်များ ဖြစ်လာလျှင် စစ်ကြောင်းများ မလာရောက်စေရန် တာဝန်ယူသည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့။

ဝါသ၀က ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို အလှည့်ကျ ကင်းစောင့်ရမည့် အမျိုးသားများ စုဆောင်းနေသည့်အပြင် ကျေးရွာများထံမှ ဆက်ကြေးကောက်ခံကြောင်း၊ အိမ်တစ်အိမ်လျှင် အနည်း ဆုံး ငွေကျပ် ၁၀၀၀၀ မှ လုပ်ငန်း၊ လယ်များစွာ ပိုင်ဆိုင်လျှင် ငွေကျပ် သိန်းဂဏန်းနှင့် စပါး အခွန်များ ကောက်ယူကြောင်း သိရှိရသည်။
“ဝါသ၀ကတော့ ဘယ်သွားသွား ယာဉ်တန်းနဲ့။ သူ့ယာဉ်တန်းမှာ နောက်လိုက်တွေက စက်လက်တွေ၊ မောင်းပြန်တွေ စစ်တပ်က ပေးထားတာ။ တိုင်းမှူးဆိုတဲ့ပုဂ္ဂိုလ်မျိုးအထိ ဝါသ၀က သူပိုင်တယ် ဆိုတာ မျိုး ရွာမှာ ဟောပြောသွားတယ်။ သူတို့စစ်တပ်မှာ လေယာဉ်တွေလည်းရှိတယ်၊ ရဟတ် ယာဉ်တွေ လည်းရှိတယ်။ သူတို့ ဩဇာခံရင် ဘယ်သူ့မှ ကြောက်ဖို့မလိုဘူး။ PDF ဆိုတာ ဘာသာ သာသနာကို ဖျက်ဆီးနေတာမျိုး ပြောသွားတယ်။ တကယ်လို့ သူတို့ ဩဇာမခံရင်တော့ ရွာရပ်တည်ရေး အာမ မခံ ဘူး။ လူငယ်တွေရှိရင်လည်း ပေးခိုင်းတယ်။ အသက်မပြည့်လည်းရတယ်ပြောတယ်။ စစ်မှုထမ်း ဖို့အတွက်” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဝါသ၀ ဦးဆောင်သော စစ်တပ်နှင့်ပျူစောထီးများက ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့ နယ်ဘက် သို့ ခြေဆန့်ရန် ပြင်ဆင်နေသော်လည်း ကျွန်းလှနှင့် တန့်ဆည်ဘက်တွင် PDF များအား ကောင်းသည့်အတွက် မလာရဲဘဲ ဖြစ်နေကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။