ခရစ္စမတ်နေ့နှင့်ယူကရိန်း

International News Local News

ခရစ္စမတ်နေ့နှင့်ယူကရိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရစ္စမတ်နေ့နှင့်ယူကရိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းရှေ့တန်းတနေရာက ယူကရိန်းစစ်သားတွေ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့က ခရစ္စမတ်ညစာစားနေကြပုံတွေကို ယူကရိန်းစစ်တပ်ပြန်ကြားရေးက ဖြန့်ဝေလိုက်တာဖြစ်ပါတယ်။

ယူကရိန်း သမ္မတဗလော်ဒီမီယဇလန်းစကီးကတော့ ရုရှားကို အံတုပြီး တဦးနဲ့တဦ ထွေးပွေ့ရင်း ခရစ္စမတ်အခါသမယကို ဖြတ်သန်းကြဖို့ ခရစ်စမတ် အကြိုညမှာပဲ ပြောကြားခဲ့တာပါ။

ရုရှားက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် လျှပ်စစ်ဓာတ် ပြတ်လပ်နေတဲ့ ယူကရိန်းပြည်သူတွေဟာ ဆောင်းတွင်းအအေးဒဏ်ကို အပူဓာတ်မရဘဲ ရင်ဆိုင်ရင်း ခရစ္စမတ်ကို ဖြတ်သန်းနေကြရပါတယ်။ ယူကရိန်းအများစုဟာ ရှေးရိုးစွဲ ရုရှားတွေလိုပဲ ခရစ္စမတ်ကို ဇန်နဝါရီလ ၇ ရက်နေ့မှာ အစဉ်အလာအားဖြင့် ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ရုရှားကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတကာက ခရစ်ယာန်ဘာသာဝင်တွေနည်းတူ ဒီဇင်ဘာလ ၂၅ နေ့မှာ ခရစ္စမတ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

ရေးသားသူ – VOA Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။