အစ္စရေး သို့မဟုတ် ဒီနေ့ခေတ် မြန်မာစစ်တပ်ဖြစ်လာဖို့ အဓိက ဗိသုကာ

International News
အစ္စရေး သို့မဟုတ် ဒီနေ့ခေတ် မြန်မာစစ်တပ်ဖြစ်လာဖို့ အဓိက ဗိသုကာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေး သို့မဟုတ် ဒီနေ့ခေတ် မြန်မာစစ်တပ်ဖြစ်လာဖို့ အဓိက ဗိသုကာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေး သို့မဟုတ် ဒီနေ့ခေတ် မြန်မာစစ်တပ်ဖြစ်လာဖို့ အဓိက ဗိသုကာ

အစ္စရေး ဝန်ကြီးချုပ် ဘဲန်-ဂူရွန် နဲ့ အိမ်စောင့် အစိုးရ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာ စစ်တပ်ဟာ ဆယ်စုနှစ် အဆက်ဆက် အစ္စရေးဆီက စစ်lat natပစ္စည်းတွေ၊ သင်တန်းတွေ ဘယ်လောက် အတိုင်းအတာမျိုးထိ ရရှိခဲ့သလဲ ဆိုတာကို ဖော်ပြနေတဲ့ တရားဝင် စာရွက်စာတမ်းတွေ အစ္စရေး နိုင်ငံထဲ ထွက်ပေါ် လာပါတယ်။

အရင်တုန်းက လျှို့ဝှက် ကန့်သတ် အဆင့် ထားခဲ့ရာကနေ အခုအခါမှာတော့ အများပြည်သူ သိနိုင်ခွင့် ရှိတဲ့ စာရွက်စာတမ်းတွေ အဖြစ် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက လျှော့ချ ခွင့်ပြု ပေးခဲ့တာတွေထဲ မြန်မာနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီ စာရွက်စာတမ်းတွေကနေ တဆင့် မြန်မာ စစ်အစိုးရတွေနဲ့ အစ္စရေးအစိုးရတွေ အဆက်ဆက်ကြားက ဆက်ဆံရေး သမိုင်းကြောင်းကို ပိုမိုသိရှိ လာနိုင်ပြီး၊ အထူးသဖြင့် ၁၉၅၀ ပြည့်ကျော် နှစ်တွေကစလို့ ၁၉၈၀ ပြည့်ကျော်နှစ်တွေ အထိ နှစ်နိုင်ငံကြား ဆက်ဆံရေး နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဖြစ်ပါတယ်။

အဲဒီ ဆယ်စုနှစ် ၄ ခု နီးပါး ကာလတွေ အတွင်း အစ္စရေး အစိုးရတွေဟာ မြန်မာ စစ်တပ်ကို စစ်lat natတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တပ်ဆင်ပေးတာ၊ စစ်ဘက်ဆိုင်ရာ သင်တန်း အမျိုးမျိုး လေ့ကျင့် သင်ကြားပေးတာတွေ တောက်လျှောက် ပြုလုပ်ခဲ့ကြတာ ဖြစ်တယ် ဆိုပြီး အခု ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေကို လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်ထားတဲ့ အစ္စရေး သတင်းစာ ဟားရက်ဇ် Haaretz က ရေးပါတယ်။

၁၉၅၀ ပြည့်ကျော် ပြည်တွင်းစစ်ကာလ မြန်မာအစိုးရစစ်တပ်

စီးပွားဘက် အဖြစ် သဘောထား

အစ္စရေး အစိုးရ အဆက်ဆက်ဟာ ကြမ်းကြုတ်တဲ့ မြန်မာ စစ်အာဏာပိုင်တွေကို စီးပွားဘက်တွေ အဖြစ် သဘောထားခဲ့ကြပြီး၊ စစ်တပ်အောက်က မြန်မာပြည်ကိုလည်း သူတို့ရဲ့ စီးပွားရေး အခွင့်အလမ်း/ အခွင့်ကောင်း အဖြစ်သာ အသုံးချခဲ့ကြတာ ဖြစ်တယ်လို့ ဟားရက်ဇ် သတင်းစာက ဝေဖန်ပါတယ်။

အခု သိရှိလာရတဲ့ စာရွက်စာတမ်းတွေ အရ မြန်မာ စစ်တပ် လက်ရှိ အနေအထားထိ ရောက်လာအောင် ဆယ်စုနှစ်များစွာ အဆင့်ဆင့် ပြုစု ပျိူးထောင် တည်ဆောက်ပေး ခဲ့ကြသူတွေထဲ အစ္စရေး ပါဝင်နေခဲ့တယ် ဆိုတဲ့ အချက်ဟာ သိသာ ထင်ရှားလှတယ်လို့ ဟားရက်ဇ် က ဆိုပါတယ်။

မြန်မာပြည်ဟာ ၁၉၅၀ ပြည့်ကျော် နှောင်းပိုင်းနှစ်တွေက စလို့ နိုင်ငံရေးထဲ စစ်တပ်က စွက်ဖက် လွှမ်းမိုးမှု စတင်လာခဲ့ပြီး၊ ၁၉၆၀ ပြည့်ကျော် ကနေဦးနှစ်တွေမှာပဲ စစ်အာဏာ သိမ်းခံရပြီးတဲ့နောက် စစ်တပ်ရဲ့ နာမည် အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဆယ်စုနှစ်များစွာ အတွင်း တောက်လျှောက် ပေါ်ပေါက် နေခဲ့တဲ့ ပြည်တွင်းစစ်မှာ မြန်မာ စစ်တပ်ဟာ လူမျိုးစု ဒေသတွေမှာ ရက်စက် ကြမ်းကြုတ်စွာ ပြုမူ ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ အစီရင်ခံစာတွေ၊ ပြစ်တင် ရှုတ်ချမှုတွေ ရှိနေခဲ့ပါတယ်။

ခေတ်အဆက်ဆက် လူမဆန်မှုတွေ ကျူးလွန် ခဲ့တာက အစ မျက်မှောက် ကာလမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ လူမျိုးတုန်း thetဖြတ်မှု နိုင်ငံတကာ စွဲချက်တွေနဲ့ ရင်ဆိုင် နေရပြီ ဖြစ်တဲ့ မြန်မာ စစ်တပ်ကို ဒီကနေ့ ခေတ် အနေအထားထိ ရောက်လာ စေခဲ့တဲ့ လက်သည်တွေထဲ အစ္စရေးဟာ ထိပ်တန်း နေရာမှာ ရှိခဲ့တယ်လို့ ဟားရက်ဇ် သတင်းစာက ဆိုပါတယ်။

အာရှတိုင်းပြည်တွေထဲ မြန်မာပြည်ကို ဦးစားပေး ရောက်လာခဲ့သူ ဘဲန်-ဂူရွန်

မြန်မာကို အသုံးချဖို့ ဘယ်လောက် စောစောကတည်းက စိတ်ဝင်စားခဲ့လဲ

မြန်မာ ပြည်တွင်းက ဆိုးရွားနေတဲ့ ပကတိ အနေအထားတွေကို သိရက်နဲ့ lat natရောင်းလို့ ကောင်းတဲ့ ဖောက်သည် အဖြစ်သာ အစ္စရေးက သဘောထားခဲ့ကြောင်း သိသာ ထင်ရှားစေတဲ့ စာရွက်စာတမ်း သက်သေတွေ အများကြီးပဲလို့ ဟားရက်ဇ်က ထောက်ပြပါတယ်။

မြန်မာပြည်တွင်း ဆိုးရွား နေတဲ့ အခြေအနေတွေကို တွက်ဆပြီး စီးပွားရေး အခွင့်ကောင်း အဖြစ် အစ္စရေးက သဘောထားခဲ့တာ ဘယ်လောက် စောသလဲ ဆိုရင် ၁၉၅၂ ခုနှစ် အဲဒီ အချိန်က အစ္စရေး ဝန်ကြီးချုပ် ဒါဗိ(ဒ) ဘဲန်-ဂူရွန် David Ben-Gurion ဆီ နိုင်ငံခြားရေး ဌာနက ကြေးနန်းကနေ တဆင့် ပေးပို့တဲ့ အစီရင်ခံစာကို ကြည့်ရင် သိသာတယ်လို့ ဟားရက်ဇ်က ဥပမာပေးပါတယ်။

ဟားရက်ဇ် ရည်ညွှန်းတဲ့ ကြေးနန်းစာဟာ ၁၉၅၂၊ စက်တင်ဘာလတုန်းက ကြေးနန်းစာ ဖြစ်ပြီး အဲဒီ အချိန် မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် အခြေအနေ အကြောင်း ဝန်ကြီးချုပ် ဘဲန်-ဂူရွန် ကို အစီရင်ခံတာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံထဲမှာ လူ ၃ သောင်း လောက်အထိ အthayအပျောက်၊ အထိအခိုက် ရှိလာခဲ့ရပြီ ဖြစ်ပြီး၊ အစိုးရ ဘတ်ဂျက်ရဲ့ ၅၅ ရာခိုင်နှုန်းထိအောင် ကာကွယ်ရေး အတွက် အသုံးပြု နေရတယ် ဆိုတဲ့ အချက်ကို အဆိုပါ ကြေးနန်းစာထဲ ဖော်ပြထားပါတယ်။

ဘဲန်-ဂူရွန်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်း

မြန်မာဆီက အပြန်အလှန်ရတဲ့ နိုင်ငံခြားရေး ထောက်ခံမှု

အဲဒီ အချိန် မြန်မာ အစိုးရ စစ်တပ်ကို အကူအညီ ပေးရင် အပြန်အလှန် ရရှိနိုင်တဲ့ နိုင်ငံခြားရေး ဆိုင်ရာ အကျိုးအမြတ်တွေကိုလည်း အစ္စရေး ဘက်က တွက်ချက်နေခဲ့တယ်လို့ ဟားရက်ဇ်က ဆိုပါတယ်။

အဲဒီ အချိန်ဟာ အစ္စရေးနိုင်ငံ ထူထောင်ပြီးစ အစောပိုင်းနှစ်တွေ ဖြစ်တဲ့ အတွက် နိုင်ငံတကာ မျက်နှာစာမှာ အစ္စရေးအပေါ် ထောက်ခံမယ့် နိုင်ငံတွေကို ရှာဖွေ နေရချိန် ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာ စစ်တပ်ကို lat nat ထောက်ပံ့ ပေးခြင်းနဲ့ အစ္စရေး အပေါ် ထောက်ခံသမှု ပြုပေးခြင်း နှစ်ခုတို့ အပြန်အလှန် ဖလှယ်ခဲ့တာမျိုးနဲ့ မြန်မာစစ်တပ်ကို ပေးတဲ့ အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ စတင်လာခဲ့တာ ဖြစ်တယ်လို့ ဟားရက်ဇ်က ကောက်ချက်ချပါတယ်။

“သူတို့က ပေးသမျှ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေကို မြန်မာစစ်တပ်ဟာ ပြည်ပရန် ကာကွယ်ရေး အတွက် ဘယ်တုန်းကမှ ရည်ရွယ်ခဲ့တာ မဟုတ်ပဲ၊ တိုင်းပြည်တွင်း နေထိုင်သူတွေ အပေါ် ပြုမူတဲ့ စစ်ပွဲတွေ အတွက်သာ အသုံးချဖို့ သက်သက် ဖြစ်ကြောင်း အစ္စရေး အာဏာပိုင်တွေဟာ သိရက်နဲ့ပဲ ဆက်လက် ထောက်ပံ့ နေခဲ့တာ ဖြစ်တယ်” လို့ ဟားရက်ဇ် သတင်းစာရဲ့ အထူး ဆောင်းပါးထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင်၊ အဲဒီ အနှစ် ၄၀ ဝန်းကျင် ကာလတွေမှာ မြန်မာပြည်ကို စစ်lat nat ပစ္စည်း ရောင်းချခြင်း အတွက် ကန့်ကွက်သံရယ်လို့လည်း အစ္စရေး အစိုးရတွေ၊ ပါလီမန်တွေထဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့လည်း ဟားရက်ဇ်က ဆိုပါတယ်။

ဝန်ကြီးချုပ်ဦးနုနဲ့ မိုရှေဒါယန်

lat nat အပုံလိုက် ပေးဖို့ သဘောတူမှု

တခါ၊ ၁၉၅၄ မတ်လ မှာလည်း အဲဒီအချိန်က အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဝေါ်လ်တာ ယိုက်ထန် Walter Eytan က အစ္စရေး စစ်သေနာပတိချုပ် မိုရှေ ဒါယန်းထံကို စာတစ်စောင် ပေးပို့ခဲ့တာမှာ အဲဒီစာထဲ … “မြန်မာပြည်ဟာ အာရှတိုက်မှာ ဆိုရင် အစ္စရေးအတွက် သစ္စာ အရှိဆုံး နိုင်ငံ ဖြစ်တယ်။ ဒါ့အပြင် အစ္စရေး စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား ဆက်ဆံရေး ခိုင်မြဲဖို့ဟာလည်း အင်မတန် မရှိမဖြစ် အရေးပါလှပြီး၊ သံတမန်ရေး ကဏ္ဍအတွက်လည်း အရေးကြီးလှတယ်” လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် အဲဒီ အချိန်က အစ္စရေး အာဏာပိုင်တွေ တွက်ဆ ထားခဲ့သလို ပြည်တွင်းစစ်တိုက်နေတဲ့ မြန်မာ စစ်တပ်ကို lat nat တွေ အကူအညီတွေ ပေးခြင်းအားဖြင့် နိုင်ငံတကာ သံတမန် မျက်နှာစာမှာ မြန်မာရဲ့ ထောက်ခံမှုကို ပြန်ရနိုင်ခဲ့တယ် ဆိုတဲ့ အချက် ပေါ် လွင် နေပါတယ်။

ဝေါ်လ်တာ ယိုက်ထန် က မိုရှေဒါယန်ကို စာရေးရတဲ့ အကြောင်းကတော့ မြန်မာစစ်တပ်က တောင်းဆိုနေတာတွေကို ဆက်လက် ဖြည့်ဆည်းပေးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

အဲဒီ စာထဲမှာပဲ … ဘယ်လို အတိအကျ ရေးထားသလဲ ဆိုရင် “လက်ရှိ နှစ်နိုင်ငံကြား ဆက်နွယ်ချက်တွေအရ မြန်မာ စစ်တပ်ဘက်က တောင်းဆိုချက်တွေကို ငြင်းပယ်လို့ မဖြစ်နိုင်ဘူးလို့ ကျွန်ုအနေနဲ့ ပြောလိုတယ်” ဆိုပြီး ပါဝင်ပါတယ်။

နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ သဘောတူမှုတွေထဲ မြန်မာကို အစ္စရေးက တိုက်လေယာဥ်ပျံ အစင်း ၃၀ အပါအဝင် lat nat ကျည် ခဲယမ်းမီးကျောက် အမြောက်အများနဲ့ နေပန်ဗုံးလို့ အသိများတဲ့ ပြင်းထန် ဆိုးရွားတဲ့ မီးလောင် ဗုံး အလုံးရေး တစ်ထောင့်ငါးရာ၊ ရိုင်ဖယ် thayနတ်ပြောင်း သုံးသောင်း၊ ထောင်ချီတဲ့ မော်တာစိန်ပြောင်းကျည်တွေနဲ့ အတူ စစ်စခန်း​ ယာယီတဲ ထိုးတဲ့ ပစ္စည်းတွေ က အစ လေထီးတွေ အထိ စစ်ဘက် ဆိုင်ရာ ပစ္စည်း အမျိုးမျိုးတွေ ပေးဖို့ ဆိုတာ ပါဝင်ပါတယ်။

ဒါ့အပြင် အစ္စရေး ကျွမ်းကျင်သူ ပညာရှင်တွေ မြန်မာပြည်ကို စေလွှတ်ပြီး သင်တန်းတွေ ပေးတာမျိုး၊ မြန်မာ စစ်အရာရှိတွေကို အစ္စရေးကို ခေါ်ယူပြီး အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက် စစ် အခြေစိုက် စခန်းတွေမှာ နေရာချလို့ မွမ်းမံ သင်တန်း အဆင့်မြင့် သင်တန်းတွေ ပို့ချ ပေးတဲ့ အစီအစဥ်တွေလည်း နှစ်နိုင်ငံကြား ရှိခဲ့ပါတယ်။

မြန်မာ စစ်တပ်နဲ့ကြား ပူးပေါင်း ဆက်ဆံရေး ကနေ တဆင့် အစ္စရေးဟာ ပင်လယ် ရေကြောင်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားနဲ့ ဆောက်လုပ်ရေးတို့လို ကဏ္ဍ အမျိုးစုံမှာလည်း မြန်မာပြည်ထဲ လုပ်ဆောင် နေခဲ့တယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေး ကဏ္ဍမှာလည်း နှစ်နိုင်ငံကြား အဆက်အစပ် ရှိနေခဲ့တာကို လက်ဆုပ်လက်ကိုင် ပြောလို့ ရနိုင်တဲ့ စာရွက်စာတမ်းတွေကိုလည်း တွေ့ရတယ်လို့ ဟားရက်ဇ်က ဆိုပါတယ်။

ဟားရက်ဇ် ကောက်နှုတ်ပြောဆိုတဲ့ စာတစ်စောင်က ဆိုရင် ၁၉၈၂ နှစ်ဆန်းပိုင်း ဇန်နဝါရီမှာ အစ္စရေး မော့ဆက် ထောက်လှမ်းရေး အဖွဲ့ရဲ့ အာရှပိုင်း ဒါရိုက်တာ ကာလ်မဲန် အင်နာက ရေးတဲ့ စာတစ်စောင်ထဲ နှစ်နိုင်ငံ ထောက်လှမ်းရေးတွေကြား အဆက်အသွယ် အချိတ်အဆက် ပြုလုပ် ထားရှိဖို့ အစ္စရေးဘက်က စိတ်ဝင်စားတယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အစ္စရေးလုပ် စစ်lat nat ပစ္စည်းတွေ အခုထက်ထိ သုံးနေဆဲ

လက်ရှိ အစ္စရေး နိုင်ငံရဲ့ ရပ်တည်မှု

၂၀၁၇ မှာတော့ ရိုဟင်ဂျာတွေ သိန်းပေါင်းများစွာ တိုင်းပြည်ကနေ အစုလိုက် အပြုံလိုက် ထွက်ပြေးရတဲ့ အထိ မြန်မာပြည်ထဲမှာ ပေါ်ပေါက်လာခဲ့အပြီး၊ ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ် ကျူးလွန် ထားတာတွေဟာ လူမျိုးတုန်း thetဖြတ်မှု အထိ မြောက်တယ်ဆိုတဲ့ နိုင်ငံတကာ အရေးယူ ကိုင်တွယ်မှုတွေ နောက်ဆက်တွဲ ပေါ်ပေါက် လာခဲ့ပါတယ်။

ရိုဟင်ဂျာ အကျပ်အတည်း ပေါ်ပေါက်လာပြီးနောက်ပိုင်း မြန်မာကို lat nat တင်သွင်းမှ ရပ်ဆိုင်းဖို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ၂၀၁၇ နှောင်းပိုင်းမှာပဲ ထွက်ပေါ် လာပါတယ်။

ဒါပေမယ့် နောက်ပိုင်း နှစ်တွေမှာ အစ္စရေး နိုင်ငံထဲ ပြုလုပ်တဲ့ lat nat ပြပွဲတွေကို မြန်မာ စစ်တပ်ဘက်က ကိုယ်စားလှယ်တွေ လာရောက် တက်တာမျိုး ဆက်ရှိနေသေးတဲ့ အချက် ပေါ်ထွက် လာပြန်ပါတယ်။

ဒီနောက် ပြည်တွင်း ဝေဖန်မှုတွေ ကြီးမားခဲ့ပြန်ပြီး အဲဒီလိုမျိုး နောက် မဖြစ်ရလေအောင် အစ္စရေး အစိုးရဘက်က မြန်မာ စစ်တပ် ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့် ပြုတော့မှာ မဟုတ်တော့ဘူး ဆိုတဲ့ အချက် ၂၀၁၉ မှာ ပေါ်ထွက်လာခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ၊ ရိုဟင်ဂျာ အရေးရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု အဖြစ် အစ္စရေး အနေနဲ့ ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းတွေကို မြန်မာဆီ တင်ပို့မှု ရပ်ဆိုင်းလိုက်တာ အခုဆိုရင် ၅ နှစ် ဝန်းကျင် ရှိပြီလို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့် ဟားရက်ဇ်က လက်ရှိ ညမေးခွန်း ထုတ်နေတာကတော့ အရင် ဆယ်စုနှစ်များစွာ ထောက်ပံ့ ပေးခဲ့တဲ့ အစ္စရေးရဲ့ စစ်lat nat ပစ္စည်းတွေကို မြန်မာ စစ်တပ်က အခု အချိန်ထိအောင် အသုံးချနေဆဲ ဖြစ်နိုင်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အစ္စရေး အနေနဲ့ စစ်lat natပစ္စည်း ရောင်းချရာမှာ နိုင်ငံတကာ စာချုပ်စာတမ်းတွေ ကတိကဝတ်တွေကို ပိုမိုလိုက်နာဖို့၊ နိုင်ငံတကာ သဘောတူမှု စာချုပ်တွေမှာ ဝင်ရောက် လက်မှတ်ရေးထိုးဖို့ စတဲ့ မူဝါဒ ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဆောင်လာအောင် ဟားရက်ဇ်က ထောက်ပြ ဝေဖန်နေတာ ဖြစ်ပါတယ်။

အစ္စရေးဟာ ကမ္ဘာပေါ်မှာ lat nat တင်ပို့ ရောင်းချမှု အကြီးမားဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်နေပမယ့်၊ lat nat ကုန်သွယ်မှု ဆိုင်ရာ နိုင်ငံတကာ စာချုပ်ထဲ ဝင်ရောက် မထားပါဘူး။ အနောက်အုပ်စု ဒီမိုကရေစီ နိုင်ငံ အများစုဟာ အဲဒီ စာချုပ် အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြပါတယ်။

အစ္စရေးဟာ lat nat ကြားပွဲစားတွေကို ထိန်းချုပ် စောင့်ကြည့် ရေးမှာလည်း အင်မတန် လျော့လျဲလွန်းလှပြီး၊ lat nat အရောင်းအဝယ် ဆိုင်ရာ ငွေကြေး အဝင်အထွက် တွေ ကအစ သတင်း အချက်အလက်တွေ အပေါ် စိစစ် စောင့်ကြည့်ရေး ယန္တရား ဖော်ဆောင် ဖို့လည်း ပျက်ကွက် နေတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ အစ္စရေးလုပ် စစ်lat nat ပစ္စည်းတွေကို ပွဲစားလုပ် ကြားခံ ရောင်းပေးသူတွေဟာ အစ္စရေး စစ်တပ်ထဲ ရာထူးကြီးကြီးမားမားနဲ့ တာဝန် ယူခဲ့ကြဖူးသူတွေ ဖြစ်လို့ပဲ ဆိုပြီး ဟားရက်ဇ်က ဝေဖန်ပါတယ်။

ဟားရက်ဇ် အဓိက ပြောနေတာကတော့ စိစစ် စောင့်ကြည့်ရေး ယန္တရား မရှိတဲ့ အတွက် မြန်မာ နိုင်ငံလို လူ့အခွင့်အရေး အခြေအနေ ဆိုးရွား နေတဲ့ နိုင်ငံတွေ၊ စစ်တပ်က တိုင်းသူပြည်သားတွေ အပေါ် ပြန်လည် တိုက်ခိုက်နေတဲ့ နေရာတွေမှာ အစ္စရေး ထုတ် စစ်lat nat ပစ္စည်းတွေ ဘယ်လောက် ပါဝင် ပတ်သက်နေလည်း၊ လက်ရှိ အစ္စရေး ကုမ္ပဏီတွေ မြန်မာ စစ်တပ်နဲ့ ဆက်ဆံနေကြလား စတဲ့ အချက်အလက်တွေကို အစ္စရေး နိုင်ငံသားတွေ ရေရေရာရာ သိရှိနိုင်ဖို့ ခက်လှတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက် အပြုအမူတွေ အမြန်ဆုံး အဆုံးသတ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ၂၀၂၁ ဇွန်လထဲမှာ ဆုံးဖြတ်ချက် ချမှတ် ခဲ့တာမှာ အဲဒီ ဆုံးဖြတ်ချက် မြန်မာနိုင်ငံထဲ lat nat တွေ မစီးဝင်ရေး ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံမှာ မဲခွဲခဲ့ကြတာ ဖြစ်ပြီး ဘေလာရုဇ် တစ်နိုင်ငံကပဲ ကန့်ကွက်မဲ့ ထည့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ကို ကန့်ကွက်ပြီး lat nat မရောင်းဖို့ ဆုံးဖြတ်ချက်ဟာ ထောက်ခံမဲ ၁၁၉ မဲ အပြတ်အသတ် အတည်ပြုနိုင် ခဲ့တာမှာ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ နိုင်ငံတွေထဲ အစ္စရေးလည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။