အင်ဒိုနီးရှားကမ်းခြေတစ်ခုမှာ ရိုဟင်ဂျာတွေပါတဲ့ လှေကို ဒေသခံတွေကယ်ဆယ်ခဲ့ အင်ဒိုအစိုးရ က အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

International News Local News

အင်ဒိုနီးရှားကမ်းခြေတစ်ခုမှာ ရိုဟင်ဂျာတွေပါတဲ့ လှေကို ဒေသခံတွေကယ်ဆယ်ခဲ့
အင်ဒိုအစိုးရ က အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အင်ဒိုနီးရှားကမ်းခြေတစ်ခုမှာ ရိုဟင်ဂျာတွေပါတဲ့ လှေကို ဒေသခံတွေကယ်ဆယ်ခဲ့ အင်ဒိုအစိုးရ က အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစာရေစာပြတ်လပ်ပြီးအားနည်းနေတဲ့ ရိုဟင်ဂျာ ၅၈ယောက်ပါတဲ့ လှေအငယ်စားတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က အင်ဒရာပတ်ထရာ ကမ်းခြေကို မနေ့ ဒီဇင်ဘာ ၂၅ရက်က ကမ်းကပ်လာလို့ ဒေသခံရွာသားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။

ဒေသခံရွာသားတွေရဲ့ အပြောအရ သစ်သားလှေပေါ်မှာ မွတ်ဆလင်အမျိုးသားတွေပါလာတာကိုတွေ့လို့ သူတို့ကို ကုန်းပေါ်‌ရောက်အောင် ကူညီပေးပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့တာလို့ဆိုပါတယ်။

“ သူတို့ မှာဆာလောင်မှုနဲ့ ရေဓာတ်ခန်းခြောက်မှုကြောင့် အလွန်အားနည်းနေပုံရပါတယ်။ သူတို့ထဲက တချို့က ပင်လယ်ပြင်မှာ ကြာရှည်စွာနဲ့ ပြင်းထန်စွာ ခရီးထွက်လာရလို့ ဖျားနာနေကြတယ်” လို့ အာချေးဘီဆာခရိုင်ကရဲတာဝန်ရှိသူက ပြောပါတယ်။

ကယ်ဆယ်ပြီးနောက် သူတို့ထဲက အနည်းဆုံး ၃ယောက်ကို ဆေးကုသမှုပေးခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေထံက နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ ကယ်ဆယ်ခဲ့သူတွေကို အစာ‌နဲ့ ရေလို အာဟာရကျွေးမွေးတာတွေလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့သတင်းတွေကဖော်ပြပါတယ်။

လက်ရှိမှာ လှေပေါ်ပါ ရိုဟင်ဂျာ တွေကို အင်ဒိုနီးရှားအစိုးရက ကူညီကယ်ဆယ်ရေး လုပ်ထားပေးပြီးနောက် အင်ဒိုရှိ ကုလသမဂ္ဂရုံး နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လက်ခံစောင့်ရှောက်ထားမယ်လို့ နားလည်ရကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက သူနဲ့အဆက်အသွယ်ရရှိထားချက်တွေကို ကိုးကားကာ ဘီဘီစီကိုပြောပြပါတယ်။

ဒီဇင်ဘာ ၂၄ရက်ကပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တောင်အာရှ ဌာနရဲ့ တွစ်တာမှာ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလမှာထွက်ခွာလာပြီး၊ ပင်လယ်ပြင်မှာ သီတင်းပတ်တွေနဲ့ချီ မျောနေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ထက်မနည်းဟာ အဆက်အသွယ်ပြတ်တောက်နေလို့ အခုအခါ thayဆုံးသွားလောက်ပြီလို့ ရေးသားထားပါတယ်။

ပင်လယ်ထဲဖြတ်နိုင်တဲ့အထိ ခိုင်ခန့်မှုမရှိတဲ့ စက်လှေငယ်ပျောက်ဆုံးနေပြီးပင်လယ်ပြင်မှာ နစ်မြုပ်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေကို ကိုးကားပြီး ပြောဆိုထားတာပါ။

အခု အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က ကမ်းခြေမှာ ကယ်ဆယ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ‌ပျောက်ဆုံးနေတဲ့ လှေပေါ်ပါအဖွဲ့ လား တခြား တစ်ဖွဲ့လားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

UNHCR ရဲ့ အခုလအစောပိုင်းက ပြောကြားချက်တွေအရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးဖို့ကြိုးစားသူအရေအတွက်ဟာသိသိသာသာတိုးလာပြီး ၊ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်း အသက်စွန့်ရနိုင်တဲ့အထိ အန္တရာယ်များတဲ့ ရေကြောင်းခရီးနဲ့ ထွက်ခွာသူဟာ ၁၉၂၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် ၆ ဆလောက်မြင့်တက်ခဲ့တဲ့ အခြေအနေပါ။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။