မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ခဲ့ရတဲ့ ဂျန်နာ အော်တီဂါ

Celebrity International News
မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ခဲ့ရတဲ့ ဂျန်နာ အော်တီဂါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ခဲ့ရတဲ့ ဂျန်နာ အော်တီဂါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ခဲ့ရတဲ့ ဂျန်နာ အော်တီဂါ

Wednesday ဇာတ်ကောင်မင်းသမီး အသက် ၂၀ အရွယ် ဂျန်နာ အော်တီဂါဟာ မကြာသေးခင်က အသက် ၆၀ အရွယ် မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီသတင်းက လုံးဝမှားယွင်းတယ်ဆိုတာကို ဂျန်နာက သူ့ရဲ့အင်စတာဂရမ် Story မှာ ရေးသားငြင်းဆိုခဲ့ပါတယ်။ “ဒါဟာ ရယ်တောင်မရယ်နိုင်တော့လောက်အောင် အရမ်းအခြေအမြစ်မရှိပါဘူး။ ကျွန်မရဲ့ဘဝမှာ ဂျွန်နီဒက်ပ်နဲ့ တစ်ခါမှ မဆုံခဲ့ဖူးသလို အလုပ်လည်း တွဲမလုပ်ခဲ့ဖူးပါဘူး။ ကျေးဇူးပြုပြီး အလိမ်အညာတွေဖြန့်နေတာ ရပ်တန့်ပေးပါ”တဲ့။

ဂျွန်နီဒက်ပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း ဒီကောလဟာလသတင်းကို အခုလို ရှင်းလင်းပေးခဲ့ပါတယ်။ “မစ္စတာဒက်ပ်က မစ္စအော်တီဂါနဲ့ ပုဂ္ဂိုလ်ရေးအရာရော၊ အလုပ်သဘောအရပါ ပတ်သက်တဲ့ ဆက်ဆံရေးမရှိပါဘူး။ သူ့ကို တစ်ခါမှမတွေ့ဖူးသလို စကားလည်းမပြောဖူးပါဘူး။ သူပါတဲ့ ဇာတ်ကားတွေမှာလည်း မစ္စတာဒက်ပ် မပါဝင်ထားပါဘူး။ မစ္စတာဒက်ပ်ရဲ့ဂုဏ်သိက္ခာနဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေဖို့ ရည်ရွယ်တဲ့ အခြေအမြစ်မရှိ ဆိုးရွားတဲ့ ကောလဟာလတွေကြောင့် သူ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်”

DeuxMoi အမည်ရတဲ့ Hollywood Gossip အကောင့်က ဂျွန်နီဒက်ပ်နဲ့ ဂျန်နာအော်တီဂါတို့ကို အတူတူမြင်တွေ့ခဲ့ရပြီး Beetlejuice 2 မှာ အတူပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ အခုလိုကောလဟာလသတင်းထွက်ရှိခဲ့ရတာပါ။ Beetlejuice 2 ဇာတ်ကားမှာ ဂျွန်နီဒက်ပ် ပါဝင်မှာမဟုတ်ဘဲ ဂျန်နာအော်တီဂါပဲ ပါဝင်မှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။