အီရန်ဘောလုံးဂန္ထဝင် အလီဒါယီရဲ့မိသားစု အီရန်နိုင်ငံမှ ထွက်ခွာခွင့်ပိတ်ပင်ခံရ

Celebrity

အီရန်ဘောလုံးဂန္ထဝင် အလီဒါယီရဲ့မိသားစု အီရန်နိုင်ငံမှ ထွက်ခွာခွင့်ပိတ်ပင်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီရန်ဘောလုံးဂန္ထဝင် အလီဒါယီရဲ့မိသားစု အီရန်နိုင်ငံမှ ထွက်ခွာခွင့်ပိတ်ပင်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ အကျော်ကြားဆုံး ဘောလုံးသမားဖြစ်တဲ့ အလီဒါယီရဲ့ဇနီးနဲ့ သမီးဟာ နိုင်ငံထဲကနေ ထွက်ခွာခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ အလီဒါယီဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ထောက်ခံအားပေးခဲ့သူပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သူ့မိသားစုက အလီဒါယီရှိရာ ဒူဘိုင်းမြို့ကို သွားရောက်ဖို့ တီဟီရန်မြို့ကနေ ထွက်ခွာခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီလေယာဉ်ဟာ ကစ်ရှ်ကျွန်းမှာ ဆင်းသက်ခဲ့ပြီး အလီဒါယီရဲ့ဇနီးနဲ့ သမီးကို လေယာဉ်ပေါ်က ဆင်းခိုင်းခဲ့ပါတယ်။ သူတို့ကို လေယာဉ်ပေါ်က ဘာကြောင့် ဆင်းခိုင်းခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကိုလည်း ရှင်းမပြခဲ့ကြပါဘူး။ အဲဒီနောက် သူတို့ကို တီဟီရန်မြို့ထံ ပြန်ပို့ခဲ့ကြတာပါ။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ခေါင်းစည်းပုဝါကို မတော်တရော် ဝတ်ဆင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အီရန်-ကာ့ဒ်နွယ်ဖွား အမျိုးသမီး မာဆာအမီနီ thayဆုံးခဲ့တာနဲ့ပတ်သက်ပြီး အခုနောက်ဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဆန္ဒပြပွဲတွေမှာ ကလေးငယ် ၆၉ ယောက် အပါအဝင် ဆန္ဒပြသူ ၅၀၀ ကျော် thayဆုံးခဲ့ပြီး လူထောင်ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အီရန်လုံခြုံရေးအဖွဲ့ဝင် ဒါဇင်ချီ thayဆုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိတဲ့ အလီဒါယီဟာ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တစ်ဝိုက်က အီရန်လက်ရွေးစင်အသင်းမှာ ကစားပေးခဲ့သူဖြစ်ပြီး ၁၀၉ ဂိုး(ယခင်စံချိန်ဟောင်း ဖြစ်)အထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။