မိုးကုတ်၊ ကျောက်မျက်လုပ်ငန်းခွင်မှာ ကျင်းပြိုလို့ အမျိုးသားတစ်ဦးthayဆုံး

Local News

မိုးကုတ်၊ ကျောက်မျက်လုပ်ငန်းခွင်မှာ ကျင်းပြိုလို့ အမျိုးသားတစ်ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုးကုတ်၊ ကျောက်မျက်လုပ်ငန်းခွင်မှာ ကျင်းပြိုလို့ အမျိုးသားတစ်ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ကတုတ်ကျောက်မျက်လုပ်ငန်းခွင်ထဲမှာ ဒီဇင်ဘာ ၂၆ရက်နေ့က အနက် ၈၀ ပေ အကျယ် ၄ပေရှိတဲ့ ကျင်းပြိုကျမှုမှာ ကျောက်ရှာဖွေတဲ့အမျိုးသားတစ်ဦး thayဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအသင်းတွေထံကသိရပါတယ်။

ဒီဇင်ဘာ ၂၆ရက်နေ့၊ နေ့လည် ၁၂နာရီ ၀၅ မိနစ်အချိန်မှာ လုပ်ငန်းခွင်အတွင်း ကျင်းပြိုကျမှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။ ကျင်းပြိုကျတဲ့နေရာက ပတ္တမြားအပါအဝင် ကျောက်မျက်တူးဖော်တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

ကျင်းပြိုကျရာနေရာကို ကူညီကယ်ဆယ်ရေးအဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ မိုးကုတ်အရံမီးသတ်တပ်ဖွဲ့ တို့က ရှာဖွေကယ်ဆယ်မှုတွေကို လုပ်ဆောင်ခဲ့ချိန် အဲဒီအမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ် ပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီအမျိုးသားရုပ်အလောင်းကို မိုးကုတ်ဆေးရုံကြီးကို လူမှုကူညီရေးအသင်းတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

thayဆုံးသူအမျိုးသားရဲ့ ပတ်သက်တဲ့အကြောင်းအရာနဲ့ ကျင်းပြိုကျမှုဖြစ်စဥ်အပါအဝင် ဆက်စပ်အကြောင်း အရာတွေကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမယ့် သီးခြားသိရှိရမှုမရှိသေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။