(၁.၁.၂၀၂၃) မှ (၈.၁.၂၀၂၃) အထိ တစ်ပါတ်စာဟောစာတမ်း။

Astrology

(၁.၁.၂၀၂၃) မှ (၈.၁.၂၀၂၃) အထိ တစ်ပါတ်စာဟောစာတမ်း။

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၁.၁.၂၀၂၃) မှ (၈.၁.၂၀၂၃) အထိ တစ်ပါတ်စာဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်သစ်မှာ စိတ်သစ် ၊ လူသစ်နဲ့ ကြီးပွားချမ်းသာပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျတဲ့ ဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ၇ရက်သားသမီးများအတွက် ၂၀၂၃ ခုနှစ် နှစ်သစ်အတွက် ဟောစာတမ်းကို ကြိုတင်ဟောကြားပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးတွေကတော့

စီးပွားရေး

ပြည်ပကုန်သွယ်ခြင်းလုပ်ငန်း၊ပြည်ပနှင့်ဆက်သွယ်သော လုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်းများ ကံကောင်းပါသည်။ ရေနံ နှင့် သဘာဝဓါတ်ငွေလုပ်ငန်းများကတော့ အေးနေတတ်ပါတယ်။ ငွေကြေးအခက်အခဲဖြစ်တတ်ပြီး အထူးသဖြင့် အိမ်၊ခြံ၊မြေသမားများ ငွေကုန်၊လူပန်းဖြစ်တတ်သည်။

ကျန်းမာရေး

ခေါင်းကိုက်ခြင်း၊ ကျောရိုးနှင့်ဆိုင်သောရောဂါ၊ ခါးနာ ခြင်း၊အရိုးနှင့် ဆိုင်သောရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။

အချစ်ရေးအနေနှင့် ကံအညံ့ဘက်ပါနေ လိမ့်မည်။ စာကားပြောမှားရာမှချစ်သူ နှစ်ဦးကွဲကွာတတ်သည်။ အိမ်ထောင်သည်များလည်း စာကားအမှားအတွက် စိတ်သောက ရောက်ရတတ်သည်။

ပညာရေး

ပညာရေးအနေနှင့် လျှို့ဝှက်အပ်သော ရှေးခေတ်ပညာ တစ်ခုခုကို လေ့လာပါ၊ ကံကောင်းပါလိမ့်မည်။

အထွေထွေ

ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ မိမိလုပ်ကိုင် တာဝန်ယူရသော ကိစ္စတွင် စာရွက်စာတမ်းပျောက်ဆုံးတတ်သည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၅။၉

ယတွာ။ ။ ၊ ငှက်(၆)ကောင်လွတ်ပေးပါ

တနင်္လာ သားသမီးတွေကတော့

စီးပွားရေး

ပွဲရုံလုပ်ငန်းများ၊ကောက်ပဲသီးနှံလုပ်ငန်းများ၊စိုက်ပျိုးရေး လုပ်ငန်းများ ကောင်းပါသည်။ ကျောက်ထုတ်လုပ်ရေး၊ စက်ရုံလုပ်ငန်း နှင့် အထည်ချုပ်လုပ်ငန်း၊အဝတ်အထည်လုပ်ငန်းများ အညံ့တွင်ရှိနေ သဖြင့် သတိထားလုပ်ကိုင်ရမည်၊ ငွေကြေးအခက်အခဲဖြစ်တတ်သည်။

ကျန်းမာရေး

အစာအိမ်ရောဂါကြောင့် ဆေးရုံး၊ဆေးခန်းပြရသည့် အခြေအနေအထိ ဖြစ်မည်၊ ဆေးစားလည်း မှန်တတ်သည့်အချိန်ဖြစ် မည်။သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။

အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် ချစ် သော်လည်း တစ်နယ်စီဝေးကွာနေရတတ်သည်။ ချစ်သူမရသေး သူများ ယခုတစ်ပါတ်အတွင်း နှစ်ကြိမ်၊နှစ်ခါ အဖြေတောင်းပါ။ အိမ်ထောင်သည်များ အေးစက်နေတတ်သည်။

ပညာရေး

ပညာရေးအနေနှင့် အင်ဂျင်နီယာဆိုင်ရာစာမေးပွဲများ အတွက် ပြင်ဆင်နေသူများ သေချာလုပ်ကိုင်ရန်ဖြစ်သည်။ စာမေးပွဲ တွင် အခက်အခဲကြုံရတတ်သည်။

အထွေထွေ

ယခုတစ်ပါတ်အတွင်း အစိုးရဝန်ထမ်းများ အထက်အောက်ဆက်ဆံရေး သတိပြုပါ။

အကျိုးပေးဂဏန်း – ၄ ၇ ၊ ၉။

ယတွာ- လမ်းသွားလမ်းလာ အသက်ကြီးသူတစ်ဦးကို ငွေလှူပေးပါ။

အင်္ဂါသားသမီးတွေကတော့

စီးပွားရေး

တောင်သူလုပ်ငန်း၊ လယ်ယာနှင့်ဆိုင်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမား ကောင်းပါသည်။ အထူးသဖြင့် စိုက်ပျိုးရေး နှင့်ဆိုင်သော ပစ္စည်းများ ရောင်းချသည့်သူများ စီးပွားဖြစ်တတ်သည်။ သနပ်ခါးပင်စိုက်ပျိုးသူများ အမြတ်များမည်။ ချေငွေယူမိပါက ပြန် ဆပ်ရန်ခက်ခဲမည်၊ ပြန်မဆပ်နိုင်ဖြစ်တတ်ပါသည်။

ကျန်းမာရေး

ခြေ၊လက်တို့တွင် ထိခိုက်မိတတ်သည်၊ မျက်လုံးတွင် အနာတရာဖြစ်တတ်သည်၊ ကျောက်ခဲ့စ၊သံစတို့ ထိမှန်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး

အချစ်ရေးအနေနှင့် အထူး သတိထားရ ပါလိမ့်မည်။ ကြားလူသွေးထိုးသဖြင့် ဘာမဟုတ်သည့်ကိစ္စကြောင့် ချစ်သူနှစ်ဦး အထင်လွဲပြီး ဝေးကွာတတ်သည်။ အိမ်ထောင်ရေး ကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် စာရင်းအင်းပညာကို လေ့လာပါ။

အထွေထွေ

ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်းနေပြီး အထက်လူကြီး ကြည်ဖြူနေမည်။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၇။

ယတွာ – အင်္ဂါနေ့တွင် ရဟန်းတစ်ပါကို တတ်နိုင်သလောက် ငွေလှူ ပေးပါ။

ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်

စီးပွားရေး

ရေသန့်၊ရေခဲလုပ်ငန်း၊ ရေနှင့်ပါတ်သက်သည့် ။ စားသောက်ကုန်လုပ်ငန်းများ၊ဆက်သွယ်ရေးနှင့်ဆိုင်သော ကွန်ပျူတာ၊တယ်လီဖုန်း စသည့်လျှပ်စစ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခြင်း၊ ရောင်ချခြင်းများ အထူးကံကောင်းပါသည်။ သတိပြုရ မည့်အချက်မှာ ကျောက်မျက်ရတနာ တူဖော်ခြင်းလုပ်ငန်းများ ညံ့ ပါသည်။

ကျန်းမာရေး

အသဲနှင့်ဆိုင်သော ရောဂါရှင်များ ယခုတစ်ပါတ် အတွင် သတိပြုပါ၊ ဆေးမှန်ရန်အထူးလိုအပ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။

အချစ်ရေးအနေနှင့် ကံကောင်း သော်လည်း အလွန်စိတ်ကောက်တတ်သည့် ချစ်သူကိုတွေ့နေ လိမ့်မည်။ အိမ်ထောင်ဘက်များအနေနှင့် စီးပွားရေးနောက်ကို လိုက် နေသဖြင့် အိမ်ထောင်ရေးအခြေအနေအေးစက်နေတတ်သည်။ အိမ်ထောင်ရေးမသာမယာဖြစ်နေမည်။

ပညာရေး

ပညာရေးအနေနှင့် လက်မှု ပညာတစ်ခုခုကို သေချာ လေ့လာထားရန်လိုပါသည်။

အထွေထွေ

ယခုတစ်ပါတ်အတွင်း နိုင်ငံဝန်ထမ်းများအနေနှင့် ရာထူးမတက်ဘဲ နေရာပြောင်းရတတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခေါင်းကိုက်ရောဂါ ရတတ်သည်။ အချစ်ရေးတွင် ကံကောင်းနေတတ်သည်။ စီးပွားရေး တွင် စားသောက်ကုန်နှင့်ဆိုင်သောလုပ်ငန်းကို ဦးစားပေးသင့်ပါ တယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၆ ၊ ၈။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ငှက်(သို့) ငါးများကို လွတ်ပေးပါ။

ကြာသာပတေး သားသမီးတွေကတော့

စီးပွားရေး

စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူများ ကံကောင်း သောကာလဖြစ်သည်၊ အထူးသဖြင့် ကုန်ခြောက်သမားများ မြတ်စံန်း မည်။ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းများ၊ ငွေလွဲလုပ်ငန်းများ၊ ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများ၊ စတော့၊ငွေတိုက်စာချုပ် စသည့် လုပ်ငန်းများအနည်းငယ်ညံ့သည်။ ယခုကာလအတွင်း ဆောက်လုပ် ရေးလုပ်ငန်း လုပ်ဆောင်နေသူဖြစ်ပါက ယာယီနားနေသည်က ကောင်းပါသည်။

ကျန်းမာရေး

နှလုံးရောဂါဖြစ်နေသူများ ဒီတစ်ပါတ်အတွင်း သတိထားပါ။ သွေးချို၊ဆီးချို၊သွေးတိုးရောဂါရှိသူများလည်း အထူး သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး

အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည် များလည်း အဆင်ပြေနေမည်။အိမ်ခွဲနေရတတ်သည်။

ပညာရေး

အလုပ်စာမေးပွဲ၊ရာထူးတိုးစာမေးပွဲအတွက် ပြင်ဆင်နေ သူဖြစ်ပါက အာရုံစိုက်ပြီး သေချာလုပ်ပါ။

အထွေထွေ

ဝန်ထမ်းများ ယခုတစ်ပါတ်အတွင်း ရာထူးဆိုင်ရာ သင်တန်းတစ်ခု တက်ရပါလိမ့်မည်။ မိမိအထက်လူကြီးကို အကြောင်းပြုပြီး ငွေဝင်မည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၉။

ယတြာ – ကြာသာပတေးနေ့တွင် ဘုရားတွင် သန့်ရှင်းရေးလုပ်ပါ

သောကြာသားသမီးတွေကတော့

စီးပွားရေး

ဆောက်လုပ်ရေးလုပ်ငန်း၊အိမ်တွင်းအလှဆင်နှင့် အိမ် တွင် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်း၊ ရေပိုက်လုပ်ငန်းများ ကောင်း ပါသည်။ ဆောက်လုပ်ရေးပစ္စည်း ရောင်ဝယ်ခြင်းလည်း အထူး ကောင်းပါသည်။ ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲရှိမည်၊ ငွေ ကြေကိစ္စအတွက် သတိထားရမည့် အခြေအနေဖြစ်သည်။

ကျန်းမာရေး

ဦးခေါင်းနှင့်သက်ဆိုင်သော ရောဂါတစ်ခုရတတ်သည်၊ အထူးသတိထားရမည်၊ ဥဏှောက်တွင်းသွေးရိုခြင်းအထိ ဖြစ် နိုင်သည်။

အချစ်ရေး/အိမ်ထောင်ရေး

အချစ်ရေးအနေနှင့် ကံတရားက မိမိ ဘက်မပါဘဲ ဖြစ်နေမည်။ ချစ်သူအနေနှင့် မိမိအား အကဲခတ်နေ ကြောင်း သတိပြုပါ။ အိမ်ထောင်ရေးသမားများအနေနှင့် အဆင်ပြေ မည့်ကာလဖြစ် သည်။အပျော်ခရီးထွက်ရတတ်သည်။

ပညာရေး

ပညာရေးအနေနှင့် နိုင်ငံခြားဘာသာတစ်ခုခုကိုလိုက်စား ပါ

အထွေထွေ

ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် မိမိနှင့် ဌာနတူ သူငယ်ချင်းတစ်ဦးကြောင့် စိတ်သောကရောက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၃ ၊ ၉။

ယတြာ – သောကြာနေ့တွင် သက်ကြီးလူအိုများကို ဆေးကုသိုလ်ပြုပါ

စနေသားသမီးတို့သည်

စီးပွားရေး

စားသောက်ဆိုင်လုပ်ငန်း၊ အစားအသောက်လုပ်ငန်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းမည့်အချိန် ဖြစ်သည်။ အစုအစပ်လုပ်ငန်းများ အနည်းငယ် စိတ်သောကရောက်ရ မည်။အထူးသဖြင့် ၊ငွေချေးလုပ်ငန်းများ၊ စုကြေးမဲလုပ်ကိုင်သူများ အနေဖြင့်ငွေကြေခက်ခဲသွားတတ်ပါသည်။သတိထားရန်မှာ အစုအစပ်လုပ်ငန်းကို အကြောင်းပြုပြီး မိတ်ပျက်တတ်သည်။

ကျန်းမာရေး

ဦးခေါင်း၊မျက်စိနှင့် ဆိုင်သော ရောဂါဝေဒနာများရရှိ တတ်သည်။အမျိုးသမီးများ သွေးနှင့်ဆိုင်သော ရောဂါလည်း ဖြစ် တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး

အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ။ ချစ်သူနှင့်ပါက်သက်သော မိဘတို့က သဘောတူမည်။အိမ်ထောင်ပြု ရန် ရက်ရွေးရလိမ့်မည်၊ အိမ်ထောင်သည်များအနေနှင့် ဘာသာရေး ဆိုင်ရာ ခရီးသွားရမည်။

ပညာရေး

ပညာရေးအနေနှင့် စားရင်းကိုင်နှင့် ကွန်ပျူတာဘာသာ ကို သေချာလေ့လာပါ၊ ဘဝအတွက် အကျိုးဖြစ်လိမ့်မည်။

အထွေထွေ

ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်း ပါသည်။လက်နက်ကိုင်ဝန်ထမ်းများ မိမိလက်နက်ကို သေချာသတိပြု ပါ၊ ပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၃။၄။၀ ၊

ယတြာ – နွမ်းပါးသူကို အဝတ်အထည်လှူပါ။

ရေးသားသူ –ဒိဗ္ဗ စက္ခု

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။