IC အဖွဲ့ဝင် အဆိုတော်လေးဖြူရဲ့ ပရိသတ်တွေအတွက် လေးဖြူရဲ့ဘဝဇာတ်ကြောင်း

Celebrity Local News
IC အဖွဲ့ဝင် အဆိုတော်လေးဖြူရဲ့ ပရိသတ်တွေအတွက် လေးဖြူရဲ့ဘဝဇာတ်ကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ IC အဖွဲ့ဝင် အဆိုတော်လေးဖြူရဲ့ ပရိသတ်တွေအတွက် လေးဖြူရဲ့ဘဝဇာတ်ကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

IC အဖွဲ့ဝင် အဆိုတော်လေးဖြူရဲ့ ပရိသတ်တွေအတွက် လေးဖြူရဲ့ဘဝဇာတ်ကြောင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ ပရိတ်သတ်တွေမသိသေးတဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးRockerကြီးကိုလေးဖြူရဲ့ ဘဝအကြောင်းကို အခု လို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်။ ကိုလေးဖြူ ကိုယ်ရေးအကျဉ်း မသိ သူများအတွက် မြန်မာပြည်ရဲ့Rockerကြီးတစ်ဦးအကျော်ကြားဆုံးအဆိုတော် တစ်ယောက် ၊ သူရဲ့နာမည်ကတော့ လေးဖြူ ပဲ ဖြစ်သည်၊ သူ၏ music album ကန္တာရလမင်း ဖြင့် အောင်မြင်မှုကို ရရှိခဲ့သူလည်း ဖြစ်သည် ။ လေးဖြူ ကို ၁၉ ရက် မေလ ၁၉၆၅ ခုနှစ်တွင်ရှမ်းပြည်နယ်-အင်းလေးတွင် မွေးဖွားခဲ့သည် ။ အဆိုတော် အငဲ သည် သူနှင့် ညီအစ်ကို တော်စပ်သည် ။ လေးဖြူသည် မန္တလေး တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ ဖြင့် ဘွဲရရှိထားသူ တစ်ဦးလည်းဖြစ်သည် ။ တက္ကသိုလ်တွင် ဝိုင်ဝိုင်းနှင် တွေ့ဆုံခဲ့သည် ။

သူသည် Iron Cross Music Band နှင့် ချိတ်ဆက်ခဲ့သည် ။ ထို Musie Band သည် ကျော်ကြားသော ကရင် Guitar Player စောဘွဲ့မှူး ခေါင်းဆောင် တည်ထောင်သော Band ဖြစ်သည် ။ စောဘွဲ့မှူး ကွယ်လွန်ပြီးနောက် ချစ်စမ်း မောင်မှ Guitar Player အား ဆက်ခံခဲ့သည် ။ နောက်ပိုင်းတွင် အငဲ ၊ မျိုးကြီး နှ ။ င့် ဝိုင်ဝိုင်း စသည့် နာမည်ကြီး အဆိုတော်များ ထို Music Band တွင် ပါဝင်လာ ခဲ့သည် ။လေးဖြူ ၏ အနုပညာ ခရီးလမ်းမှာ ဤသို့ ဖြစ်လေသည် ။ သူဟာ သူ့ရဲ့ ပထမဦးဆုံး Roek Music Album ဖြစ်တဲ့ “ ကန္တာရ လမင်း ” ဖြင့် အောင်မြင် ခဲ့သူ တစ်ဦးဖြစ်သည် ။

ထိုအချိန်က သူ၏ သီချင်းများသည် Nazareth , Metallica , Van Halen , Scorpion, Dream Theatre နှင့် Bon Jovi တို့၏ သီချင်းများကို ကော်ပီ လုပ်ကာ သီဆိုထားခြင်း ဖြစ်သည် ။ နောက်ပိုင်းတွင်တော့ လေးဖြူ သည် ကိုယ့် ကိုယ်ကို ယုံကြည်မှု ရှိလာခဲ့ပြီး ကိုယ်ပိုင် သံစဉ် သီချင်းများကို ဖန်တီး သီဆိုလာခဲ့ သည် ။ လေးဖြူသည် မြန်မာ နိုင်ငံ၏ ဂီတလောကအား နိုးထလာစေသူ တစ်ဦး လည်း ဖြစ်သည်။လေးဖြူသည်ဇနီးသည်နွယ်နွယ်သန်းနှင့်အတူနေထိုင်လျက်ရှိပြီး သားသမီး နှစ်ဦး ထွန်းကားသည် ။ သမီးကြီး၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ် ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည် ။

လေးဖြူ ၏ ထွက်ရှိပြီးသမျှ Music Albumများမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ကန္တာရလမင်း/ပင်လယ်အော်သံ/ကန္တာရပင်လယ် လမင်းအော်သံ (
Live )/ဂီတ /ပါဝါ ၅၄/ကမ္ဘာသစ်တေး/ကျိန်စာ/သားကောင်/အိပ်မက်ကဗျာ လိပ်ပြာမံမီများ/ခဏလေးများ/ဘင်္ဂလားပင်လယ်အော် ( BOB )ဒိုင်ယာရီ မြို့ တို့ဖြစ်သည်။
ထို့အပြင်တစ်ခြားအဆိုတော်များနှင့်လည်းပူးတွဲကာသီဆိုထားသော သီချင်းများလည်း အမြောက်အမြား ရှိလေသည်။ ဆိုပြီးတော့ ရေးသားဖော်ပြ ထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ ဖော်ပြပေး လိုက်ရပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။