၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

( ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ အကယ်၍ မျက်စိနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက သက်သာရာ ရရှိပါလိမ့်မယ်။ ကောင်းမွန် မှန်ကန်သော စောင့်ရှောက်မှုတို့ဖြင့် မိမိ၏ ကျန်းမာရေးကို ထိန်းသိမ်းပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ‌ဝင်ငွေ အားကောင်းကာ ချမ်းသာမှု တိုးတက်စေနိုင်ပါမယ်။ အကယ်၍ ဆွေမျိုး သို့မဟုတ် နီးစပ်သူ တစ်ဦးဦးနှင့် စီးပွားရေး မိတ်ဖက်လုပ်နေပါက အရေးကြီးသော ဆုံးဖြတ်ချက် ချမှတ်ရတတ်ပါတယ်။ ဤကာလအတွင် ပစ္စည်းဥစ္စာ ပျောက်ဆုံးနိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။

မိသားစု ပတ်ဝန်းကျင်အတွင် ပျော်ရွှင်မှုတို့နှင့် အတူတူ အချိန်ကုန်ဆုံးနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်‌ ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ သို့သော် ကိုယ်လက်ကြံ့ခိုင်မှု ရှိစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေး အရ ကံတရား ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ အတိတ် ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ ရရှိလာသော အခွင့်အရေးများကို အကျိုးရှိရှိ အသုံးချပါ။

မိသားစုအတွင်း သဘောထား ကွဲလွဲမှုတို့ကြောင့် စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းထက် စိတ်ရှည်ရှည်ထားပေးပါ။

မေထုန်ရာသီခွင် – Gemini ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကြောင့် ပင်းပန်းနွမ်းနယ် နေနိုင်ပါမယ်။ အရာရာကို အလိုမကျကာ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် အလုံအလောက် အနားယူပေးပါ။ တရားထိုင်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် သတိထားပေး ရပါမယ်။ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ မိမိလုပ်နိုင်စွမ်းထက် ပို၍ တွန်းအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ရင်းနှီးမှုပ်နှံမှုများ ပြုလုပ်လိုပါက အနည်းငယ် သတိထားပေးရပါမယ်။

မိမိ ပတ်ဝန်းကျင်ရှိ လူများ အထူးသဖြင့် မိသားစုဝင်များ၏ အပြုအမူကြောင့် ယခုတစ်ပတ်တွင် အနည်းငယ် စိတ်မကောင်း ဖြစ်နေနိုင်ပါမယ်။ စိတ်ဖိစီးမှုများ မြင့်မားကာ စိတ်အားငယ်နေတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( December 25 to December 31 )
===============================================

 

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ယခင်ထက် ပိုမိုတိုးတက်လာပါမယ်။ သို့သော် တခါတရံ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဝေဒနာအချို့ ခံစားရတတ်ပါတယ်။

ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် ဤကာလအတွင်း သတိထားပေး ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ခြင်းကို ရှောင်ကြဉ်ပါ။ ရန်အနှောင့်အယက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေပါမယ်။ ချစ်ခြင်းမေတ္တာအရ ကံတရားသည် ညံဖျင်းနေတတ်ပါတယ်။ ချစ်သူနှစ်ဦးကြား စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းကြောင့် ပြဿနာများ ပိုမို ကြိးထွားလာနိုင်သည်ကို သတိပြုပါ။

ကန်ရာသီခွင် – Virgo ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်မာရေး ကောင်းမွန်စေရန် မိမိကိုယ်တိုင် ကြိုးစားပေးရပါမယ်။ အလုံအလောက် အနားယူပေးပါ။ ကျန်းမာရေးနှင့်အညီ အစားအစာများကို အချိန်မှန် စားသုံးပေးပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ပိုမိုကောင်းမွန်လာပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးအမြတ် ရရှိတတ်ပါတယ်။ ငွေကြေး တိုးတက်ကာ စုဆောင်းမှုများကိုပါ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော အငွေ့အသက်များကို မြင်တွေ့ရပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။

တူရာသီခွင် – Libra ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ယုံကြည်မှု အပြည့်ဖြင့် အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ‌ကံတရား ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ယခင် ကြုံတွေ့နေရသော ငွေကြေး အခက်အခဲများမှ လွတ်မြောက်နိုင်ပါမယ်။ ဒါ့အပြင် အတိုင်းအတာ တစ်ခုအထိ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။ အကယ်၍ ဥပဒေရေးရာ ပြဿနာများနှင့် ရင်ဆိုင်နေရပါက ယခုအပတ်တွင် အလေးသာမှု ရရှိနိုင်ပါမယ်။ သို့သော် ကိစ္စရပ်များကို စိတ်အေးအေးထား ဆုံးဖြတ်ပေးပါ။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်မှုများ ရှိနေပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သုံးစွဲးခြင်းကို ရှောင်ကြဉ်ပေးပါ။ စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။

ငွေရေးကြေးရေးအရ ကောင်းမွန်သော အနေအထားတွင် ရှိနေပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း သာလွန်သော အမြတ်အစွန်းများ ရရှိရန် မျှော်လင့်နိုင်ပါတယ်။ အိမ်ခြံမြေ ပရောဂျက် သို့မဟုတ် မြေယာပိုင်ဆိုင်မှုတို့တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ပါတယ်။

သို့သော် ဤကာလအတောအတွင်း အလုပ်တာဝန် များပြားနေသောကြောင့် Scorpio ရာသီခွင်တို့သည် မိသားစု ဘဝအတွက် အချိန်အလုံအလောက် ပေးနိုင်မည် မဟုတ်ပေ။ မိသားစုဝင်များ အကြား နွေးထွေးမှုသည် ပျောက်ဆုံးနေတတ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေး ရပါမယ်။ အစာအဆိပ်သင့်ခြင်း၊ ဗိုက်နာခြင်း၊ အစာမကြေခြင်း စသော ရောဂါဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်ပါတယ်။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သို့သော် အမှတ်မထင် ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစုပတ်ဝန်းကျင်တွင် အနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ မိသားစုဝင်များ အကြား နွေးထွေးမှု ရရှိအောင် ပြုလုပ်ပေးပါ။

မကာရရာသီခွင် – Capricorn ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ ‌

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ကုမ်ရာသီခွင် – Aquarius ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် နှလုံးအားနည်းကြသူများ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ လိုအပ်သော ဆေးဝါးကုသမှုကို ရယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ပိုက်ဆံ အခိုးခံရခြင်း၊ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်းများ ကြုံတွေ့ရတတ်၍ ဂရုစိုက်ပေးပါ။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြန်လည် ဝင်ရောက်လာပါမယ်။

မိန်ရာသီခွင် – Pisces ( December 25 to December 31 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ အထူးသဖြင့် အသက်အရွယ် ကြီးသူများ အနေနှင့် ခါးနာခြင်း သို့မဟုတ် အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက သက်သာရာ ရရှိနိုင်ပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ သတိထားပေးရမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ မိမိ၏ ယုံကြည်မှုအပေါ် အခွင့်ကောင်းယူကာ အလွှဲသုံးစား ပြုလုပ်ခြင်း ခံရနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် မည်သည့်လူကိုမျှ မျက်စိမှိတ် ယုံကြည်ခြင်းမှ ရှောင်ကြဉ်ပါ။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်း သာယာမှုများ ရှိနေပါမယ်။ ရက်သတ္တပတ်အကုန်တွင် မိသားစုဝင်များနှင့် အတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပဆောင်ရွက်ရတတ်ပါတယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။