တနင်္ဂနွေနှင့်တနင်္လာသားသမီးတို့၏အကြောင်း သိကောင်းစရာ

Astrology

တနင်္ဂနွေနှင့်တနင်္လာသားသမီးတို့၏အကြောင်း သိကောင်းစရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တနင်္ဂနွေနှင့်တနင်္လာသားသမီးတို့၏အကြောင်း သိကောင်းစရာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွေသားသမီးတို့၏အကြောင်း

တနင်္ဂနွေနေ့နာမ်များဟာ လူ့ဘဝကိုစရောက်ပီဆိုကတည်းကစိတ်ကြီးတယ် ။ ငိုလွယ်တယ် ၊ ဒေါသဖြစ်လွယ်တယ် ၊ ပျော်ပျော်လည်းနေတတ်သလို ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ ။

မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ် ။ တနင်္ဂနွေတွေဟာ မိသားစုအပေါ်ကိုသိတတ်တယ် ။ စွန့်စားပီးပေးဆပ်တတ်တာလည်း တနင်္ဂနွေပါ ။

တနင်္ဂနွေများဟာ စိတ်ပြတ်သားသလောက်အစွဲအလန်းလည်းကြီးတတ်ပါတယ် ။ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ် ။ ကိုယ်လိုချင်တဲ့အရာကို သူများလက်ထဲကိုမရောက်စေချင်တာ တနင်္ဂနွေ ။ တခါတလေ တစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ် ။
ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ။ ခေါင်းနဲနဲမာတယ် ။

အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ် ။ ဘယ်တော့မှလက်မလျော့တာ တနင်္ဂနွေပါ ။

တနင်္ဂနွေတွေဟာ အပြင်မှာ ပြတ်သားသလိုနေတတ်ကြပေမဲ့ ရင်ထဲမှာတော့ အစွဲအလန်းကြီးတတ်တဲ့ နေ့နာမ်များပဲဖြစ်တယ် ။

ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတွေ တွေ့ရင် သနားတဲ့စိတ်ရှိတယ် ။ ကူညီလိုတဲ့စိတ်တွေလည်း တနင်္ဂနွေမှာအပြည့်ရှိပါတယ် ။

အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်တာတနင်္ဂနွေပါ ။ လူတွေရဲ့စိတ်ကို စူးစမ်းလေ့လာတာကို ဝါသနာပါကြတယ် ။

တနင်္ဂနွေများဟာ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ် ။

စကားပြောရင် တည်ငြိမ်စွာနဲ့ ပြောဆိုတတ်ပီး စွဲဆောင်မှုရှိစွာနဲ့ ပြောဆိုတတ်တဲ့ အကျင့်လေးကိုပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေပါ ။

တနင်္ဂနွေများရဲ့ အချစ်ရေးဟာတော့ ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတယ်

တနင်္လာသားသမီးတို့ရဲစိတ်နေစိတ်ထားအကြောင်း

တနင်္လာတွေဟာ မိတ်ဆွေပေါများတယ် ။ လူချစ်လူခင်လည်း ပေါများတဲ့ နေ့နာမ်ပိုင်ရှင်တွေဖြစ်တယ် ။ ဒေါသထွက်တတ်ပေမဲ့ အပြင်မှာ ထုတ်ပီး အရမ်းမပွားပါဘူး ။ မိသားစုအပေါ်မှာဆိုရင်တော့ နဲနဲစိတ်မရှည်တတ်ဘူး ။

အစွဲအလန်းကြီးပါတယ် ။ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ် ။
စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တာ တနင်္လာပါ ။ ခင်ရတဲ့အပေါင်းအသင်းနဲ့စကားပြောနေချိန်စိတ်ရှည်စွာနဲ့ စိတ်ဝင်တစားလက်ခံနားထောင်ပေးတတ်တယ် ။

ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့နေတတ်သလို
သူများကိုပျော်ရွှင်မှုတွေ တခါတရံဖန်တီးပေးတတ်တယ် ။

တနင်္လာတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ခင်တွယ်တတ်တယ် ။ အလုပ်လုပ်တဲ့နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ် ။ စိတ်ကူးအမြင်ကျယ်တယ် ။ ဗူးဆို ဖရုံမသီးတတ်ဘူး ။ ဖြစ်ချင်တာကို အမြန်ဆုံးအကောင်အထည်ဖော်ရမှ ကျေနပ်တာတနင်္လာပါ ။

တခါတလေတော့ အလုပ်လုပ်တဲ့နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာနဲနဲလေးလွဲချော်နေတတ်တယ် ။

တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတစ်ခုခုတွေ့မြင်ရရင် သနားတတ်တယ် ။
တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝရှိပါတယ် ။ သို့ပေမဲ့ ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့
စိတ်လက်ပြတ်သားတယ် ။

လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ်ကြပါတယ် ။ ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့လိုက်လျောညီထွေစွာခင်မင်တတ်တယ် ။
ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာတနင်္လာပါ ။တနင်္လာတွေဟာ လူတစ်ယောက်ရဲ့စိတ်ကို အတွင်းကျကျလေ့လာတတ်တယ် ။

စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ် ။
ကိုယ်မကြိုက်သောအရာတွေကိုပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တာတနင်္လာပါ ။

တနင်္လာတွေဟာမှန်နေရင် ဘာကိုမှဂရုမစိုက်ပဲနေသလောက် မှားနေရင်တော့ တောင်းပန်ဖို့လည်းဝန်မလေးတတ်ဘူး ။ အပေါင်းအသင်းတွေကြားမှာလည်း ယုံကြည်မှုအပြည့်အဝရှိရှိနဲ့ နေတတ်တာတနင်္လာပါ ။

တနင်္လာလေးတွေဟာ စိတ်ကူးယဉ်ဆန်တယ် ။
အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကို လေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေပါ ။

တနင်္လာရဲ့အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့ ကိုယ်ကလိုက်ပီး ချော့နေရတဲ့အနေအထားဖြစ်ပါတယ်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး