မန်ယူပစ်မှတ် ဟော်လန်တိုက်စစ်မှူး ဂတ်ပိုကို လီဗာပူး ကြားဖြတ်ခေါ်ယူ

Sports

မန်ယူပစ်မှတ် ဟော်လန်တိုက်စစ်မှူး ဂတ်ပိုကို လီဗာပူး ကြားဖြတ်ခေါ်ယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန်ယူပစ်မှတ် ဟော်လန်တိုက်စစ်မှူး ဂတ်ပိုကို လီဗာပူး ကြားဖြတ်ခေါ်ယူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူဖို့ ဆွေးနွေးခဲ့တဲ့ ကိုဒီဂတ်ပိုကို လီဗာပူးအသင်းက ကြားဖြတ်ခေါ်ယူသွားပါတယ်။

Liverpool 'have signed' €50m ex-Man Utd target as remarkable transfer  hijack is complete

အသက် ၂၃ နှစ်ပဲအရွယ် ဟော်လန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာ သွင်းဂိုး ၃ ဂိုးရခဲ့ပြီး ခြေစွမ်းပြခဲ့သလို အဲဒီမတိုင်ခင် ကလပ်အသင်းမှာလည်း ဂိုးပါဝင်ပတ်သက်မှု ၂၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဂတ်ပိုအတွက် လီဗာပူးအသင်းက ယူရိုသန်း ၅၀ နဲ့ သဘောတူညီမှုရခဲ့တာဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

ပီအက်စ်ဗွီအသင်းဘက်ကလည်း လီဗာပူးနဲ့ သဘောတူညီမူရခဲ့တယ်ဆိုတဲ့အကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ဂတ်ပိုဟာ မကြာခင်မှာ လီဗာပူးအသင်းနဲ့ ဆေးစစ်ပြီးတဲ့အခါ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

နယ်သာလန် အသင်းဖော် ဂတ်ပို လီဗာပူးအသင်းကို ရောက်ရှိမယ်ဆိုတာ ကြိုသိနေတဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်

ဗန်ဒိုက် ” ကျနော်တို့ ကလပ်မှာ ကစားသမားသစ်တစ်ဦးကို ကြိုဆိုခွင့်ရမယ်လို့ ကျနော် မျော်လင့်နေပါတယ်။ လီဗာပူးဟာ အရည်အသွေးရှိ ကစားသမားတွေကို အမြဲကြိုဆိုနေတယ်လို့လည်း ကျနော်​ မြင်ပါတယ်။ စောင့်ကြည်တာပေါ့ဗျာ”

မန်ယူအသင်းဘက်က ဂတ်ပိုကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးပိုပေးခဲ့တဲ့ လီဗာပူးဆီကိုရောင်းချခဲ့တာဖြစ်ကြောင်း မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။