တရုတ် အထူးကိုယ်စားလှယ်အသစ်နဲ့ မြန်မာ့အရေး

Local News

တရုတ် အထူးကိုယ်စားလှယ်အသစ်နဲ့ မြန်မာ့အရေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ် အထူးကိုယ်စားလှယ်အသစ်နဲ့ မြန်မာ့အရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun) ဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ ဒီဇင်ဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ကြား ဆွေးနွေးမှုတွေထဲမှာ တိုင်းရင်းသား lat nat ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေတာတွေ၊ တရုတ်နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကူညီဆောင်ရွက်ပေးတာတွေ ပါဝင်ကြောင်း သိရပါတယ်။

မစ္စတာ တိန့်ရှီကျွန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ နိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသား lat nat ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာ တွေ့ဆုံခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား lat nat ကိုင် အင်အားစု တွေဖြစ်တဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် – ကိုးကန့်အဖွဲ့ (MNDAA) ကိုယ်စားလှယ်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်သစ်တို့ အဖွဲ့တွေ ခွဲပြီး တွေ့ဆုံခဲ့ ကြတာပါ။

ကိုးကန့်အဖွဲ့ (MNDAA) က တာဝန်ရှိသူတယောက်က သူတို့နဲ့ မဟာမိတ်တွေ အဲဒီလို တရုတ် အထူးကိုယ်စားလှယ် အသစ်နဲ့ တွေ့ဆုံခဲ့ကြတယ် ဆိုတာကို အတည်ပြု ပြောပြီး “ နှစ်ဦးနှစ်ဖက် သိကြရအောင် မိတ်ဆက်ကြတာပါပဲ၊ သူက ရှေ့မှာ လုပ်ငန်းစဉ်တွေ ဘာတွေ ရှိမယ်ဆိုတာ ပြောမသွားပါဘူး” လို့ ဆိုပါတယ်။

မစ္စတာ တိန့်ရှီကျွန်းဟာ တရုတ်နိုင်ငံရဲ့ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်

အထူးကိုယ်စားလှယ်အသစ်က ဘာ့ကြောင့် ဒီတာဝန်ကို ရလာတာလဲ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ် နှစ်ရှည်ကြာစွာလုပ်လာခဲ့တဲ့ မစ္စတာ ဆွန်းကော်ရှန်း (Sun Guoxiang) ရဲ့ နေရာကို ဆက်ခံယူလိုက်သူ မစ္စတာ တိန့်ရှီကျွန်းဟာ ၂၀၂၀ ခုနှစ်ကစလို့ အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ တရုတ်နိုင်ငံရဲ့ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အရင်က သူဟာ အာဖဂန်နစ္စတန် အရေးအတွက် တရုတ်ရဲ့ အထူး ကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူပါ။ အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးအတွက် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တရုတ်နဲ့ အမေရိကန် တို့ ပါဝင်တဲ့ ၄ နိုင်ငံ ဆွေးနွေးပွဲတွေကို သူတက်ရောက်ခဲ့ဖူးပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မစ္စတာ ဆွန်းကော်ရှန်းနေရာမှာ သူ့ကို အစားထိုး လိုက်တာက အထွေအထူး ဖြစ်စဉ်တခု ဟုတ်ပုံမရပါဘူး။

“တရုတ် နိုင်ငံခြားရေး ဌာန ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ၂ နှစ်တာ၊ ၃ နှစ်တာ နှစ်ပိုင်းအလိုက် လူလဲပြီး လုပ်ဆောင်ကြတာပါပဲ၊ မစ္စတာ ဆွန်းကော်ရှန်းက အသက်နည်းနည်းကြီးလာလို့ နိုင်ငံခြားရေးဌာနချုပ်ကို ပြန်လာပုံရတယ်” လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ lat nat ကိုင် ပဋိပက္ခတွေ ကင်းပြီး တည်ငြိမ်မှုရှိရေးကို တရုတ်က လိုလားကြောင်း အစဥ်တစိုက် ပြောနေခဲ့တာပါ။

နိုင်ငံ့ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးအဖြေရှာကြဖို့နဲ့ အာဆီယံ ဘုံသဘောတူညီ ချက် ၅ ချက်ကို သူတို့ ထောက်ခံကြောင်းလည်း ‌တရုတ်က ပြောထားပါတယ်။

မစ္စတာ တိန့်ရှီကျွန်းဟာ သူ့ရဲ့ မြန်မာ့အရေးအပေါ် အမြင်တွေကို ထုတ်ဖော်ပြော တာမျိုး မရှိသေးပေမယ့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးအပေါ် အရင်ကရှုမြင်ထားတဲ့ပုံ အတိုင်းပဲ အလုပ်လုပ်သွားမယ့်ပုံ ရှိပါတယ်။

တရုတ်ကိုယ်စားလှယ်သစ်နဲ့ တွေ့တဲ့ lat nat ကိုင်အဖွဲ့တွေထဲမှာ TNLA အပါအဝင် အဖွဲ့ ၃ ဖွဲ့က စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်

ဒီကာလမှာ ဘာလို့ တရုတ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာပြည်ကို ရောက်လာတာလဲ
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဆုံးဖြတ်ချက် အကြမ်းဖက်တာတွေ ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ဒီလို ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ် ချမှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် ချရာမှာ တရုတ်နိုင်ငံက မကန့်ကွက်ခဲ့ပါဘူး၊ မဲမပေးဘဲသာ နေခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်ကောင်စီကို lat nat ကိုင် ဆန့်ကျင်နေတဲ့ အဖွဲ့တွေကို lat nat မဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ထည့်သွင်းထားတဲ့ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် ဆိုင်ရာအက်ဥပဒေ (NDAA) ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ်ရေးထိုးခဲ့တာပါ။

အရင် မစ္စတာ ဆွန်းကော်ရှန်း မနှစ် နိုဝင်ဘာက နေပြည်တော်ကို နောက်ဆုံး လာပြီးတဲ့နောက် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က လှုပ်ရှားတာမျိုး မတွေ့ခဲ့ရပါဘူး။

ဒီလိုအခြေအနေတွေအောက်မှာ တရုတ်ကိုယ်စားလှယ်သစ်ရဲ့ အခုခရီးစဉ်က ထူးခြား လေသလားလို့ တွေးနိုင်ကြပေမယ့် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အနောက်ရဲ့ လှုပ်ရှားမှုတွေ အပေါ် တုံ့ပြန်လုပ်စရာ အကြောင်း မမြင်ဘူးလို့ ဒေါက်တာ လှကျော်ဇောက ဆိုပါတယ်။

“မြန်မာပြည်သူတွေက စစ်တပ်ကို မုန်းတီးလွန်းနေတာကို တရုတ်က သိလို့ (အခု စစ်ကောင်စီ လက်ထက်မှာ) အရင်ကလို မဟုတ်ဘဲ ခပ်ရှောင်ရှောင် ခပ်တန်းတန်း နေနေတာပါ”… “အမေရိကန်က မြန်မာပြည်ကို ပေးမယ်ဆိုတာက မုန့်ဖိုး ပဲဖိုးလောက် ရှိတာပါ၊ NDAA အရ အမေရိကန်က ထိုင်ဝမ်ကို ဘီလျံနဲ့ ချီပုံပေးတာတောင် တရုတ်က လှုပ်လှုပ် ရှားရှားမရှိပါဘူး၊ ဒါ့ကြောင့် တရုတ်က (အမေရိကန် လုပ်တဲ့အပေါ်) သိပ် ဂရုတစိုက်ရှိမှာ မဟုတ်ပါဘူး။”

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။