စစ်ကောင်စီက ဖွဲ့စည်းထားသော အယောင်ဆောင် ပျောက် ကျား အဖွဲ့များ ၊ UG များ ရှိနေပြီး တော်လှန်ရေးအဖွဲ့များကို လိုက် လံ ချိတ်ဆက် ဖမ်းဆီးမှုများ ရှိလာ၊ လူထု ထိခိုက်စေ သော ဗုံးခွဲမှု များကို စစ်တပ်၏ အယောင်ဆောင် အဖွဲ့များက လုပ်ဆောင်

Local News
စစ်ကောင်စီက ဖွဲ့စည်းထားသော အယောင်ဆောင် ပျောက် ကျား အဖွဲ့များ ၊ UG များ ရှိနေပြီး တော်လှန်ရေးအဖွဲ့များကို လိုက် လံ ချိတ်ဆက် ဖမ်းဆီးမှုများ ရှိလာ၊ လူထု ထိခိုက်စေ သော ဗုံးခွဲမှု များကို စစ်တပ်၏ အယောင်ဆောင် အဖွဲ့များက လုပ်ဆောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီက ဖွဲ့စည်းထားသော အယောင်ဆောင် ပျောက် ကျား အဖွဲ့များ ၊ UG များ ရှိနေပြီး တော်လှန်ရေးအဖွဲ့များကို လိုက် လံ ချိတ်ဆက် ဖမ်းဆီးမှုများ ရှိလာ၊ လူထု ထိခိုက်စေ သော ဗုံးခွဲမှု များကို စစ်တပ်၏ အယောင်ဆောင် အဖွဲ့များက လုပ်ဆောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန်တွင် စစ်ကောင်စီက အယောင်ဆောင် ပျောက်ကျားအဖွဲ့များ၊ UG မြေ အောက် တော်လှန်ရေး လှုပ်ရှားသူများအဖြစ် အသွင်ယူဖွဲ့စည်းပြီး မြို့ပြ တော် လှန်ရေး အဖွဲ့များ နှင့်ရဲဘော်များကို အယုံသွင်း လိုက်လံ ချိတ်ဆက် ဖမ်းဆီးမှု များ ရှိလာနေကြောင်း မြို့ပြပျောက်ကျားအဖွဲ့တချို့ထံမှ သိရှိရသည်။

စစ်ကောင်စီက နွေဦးတော်လှန်ရေး လှုပ်ရှားမှုများကို ဖြိုခွင်းရန်အတွက် ပုံစံ အမျိုးမျိုး၊ နည်းလမ်းမျိုးစုံဖြင့် လုပ် ဆောင် ရာ တန်ပြန် တော်လှန်ရေး အ ယောင် ဆောင်အဖွဲ့များ ဖွဲ့စည်းခြင်း၊ဖမ်းဆီးရမိသော တော်လှန်ရေးရဲဘော် များကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် စည်းရုံး သိမ်းသွင်း၍ ဟန်မပျက် ဆက်လက် လှုပ်ရှားခိုင်းပြီး သတင်းများ စုဆောင်းခြင်း၊ ယမ်းအားလျှော့ချ ထားသည့် အန္တရာယ်မဖြစ်နိုင်သည့် ဗုံးအပျော့စားများ၊ လက်လုပ်မိုင်း အပျော့ စား များကို ထုတ်ပေးကာ ထောက်ပို့များအဖြစ် အယောင်ဆောင်ခြင်း၊ စစ်မှန် သော နွေဦးတော်လှန်ရေး ပျောက်ကျားတပ်ဖွဲ့များ၊ ရဲဘော်များကို အယုံသွင်း ချိတ်ဆက်ခြင်းများ လုပ်ဆောင်ကာ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း သိရှိရသည်။

ယခု လတ်တလော ရန်ကုန်တွင် အကြမ်းဖက် ဖောက်ခွဲရေး လုပ်ဆောင် နေ သည့် အဖွဲ့အစည်းများ ဖမ်းဆီးရရှိနိုင်ရေး စစ်တပ်က အသွင်ယူ ဆောင်ရွက် ထားမှု တင်ပြခြင်း ဆိုသော အသံဖိုင်နှင့် စာရွက်ဖိုင်များ လူမှုကွန်ရက်မှ တစ် ဆင့် ပြန့်နှံ့လာနေပြီး ယင်းအသံဖိုင်တွင် ပါဝင်သော အချက်အလက် များ အနက်မှ စစ်တပ်ဘက်က အသွင်ယူထားသည်ဆိုသော နာမည်တချို့နှင့် လူတချို့မှာ ပြင်ပတွင် အမှန်တကယ် လှုပ်ရှားနေသော နာမည်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

” လူမှုကွန်ရက်မှာ ပြန့်နေတဲ့ ဟာက ၈၈ ကပုံစံမျိုးတွေပဲ။ ထောက်လှမ်းရေး တွေ ကျောင်းသားထဲပါနေတယ်ဆိုပြီး လုပ်တဲ့ပုံစံနဲ့တစ်ထပ်တည်း။ အခုက စစ်တပ်က သူတို့ လုံးဝမနိုင်နိုင်တော့တာ သူတို့ကိုယ်တိုင်သိနေပြီ။ အဲဒီတော့ သတင်း အမှန်နဲ့အမှားရောသမမွှေပြီး လုပ်ကြံတော့မှာတော့အမှန်ပဲ။ အချင်း ချင်း တွေ ပြန်သတ်လာအောင်၊ မယုံ သင်္ကာဖြစ်လာအောင် လုပ် တာဖြစ် နိုင်သလို တကယ့်ကို ၈၈ကအကွက်တွေ မဟုတ်ဘူးလို့ လည်းပြော မရဘူး။ ဒါပေမယ့် ၈၈ မှမဟုတ်တော့ အဖြေမှန်က အနှေးနဲ့အမြန်ပေါ်မှာပါ။ နောက် တစ်ခုက စစ်တပ်ကိုယ်တိုင်က UG အသွင် ယူပြီး ပြည်သူတွေကြားမှာ အကြမ်း ဖက် ဖောက်ခွဲ thetဖြတ်တယ်ဆိုတဲ့သက်သေ တစ်ခုလည်းဖြစ်နိုင်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ပြန့်နေသော အသံဖိုင်တွင် အမှတ် ၁ တပ်မတော် စစ်ဘက် လုံခြုံရေးအဖွဲ့က ရန်ကုန်မြို့တွင်း အကြမ်းဖက် ဖောက်ခွဲရေး လုပ်နေသည့် အဖွဲ့အစည်းများကို ဖမ်းဆီး ရရှိနိုင်ရေး အသွင်ယူဆောင်ရွက်ထားမှု အခြေ အနေ တင်ပြခြင်းဟု ခေါင်းစဉ်တပ်ထားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ နောက်ဆုံး အခြေအနေများဟု ပြောဆိုထားသည်။

စစ်တပ်ဘက်မှ အယောင်ဆောင် UG များနှင့် UG အဖွဲ့များအဖြစ် အသွင်ယူ ထားသည့် အမည်များတွင် ဗိုလ်ကြီး မျိုးသီဟ ၊ တပ်ကြပ် ကြီး မျိုးမင်းသန့် ၊ ဗိုလ်ကြီး စံဗိုလ်လင်းအောင်၊ တပ်ကြပ်ကြီး မင်းစည်သူမိုး၊တပ်သား ထွန်း ထွန်း ဝင်း၊ ဗိုလ်ကြီးအောင်ခိုင်ဖြိုး၊ ဗိုလ်ကြီး ထက်စိုးဦး၊ တပ်ကြပ်ကြီး မြင့်အောင်၊ တပ်ကြပ်ကြီး ဥာဏ်လင်းဟိန်း၊ တပ်သား ကျော်စွာဝင်းတို့ ပါဝင်သည်ဟု သိရှိရသော်လည်း အချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် ဖမ်းဆီးရမိသော ရဲဘော်များကို စစ်တပ်က ပြန်လည် ခြိမ်းခြောက် စည်းရုံး သိမ်းသွင်း၍ အသွင်ယူလှုပ်ရှားခိုင်းမှုများရှိနေသည်ဟု ဆိုထားပြီး အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိသည်။

ဓာတ်ပုံ- တာမွေတွင် ယခုနှစ် ဇူလိုင် ဗုံးတွေ့ရှိရသဖြင့် စစ်တပ်က လမ်းပိတ် ဖောက်ခွဲနေစဉ်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဘတ်စ်ကားဂိတ် ဗုံးခွဲခြင်း၊ ရန်ကုန်-ပန်းဆိုး တန်း ဒလသင်္ဘော ဗုံးခွဲခြင်း ကဲ့သို့သော ပြည်သူလူထုကို ပစ်မှတ်ထားသော ဖောက်ခွဲတိုက်ခိုက်မှုများသည် နွေဦးတော်လှန်ရေး အဖွဲ့များ၏ လုပ်ဆောင် ချက် လုံး၀ မဟုတ်ကြောင်း ၊ စစ်တပ်က အယောင်ဆောင် အသွင်ယူထားသော UG အဖွဲ့များ ရှိသည်ကို ခိုင်ခိုင်မာမာ ကောက်ချက်ချနိုင်ကြောင်း၊ အယောင် ဆောင် UG အဖွဲ့များက ပြည်သူကို ထိခိုက်စေသည့် ဗုံးခွဲခြင်း၊ PDF နှင့် နွေဦး တော် လှန်ရေးကို ပြည်သူလူထုက အထင်အမြင်လွဲစေသည့် လုပ်ရပ်များကို ဦးတည် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က သုံးသပ် ပြောဆိုသည်။

” စစ်ခွေးက တော်လှန်ရေးကို သူတို့ ဘယ်လိုမှ မနိုင်တော့ဘူးဆိုတာ သိတော့ စည်းလုံးမှု ဖြိုခွဲရေး လမ်းစဉ်ကိုပဲ သူတို့ လုပ်နေပြီ။ ကိုယ့်ထဲကလူတွေ သူ့လူ အဖြစ် စည်းရုံးပြီး ဖြိုခွဲမယ်။ အသွင်ယူပြီး ဖမ်းဆီးဖြိုခွဲမယ်။ အလှူရှင် အယောင် ဆောင်ပြီး သတင်းနှိုက် ဖြိုခွဲမယ်။ အဖွဲ့အတုတွေ ဖွဲ့စည်းပြီး တော်လှန်ရေးပုံရိပ်ကျဆင်းအောင် လုပ်ပြီး ဖြိုခွဲမယ်။ နွေဦးတော်လှန်ရေး လှိုင်းဂယက်ကြီးကို ပုံစံအမျိုးမျိုးနဲ့ ဖြိုခွဲပြီး ချိနဲ့ အားနည်းအောင် လုပ်မယ်။ ဒါက သူတို့ ဗျူဟာပဲ။ သိပ်မကြာခင်က ပြည်ပရောက် နာမည်ကြီး ထောက်ပို့ တစ်ဦးက ဒလန်ပုံစံ ဖြစ်သွားတဲ့ ဖြစ်စဉ်ကိုကြည့်ရင် ဒါက စစ်တပ်ရဲ့ ဖြိုခွဲရေး လမ်းစဉ်ဆိုတာ မြင်ရတယ်” ဟု မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် နိုင်ငံတကာတွင် ဂုဏ်သိက္ခာအပြည့်ရှိသည့် ဒီမိုကရေစီ အရေးကြိုးပမ်းလှုပ်ရှားမှု နှင့် စစ်အာဏာရှင် အဆုံးသတ်ရေး စံပြ တော်လှန်ရေး ဖြစ်လာနေပြီး NUG ၊ PDF တို့အပေါ်လည်း နိုင်ငံတကာ၏ ထောက်ခံမှု ရရှိလာ နေကြောင်း၊ စစ်ကောင်စီအနေဖြင့် နွေဦးတော်လှန်ရေး ပုံရိပ်ကောင်းများကို ပယ်ဖျက်ရန်နှင့် NUG နှင့် PDF အကြမ်း ဖက် အဖွဲ့များ အဖြစ် ပုံဖော်နိုင်ရန်နှင့် ပြည်သူလူထု thayကြေစေနိုင်သော ဖောက်ခွဲ တိုက်ခိုက် မှုများ စစ်တပ်ဘက်က အရှိန်မြှင့်လုပ်ဆောင်ကာ NUG ၊ PDF နှင့် နွေဦးတော် လှန်ရေး အဖွဲ့များကို အပြစ်ပုံချမှုများ ဆက်တိုက် လုပ်ဆောင် လာနိုင် ကြောင်း တော်လှန်ရေးရဲဘော်တချို့က သုံးသပ်ပြောဆိုကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။