ကနီနှင့်မြင်းခြံတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီး ၂ ဦးthay ဆုံး၊ မန္တလေးတွင် စစ်တပ် ဂိတ်စခန်း ပစ်ခတ်ခံရပြီး ၃ ဦးthay ဆုံး

Local News

ကနီနှင့်မြင်းခြံတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီး ၂ ဦးthay ဆုံး၊ မန္တလေးတွင် စစ်တပ် ဂိတ်စခန်း ပစ်ခတ်ခံရပြီး ၃ ဦးthay ဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကနီနှင့်မြင်းခြံတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီး ၂ ဦးthay ဆုံး၊ မန္တလေးတွင် စစ်တပ် ဂိတ်စခန်း ပစ်ခတ်ခံရပြီး ၃ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်ရွာရှိ စစ်ကောင်စီ တပ်သားများ lat nat ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အလယ်ကျွန်းရွာမှ စစ်သားနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက lat nat ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်thay ဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ အလယ်ကျွန်းရွာမှ ပျူစောထီးများနှင့် စစ်သားများသည် ပြည်သူများ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို lat nat အားကိုးဖြင့် မတရား သိမ်းယူခြင်းကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KLG PDF၊ CRA အဖွဲ့နှင့် ဆရာစံအဖွဲ့တို့ ပူးပေါင်းပြီး ၆၀ မမ lat nat ကြီး အလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေး၊ မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် ကင်းစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးthay ဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ကြည်ရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် ကင်းပုန်းစခန်း ၂ ခုကို ဒေခံ ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးthay ဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကင်းစခန်း ၁ ခုကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ကြည်ရွာမှာ ညကင်းစောင့်နေတဲ့ ပျူစောထီး ကင်းစခန်း ၂ ခုကို ကာကွယ်ရေး တပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်။ ပျူ ၂ ကောင်thay တယ်။ စခန်း ၁ ခုကိုတော့ မီးရှို့ရှင်းလင်းခဲ့တယ်။ lat nat က ပျုတွေမှာ ဓားတွေပဲ ရှိတာ thay နတ်ပေး မထားဘူး စစ်ခွေးတွေက။ thayနတ် သိမ်းဆည်းနိုင်တာတော့ မရှိဘူး။ ကင်းစခန်း ၁ ခုပဲသိမ်းနိုင်တယ်။ ကျန်တဲ့ စခန်းက မသိမ်းလိုက်ရဘူး။ ထွက်ပြေးသွားတယ်” ဟု နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ (၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF နှင့် မဟာမိတ်များ ဖြစ်ကြသော MGN Tiger ၊ MGN Tiger 2 ၊ MyinGyan 21 ပြောက်ကျားတပ်၊ MyinGyan MP 9 ပြောက်ကျားတပ်၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – KLG PDF တပ်ဖွဲ့မှ ရဲဘော်များ

မန္တလေး-မတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် ဂိတ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၃ ဦး thay ဆုံးခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်တွင် မန္တလေး-မတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် ရွှေကျင် ဂိတ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ၇၉ မမ ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးthay ဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိတ်စခန်းတွင် စစ်သားနှင့် ရဲ အင်အား ၃၀ ခန့်ရှိပြီး ၃ ဦးthay ဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အနီး ပတ်ဝန်းကျင်တွင် ကင်းပုန်း ဝပ်နေသည့် စစ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပကဖ ရဲဘော် များနှင့် အတူ G-6 Stars မြို့ပြပျောက်ကြားတပ်ဖွဲ့ ညီနောင်များ၊ BRA+MRTF မဟာမိတ် တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။