သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းကစားရင်း ကွန်တိန်နာထဲ ပုန်းမိပြီး အခြားနိုင်ငံရောက်သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လူငယ်လေး

International News Local News

သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းကစားရင်း ကွန်တိန်နာထဲ ပုန်းမိပြီး အခြားနိုင်ငံရောက်သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လူငယ်လေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းကစားရင်း ကွန်တိန်နာထဲ ပုန်းမိပြီး အခြားနိုင်ငံရောက်သွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လူငယ်လေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Bangladeshi Boy Rescued After Being Accidentally Locked in Shipping  Container For 6 Days - WORLD OF BUZZ

ဇန်နဝါရီ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကနေ ကွန်တိန်နာတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းဟာ မလေးရှားဆိပ်ကမ်းမြို့ Port Klang ရောက်တော့ ဆိပ်ကမ်းအလုပ်သမားတွေဟာ အဲဒီကွန်တိန်နာတွေထဲက တစ်ခုကနေ ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက် ထွက်လာတာကို တွေ့ခဲ့ရပါတယ်။ ကောင်လေးက မလေးရှားလို မပြောတတ်၊ နားမလည်တဲ့အတွက် သူနဲ့ပြောဆိုဆက်ဆံရမှာ အခက်ခဲတွေ့ခဲ့ရပါတယ်။ ဒီကလေးဟာ လူကုန်ကူးတဲ့အဖွဲ့အစည်းရဲ့သားကောင်ဖြစ်မယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူတွေက သံသယရှိခဲ့တာကြောင့် ရဲခေါ်ခဲ့ပါတယ်။ ဒါဟာ လူကုန်ကူးခံရတာမဟုတ်ဘဲ ကွန်တိန်နာထဲ မတော်တဆပါလာခဲ့တာပါ။

Boy travels from Bangldesh to Malaysia after getting trapped in crate |  Metro News

အသက် ၁၅ နှစ်အရွယ် ဖာဟင်ဆိုတဲ့ အဲဒီကလေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းကစားရင်း ကွန်တိန်နာထဲ ဝင်ပုန်းမိပြီး အဲဒီထဲမှာ အိပ်ပျော်သွားခဲ့တာပါ။

အဲဒီနောက် သူ ဝင်ပုန်းတဲ့ ကွန်တိန်နာကို ကုန်သွယ်ရေးသင်္ဘောတစ်စီးက မလေးရှားနိုင်ငံဆီ တင်ဆောင်သွားခဲ့တာပါ။ အဲဒီသင်္ဘောဟာ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်တကောင်းဆိပ်ကမ်းကနေ ခရီးစဉ်စတင်ခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံ၊ Port Klang ကို ရောက်ရှိခဲ့တာပါ။

ဖာဟင်က (၅) ရက်လုံး ကွန်တိန်နာအတွင်း ပိတ်မိနေခဲ့တာပါ။ ကွန်တိန်နာအတွင်းကနေ အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ ဘယ်သူမှ မကြားခဲ့ကြပါဘူး။ မစားမသောက်ဘဲ (၅) ရက်ကြာ ဘယ်လိုအသက်ရှင်လွတ်မြောက်ခဲ့လဲဆိုတာက လူတိုင်းအတွက် ပဟေဠိဖြစ်နေဆဲပါပဲ။

Port Klang က အလုပ်သမားတွေ ရိုက်ခဲ့တဲ့ ပုံတွေမှာ ဖာဟင်က ကွန်တိန်နာထဲက ထွက်လာတဲ့အချိန် မရင်းနှီးတဲ့ပတ်ဝန်းကျင်အနေအထားကြောင့် ဇဝေဇဝါဖြစ်နေပုံရတာကိုတွေ့ရပါတယ်။ ဖာဟင်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပေမဲ့ နေမကောင်းဖြစ်နေတာကြောင့် ဒေသတွင်းဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူ ပြန်လည်သက်သာလာရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။