အကြွေး ပိနေသူများ၊ လုပ်ငန်း အဆင်မပြေနေသူများ၊ အလုပ် လျှောက်တိုင်း မရသူများ၊ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေသူများအတွက် ” မေတ္တာသုတ် ” အဓိဌာန် ဝင်နည်းယတြာ

Astrology

အကြွေး ပိနေသူများ၊ လုပ်ငန်း အဆင်မပြေနေသူများ၊ အလုပ် လျှောက်တိုင်း မရသူများ၊ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေသူများအတွက် ” မေတ္တာသုတ် ” အဓိဌာန် ဝင်နည်းယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြွေး ပိနေသူများ၊ လုပ်ငန်း အဆင်မပြေနေသူများ၊ အလုပ် လျှောက်တိုင်း မရသူများ၊ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေသူများအတွက် ” မေတ္တာသုတ် ” အဓိဌာန် ဝင်နည်းယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယခုခေတ်မှာ လူတိုင်းလိုလို စားဝတ်နေရေး ကြပ်တည်း နေကြပါတယ်။ ထိုကြောင့် ဆရာမကလဲ (၇)ရက် သားသမီးများ ပြေလည်စေရန် ဆိုသောစိတ်ဖြင့် တင်ပေးခြင်း ဖြစ်ပါတယ်။

မှတ်ချက်။ ။ မေတ္တာသုတ် တစ်ပုဒ်ရွတ် ပုတီး ၁၀၈လုံးဖြင့် တစ်လုံးချ ၁ပတ်တိတိ စိပ်ပေးရပါမယ်။ ရာဟုနဲ့ ဗုဒ္ဓဟူး သားသမီး အတူတူပါပဲ။ အမျိုးသမီးများ ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေ့ကစပြီး ၅ရက်မြှောက်နေ့မှ လုပ်လို့ရပါမယ်။

အချိန်နှင့် နေရာကတော့ – မိမိ နေအိမ်ဘုရားတွင် မိမိ မွေးနေ့မှာ နံနက် သို့မဟုတ် ည ၉နာရီမှ ၁၀နာရီခွဲအတွင်း လုပ်ပေးရပါမယ်။ အောက်တွင် ဖော်ပြထားသော အညွှန့်များကို တစ်ပတ်ပြည့်အောင် ထားပြီးမှ စွန့်ပေးပါ။ ၇ရက် ပြည့်တာနှင့် ဤယတြာကို ထပ်မံပြုလုပ်ပေးပါ။ အဆင်မပြေမချင်း လုပ်လို့ရပါတယ်။

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေနေ့ အိမ်ဘုရားတွင် ကံ့ကော် ၁၅ညွှန့်နှင့် ပိတောက် ၁၂ညွှန့်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

တနင်္လာ သားသမီးများ

တနင်္လာနေ့ အိမ်ဘုရားတွင် ဇီး ၈ညွှန့်နှင့် လက်ပံ ၉ညွှန့်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

အင်္ဂါ သားသမီးများ

အင်္ဂါနေ့ အိမ်ဘုရားတွင် ရွက်လှ ၁၇ညွှန့်နှင့် သရက် ၁၀ရွက်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူးနေ့ အိမ်ဘုရားတွင် မေမြို့ ၁၉ပွင့်နှင့် ကသစ် ၈ညွှန့်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

ကြာသပတေး သားသမီးများ

ကြာသပတေးနေ့ အိမ်ဘုရားတွင် သီဟို ၂၁ညွှန့်နှင့် အင်ကြင်း ၂၁ညွှန့်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

သောကြာ သားသမီးများ

သောကြာနေ့ အိမ်ဘုရားတွင် ထန်း ၁၀ညွှန့်နှင့် ဇလပ် ၇ညွှန့်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

စနေ သားသမီးများ

စနေနေ့ အိမ်ဘုရားတွင် ရွက်လှ ၄ညွှန့်နှင့် အုန်း ၆ညွှန့်ကို အညွှန့် တစ်ညွှန့်တွင် မိမိ ဖြစ်ချင်သော ဆန္ဒကိုရေး၍ လှူပါ။ ထိုနောက် ဖျားပေါ်တွင် ထိုင်ပြီး မေတ္တာသုတ် ရွတ်ဖတ်၍ ၁၀၈လုံး ပုတီးဖြင့် ၁ပတ်စိပ်ပါ။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။