ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်အတွင်း အိမ်ခြေ ၃၀၀၀ ခန့် မီးလောင်ပျက်စီး၊ ဒေသခံသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်

Local News

ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်အတွင်း အိမ်ခြေ ၃၀၀၀ ခန့် မီးလောင်ပျက်စီး၊ ဒေသခံသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်အတွင်း အိမ်ခြေ ၃၀၀၀ ခန့် မီးလောင်ပျက်စီး၊ ဒေသခံသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက မီးရှို့မှုကြောင့် နေအိမ် ၃၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံ သောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ရကာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းကလည်း ဒီပဲယင်းအနောက်ခြမ်းက အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၅၀၀ ခန့် ရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ISP Myanmar ထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းပြီးနောက် ဒီဇင်ဘာ ၁၄ ရက်အထိ lat nat ကိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ စစ်ကိုင်းတိုင်းက ဒေသခံ ၈ သိန်းဝန်းကျင်ဟာ စစ်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်း လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း လောက်ရှိပြီး မြန်မာတစ်ပြည်လုံးမှာ စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့ သံသယ၊ တစ်ခါ ဒီတပ်တွေက ကျေးရွာတွေကနေ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ သံသယနဲ့ မီးရှို့တာတွေ ပြုလုပ်ပြီး တစ်ခါတစ်ရံမှာ ဘာထိတွေ့တိုက်ပွဲမှ မဖြစ်ပွားပေမဲ့ မီးရှို့ခံရတာ ရှိတယ်လို့ ဘီဘီစီကို ဆက်သွယ်ပြောကြားကြပါတယ်။

စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းထဲမှာ ၂၀၂၂ ခုနှစ်အတွင်း KIA နဲ့ PDF တို့ကမီးရှို့ဖျက်ဆီးလို့ နေအိမ်ရာချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။