ဘရာဇီးလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို ဂွါဒီယိုလာ ပယ်ချ နည်းပြပေါ်တာကို အချိန်ပေးရန် ချဲလ်ဆီးပိုင်ရှင်ကို ဂွါဒီယိုလာတိုက်တွန်း

Sports

ဘရာဇီးလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို ဂွါဒီယိုလာ ပယ်ချ
နည်းပြပေါ်တာကို အချိန်ပေးရန် ချဲလ်ဆီးပိုင်ရှင်ကို ဂွါဒီယိုလာတိုက်တွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဘရာဇီးလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို ဂွါဒီယိုလာ ပယ်ချ၊ နည်းပြပေါ်တာကို အချိန်ပေးရန် ချဲလ်ဆီးပိုင်ရှင်ကို ဂွါဒီယိုလာတိုက်တွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို နည်းပြဂွါဒီယိုလာက ပယ်ချလိုက်ပါတယ်။

ဘရာဇီးအသင်းဟာ နည်းပြ တက်တေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာလမ်းခွဲခဲ့တာပါ။ နည်းပြသစ်ရာထူးအတွက် နိုင်ငံခြားသားနည်းပြတစ်ဦးကို ၁၉၄၄ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်ခန့်အပ်ဖို့ ရှာဖွေနေတာပါ။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ကူညီမှုနဲ့ ဂွါဒီယိုလာကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂွါဒီယိုလာဘက်က လက်မခံခဲ့တာလို့ သိရပါတယ်။

ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ဥရောပချန်ပီယံလိဂ် ဆုဖလားရယူပေးဖို့ စိတ်အားထက်သန်နေပြီး အဲဒီရည်မှန်းချက် အထမြောက်တဲ့အချိန်မှသာ နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

နည်းပြပေါ်တာကို အချိန်ပေးရန် ချဲလ်ဆီးပိုင်ရှင်ကို ဂွါဒီယိုလာတိုက်တွန်း

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာကို အချိန်ပေးဖို့ အသင်းပိုင်ရှင်ကို တိုက်တွန်းလိုကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။

မန်စီးတီးက ချဲလ်ဆီးကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ အပြီးမှာ ရာထူးကနေထုတ်ပယ်ခံရဖို့ နီးစပ်လာတဲ့ ချဲလ်ဆီးနည်းပြပေါ်တာနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက စာနာစကားဆိုခဲ့တာပါ။

“ကျနော်ကတော့ သူတို့အသင်းပိုင်ရှင်ဘက်က အချိန် တစ်ခုပေးဖို့ ပြောချင်တယ်။ အသင်းကြီးတွေမှာ ရလဒ်ကအရေးကြီးတယ်ဆိုပေမယ့် နည်းပြ ဂရေဟမ်ပေါ်တာကို အချိန်တစ်ခု ပေးလိုက်ပါ။ အကောင်းဆုံးရလဒ်ရယူနိုင်ဖို့ဆိုရင် နည်းပြတိုင်းက အချိန်တစ်ခု လိုပါတယ်။ ဘာစီလိုနာမှာ ကျနော်နည်းပြခဲ့တုန်းကတော့ မက်ဆီရှိနေလို့ အချိန်ယူဖို့ မလိုအပ်ခဲ့တာပါ”လို့ ဂွါဒီယိုလာကပြောပါတယ်။

နည်းပြ ဂရေဟမ်ပေါ်တာကတော့ မန်စီးတီးနဲ့ပွဲစဉ် ပထမပိုင်းစွမ်းဆောင်ရည်က နာကျင်စရာ ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ လူငယ်ကစားသမားတွေက ကြိုးစားအားထုတ်မှု ကောင်းမွန်ခဲ့ ကြောင်း၊ ပြိုင်ပွဲကနေထွက်ခဲ့ရလို့ စိတ်ပျက်ရကြောင်း ပြောသွားပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။