ကာဆယ်မဲရိုး၏ဂိုးဖြင့် ဘရာဇီးတို့ နောက်တဆင့်တက်ပြီ

Sports

ကာဆယ်မဲရိုး၏ဂိုးဖြင့် ဘရာဇီးတို့ နောက်တဆင့်တက်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကာဆယ်မဲရိုး၏ဂိုးဖြင့် ဘရာဇီးတို့ နောက်တဆင့်တက်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘရာဇီး ၁ – ၀ ဆွစ်ဇာလန်
တိုက်စစ်မှူးနေမာ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်တွင် ဂိုးရရန် ဘရာဇီးတို့ ခက်ခဲခဲ့သော်လည်း ပွဲချိန် ၈၃ မိနစ်တွင် ကွင်းလယ်ကစားသမား ကာဆယ်မဲရိုး၏ဂိုးဖြင့် ဆွစ်ဇာလန်ကို အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်တဆင့်တက်ရန် သေချာသွားပြီဖြစ်သည်။

ရစ်ချာလစ်ဆင်၊ ရက်ဖင်ဟာ၊ ဗီနီ တို့၏ ဘရာဇီးတိုက်စစ်ကို ဆွစ်ဇာလန်တို့က ပွဲချိန်တစ်နာရီကျော်ကြာ ခုခံနိုင်ခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်အရောက်တွင် ဘရာဇီးတို့ဂိုးစရခဲ့သည်။ ယင်းဂိုးကို လူငယ်တောင်ပံတိုက်စစ်ကစားသမား ဗီနီက ဂိုးယူခဲ့သော်လည်း VAR နည်းပညာဖြင့် ပြန်လည်စိစစ်ခဲ့ပြီးနောက် လူကျွံဘောအဖြစ် သတ်မှတ်ကာ ဂိုးအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ဘရာဇီးဘက်က ရစ်ချာလစ်ဆင် နှင့် ရက်ဖင်ဟာ အစား အန်တိုနီ နှင့် ဂျေဆူး တို့ဝင်ရောက်လာပြီး တိုက်စစ်မြှင့် ကစားခဲ့ပြီးနောက် ပွဲချိန် ၈၃ မိနစ်တွင် ကာဆယ်မဲရိုးက ၁၈ ကိုက်စည်းအတွင်း အပြင်းကန်သွင်းပြီး ဘရာဇီးတို့အား အုပ်စုအဆင့်မှ လွတ်မြောက်စေခဲ့သည်။
နှစ်ပွဲကစား နှစ်ပွဲနိုင် ခြောက်မှတ်ရထားသည့် အုပ်စု G မှ ဘရာဇီးသည် လက်ရှိချန်ပီယံ ပြင်သစ်ကဲ့သို့ပင် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။