ဘယ်လောက်တိုက်ခိုက်မှုတွေရှိရှိ Beauty Queen လိုပဲနေပါတယ်ဆိုတဲ့ နီနီလင်းအိမ်(ရုပ်/သံ)

Celebrity Local News
ဘယ်လောက်တိုက်ခိုက်မှုတွေရှိရှိ Beauty Queen လိုပဲနေပါတယ်ဆိုတဲ့ နီနီလင်းအိမ်(ရုပ်/သံ)

အလှမယ် နီနီလင်းအိမ်ဟာဆိုရင် Miss Grand International ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့အလှမယ်သမိုင်းမှာ မှတ်တိုင်ကောင်းတစ်ခုစိုက်ထူထားခဲ့တာဖြစ်ပါတယ်။အဆိုပါ Miss Grand International ပြိုင်ပွဲမှာဆိုရင် Country’s Power of the year 2023 နှင့် Miss Popular Vote ဆုတို့ကိုလည်း မြန်မာအလှမယ်နီနီလင်းအိမ်မှ ရရှိခဲ့တာပဲဖြစ်ပါတယ်။

နီနီက “ဒီရလဒ်ကို ကျေနပ်ပါတယ်။ မြန်မာဆိုတာကို အကောင်းဆုံးချပြနိုင်ခဲ့တယ်”လို့ပြောခဲ့ပါတယ်။ Miss Grand International 2023 ပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ်နီနီလင်းအိမ်အပါအဝင် နိုင်ငံပေါင်း ၇၀ မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ လာမည့် ၂၀၂၄ ခုနစ်တွင်ကျင်းပမည့် (၁၂)ကြိမ်မြောက် Miss Grand International ပြိုင်ပဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါမှာတော့ အေဂျင်စီနဲ့ ပက်သက်ပီး သတင်းတွေဂယက်ထနေတဲ့အပေါ်မှာ နီနီလင်းအိမ်က” ဘယ်လောက် တိုက်ခိုက်မှု ရှိရှိ Beauty Queen လိုပဲ နေပါတယ်။ နီနီ ကြောင့် Fans တွေ သိက္ခာ မကျရအောင် ၊ မျက်နှာမငယ်အောင် နေ ပါတယ်။ အရမ်းပင်ပန်းလို့ Beauty Queen ပြိုင်ပွဲ ထပ်ပြိုင်ဖို့ မရှိတော့ပါဘူး’ လို့ ပြောလာ တာပဲဖြစ်ပါတယ်။

https://fb.watch/pSPRTa0WWX/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။