ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည့် CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ရှုတ်ချ၊ အပစ်အခတ်ရပ်စဲရေး အလိမ်အညာသာဖြစ်ပြီး‌ စစ်အာဏာရှင် ချေမှုန်းရေး အစွမ်း ကုန် တိုက်ပွဲဝင်မည်

Local News

ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည့် CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ရှုတ်ချ၊ အပစ်အခတ်ရပ်စဲရေး အလိမ်အညာသာဖြစ်ပြီး‌ စစ်အာဏာရှင် ချေမှုန်းရေး အစွမ်း ကုန် တိုက်ပွဲဝင်မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည့် CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ရှုတ်ချ၊ အပစ်အခတ်ရပ်စဲရေး အလိမ်အညာသာဖြစ်ပြီး‌ စစ်အာဏာရှင် ချေမှုန်းရေး အစွမ်း ကုန် တိုက်ပွဲဝင်မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကို ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး စစ်အာဏာရှင် ချေမှုန်းရေး အစွမ်းကုန် ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာသည်။

ဇန်နဝါရီလ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်အချိန် အာဏာသိမ်းစစ်ကောင်စီ သည် ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို တိုက်လေယာဥ်များ အသုံးပြု၍ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်ဦး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရကြောင်း၊ ကျဲချသော ဗုံးများအနက်တစ်လုံးသည် အိန္ဒိယနိုင်ငံ နယ်နိမိတ် အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဤလုပ်ရပ်အား ကြားကာလ ချင်းအမျိုး သား အတိုင်ပင်ခံကောင်စီအနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော် ၅ ဦး။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော် အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ် ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေ မရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိ အလင်း ဖော်ပြချက် ဖြစ်ကြောင်း။ တစ်ဖက်တွင် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု စစ်ကောင်စီ၏ထုတ်ဖော် ပြောဆိုချက်သည် အလိမ်အညာသက်သက်သာဖြစ်ကြောင်း ၎င်းတို့ ကိုယ်တိုင် ဝန်ခံနေခြင်းပင်ဖြစ်ကြောင်း ထောက်ပြထားသည်။

ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအပါအဝင် ချင်းပြည်အတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင် မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေး အရလည်း ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာ သွားစေမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်း လူမျိုး များ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ကြောင်း၊ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သည်။

လက်ရှိအချိန်သည် ချင်းလူမျိုးတို့၏သမိုင်းတွင် အလွန်အရေးကြီးသည့်အချိန်ကာလဖြစ်ရာ ချင်း ပြည်သူ များနှင့် ချင်းတော်လှန်ရေးအင်အားစုအသီးသီး အနေဖြင့် စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည် အထိ ရရာနည်းလမ်းမျိုးစုံဖြင့် အစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန်အလေးအနက် တိုက်တွန်းကြောင်း ကြားကာလ ချင်းအမျိုး သားအတိုင်ပင်ခံကောင်စီက တရားဝင် ကြေညာထားသည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဆလိုင်းဗန်ရိုပြန်၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နှင့် ဆလိုင်ကီလ်မန် ၊ စုစုပေါင်း ရဲဘော် ၅ ဦး ကျဆုံးကြောင်း The Chin Journal ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။