တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ ပိုလန်အသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံရန် နည်းပြဂျရတ် ပြင်ဆင်

Sports

တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ
ပိုလန်အသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံရန် နည်းပြဂျရတ် ပြင်ဆင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ ပိုလန်အသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံရန် နည်းပြဂျရတ် ပြင်ဆင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ တူရကီကလပ် ဘက်ဆစ်တပ်မှာ ကစားနေတဲ့ တိုက်စစ်မှူးဝက်ဂ်ဟော့စ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။

အသက် ၃၀ နှစ်ရှိ ဟော်လန်တိုက်စစ်မှူးဟာ ချန်ပီယံရှစ်ကလပ် ဘန်လေကနေ ဘက်ဆစ်တပ်အသင်းမှာ အငှားသွားရောက်ကစားနေတာပါ။

မန်ယူအသင်းက ဝက်ဂ်ဟော့စ်အတွက် ၆ လအငှားစာချုပ်ကြေးအဖြစ် ပေါင် ၂ သန်းခွဲပေးချေမှာဖြစ်ပြီး ဘက်ဆစ် တပ်အသင်းဘက်ကလည်း လက်ခံသဘောတူညီခဲ့တာပါ။

ဒါပေမဲ့ ၁၈ ပွဲမှာ ၉ ဂိုးသွင်းထားတဲ့ သူ့နေရာမှာ အစားထိုးနိုင်မယ့်တိုက်စစ်မှူးတစ်ဦးကို အရင်ရှာဖွေမယ်လို့ ဆိုပါတယ်။

ဘက်ဆစ်တပ်အသင်းဟာ ဆော်ဒီကလပ်အယ်လ်နာဆာနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရတဲ့ ကင်မရွန်းတိုက်စစ်မှူး အဘူဘာကာကို အစားထိုးခေါ်ယူဖို့ ချိတ်ဆက်မှုတွေလုပ်ဆောင်နေပါတယ်။

ပိုလန်အသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံရန် နည်းပြဂျရတ် ပြင်ဆင်

အင်္ဂလန်နည်းပြ ဂျရတ်ဟာ ပိုလန်လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက အက်စတွန်ဗီလာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျရတ်ဟာ အသင်းလက်မဲ့ ဖြစ်နေတာပါ။

သူ့ကို ပိုလန်အသင်းက နည်းပြချုပ်တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂျရတ်ဘက်ကလည်း လက်ခံဖို့ ရှိနေတာပါ။

ဂျရတ်ဟာ ပိုလန်နည်းပြ ဖြစ်လာရင်တော့ ဗီလာအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နောက်ခံလူ မက်တီကတ်ရှ်နဲ့ ပြန်လည်တွေ့ဆုံမှာပါ။

ပိုလန်အသင်းဟာ ပေါ်တူဂီနည်းပြဖြစ်လာတဲ့ မာတီနက်ဇ်ကိုလည်း လျာထားခဲ့သေးတယ်လို့ ဆိုပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။