အီရန်အသင်းရှုံးနိမ့်၊ အင်္ဂလန်နှင့် အမေရိကန်တို့နောက်တဆင့်တက်

Sports

အီရန်အသင်းရှုံးနိမ့်၊ အင်္ဂလန်နှင့် အမေရိကန်တို့နောက်တဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီရန်အသင်းရှုံးနိမ့်၊ အင်္ဂလန်နှင့် အမေရိကန်တို့နောက်တဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းအစောပိုင်းက ယှဉ်ပြိုင်သည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အုပ်စုပတ်လည် နောက် ဆုံးပြိုင်ပွဲများတွင် အင်္ဂလန်အသင်းက ဝေလ်အသင်းကို သုံးဂိုးပြတ်အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် နောက် တဆင့်တက်ရောက်ခဲ့သည့်နည်းတူ အမေရိကန်ကလည်း အီရန်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရပြီး ၁၆ အသင်းရှုံးထွက်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

အီရန်အသင်းကို အားပေးနေသည့် လှပျိုဖြူများ။

ပထမပိုင်း၌ အင်္ဂလန်ရှေ့တန်းက ဝေလ်အသင်းဘက်ကို အကြိမ်ကြိမ်ထိုးဖောက်ကာ ဂိုးသွင်းခွင့်ရသော် လည်း ဂိုးမရရှိပေ။ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းဖြင့် တချိန်လုံးစိုးမိုးထားနိုင်ခဲ့သော်လည်း ပထမ ပိုင်းပြီးသွားချိန်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိပေ။

အမေရိကန်ကွင်းလယ်လူ (အပြာ) နှင့် အီရန်ကစားသမားများ

သို့သော် ဒုတိယပိုင်းစပြီး ပွဲချိန်မိနစ် ၅၀ နှင့် ၅၁ တွင် အင်္ဂလန်က နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့သည်။ ပွဲချိန် ၆၈ မိနှစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သူ မားကပ်ရက်ရှ်ဖို့ကပင် အင်္ဂလန်အတွက် တတိယမြောက်အနိုင်ဂိုး သွင်းယူ ခဲ့သည်။

အင်္ဂလန်အသင်းသားများ အောင်ပွဲခံနေစဉ်

အီရန်နှင့်ပွဲစဉ်တွင် အမေရိကန်က ဘောလုံးပိုင်ဆိုင်မှု၊ ကစားအားအပြင် ခြေစွမ်းအသာဖြင့်ကစား နိုင်ခဲ့ သော်လည်း ဂိုးသွင်းခွင့်များများစားစား မရခဲ့ပေ။ ပွဲချိန် ၄၁ မိနစ်တွင် ရရှိခဲ့သောတစ်ဂိုးဖြင့်ပင် အမေရိ ကန် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပြီးခါနီး နာကြင်ချိန်ပိုတွင် အမေရိကန်က တစ်ဂိုးသွင်းယူခဲ့ သော်လည်း လူကျွံဘော ဖြစ်ခဲ့သည်။

အီရန်ဘောလုံးပရိတ်သတ်

ဒုတိယပိုင်းတွင် ပွဲမှာပိုကြည့်ကောင်းခဲ့သည်။ အီရန်အနေဖြင့် သရေတစ်မှတ်ရရုံဖြင့် နောက်တဆင့် တက်မည်ဖြစ်ရာ မိနစ် ၉၀ ပြည့်ပြီး အချိန် ၉ မိနစ်စာ ထပ်ဆောင်းအချိန်ပိုအထိ ရေကုန်ရေခမ်းကစား ခဲ့သော်လည်း အမေရိကန်က အနိုင်ရလဒ်ကို ဆက်ထိန်းကာ နောက်တဆင့်တက်ရောက်သွားသည်။

အမေရိကန်အသင်းကို အားပေးနေသူများ

၁၆ အသင်း ရှုံးထွက်အဆင့်တွင် အမေရိကန်က နယ်သာလန်နှင့်ကန်ရမည်ဖြစ်ကာ နာမည်ကြီး အင်္ဂလန် အသင်းမှာမူ ခြေစွမ်းထက်သည့် အာဖရိကအသင်း ဆီနီဂေါနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။