ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီး

Local News

ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က ယနေ့ ညနေပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချရာ ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီးကြောင်း Chinland Information Centerက သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီက CNF Headquarters Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မံ ဗုံးကျဲချခဲ့ရာ နီးစပ်ရာရွာများမှ လူနာများအားလက်ခံကုသပေးနေသည့် ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ သို့ရာတွင် လူထိခိုက်thayဆုံးမှုကို ထုတ်ပြန်ထားခြင်းမရှိပေ။

“တော်တော်များများက တော့ ရှောင်နေကြတော့ အဲဒီဌာနချုပ်အဆောင်တွေမှာ မရှိကြတော့ဘူး။ အထိအခိုက်တော့ နည်းမယ်ထင်ပါတယ်။ အားလုံးက သတိရှိကြတော့။ အတိအကျတော့ မသိရသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် CNF ရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။