ညီမအငယ်ဆုံးလေးကို ခေါ်ပြီး ပွဲတက်ခဲ့တဲ့ ဆယ်လီနာ ဂိုမက်ဇ် စတီဗင်စပီးဘတ်၊ ကောလင်းဖာရဲလ်နဲ့ မစ်ချ်ရှယ်ယို တို့ ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမြင်ကွင်းပုံရိပ်များ

Celebrity International News

ညီမအငယ်ဆုံးလေးကို ခေါ်ပြီး ပွဲတက်ခဲ့တဲ့ ဆယ်လီနာ ဂိုမက်ဇ်
စတီဗင်စပီးဘတ်၊ ကောလင်းဖာရဲလ်နဲ့ မစ်ချ်ရှယ်ယို တို့ ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမြင်ကွင်းပုံရိပ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ညီမအငယ်ဆုံးလေးကို ခေါ်ပြီး ပွဲတက်ခဲ့တဲ့ ဆယ်လီနာ ဂိုမက်ဇ် စတီဗင်စပီးဘတ်၊ ကောလင်းဖာရဲလ်နဲ့ မစ်ချ်ရှယ်ယို တို့ ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမြင်ကွင်းပုံရိပ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်မင်းသမီးချောလေး ဆယ်လီနာဂိုမက်ဇ်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ရွှေကမ္ဘာလုံးဆုပေးပွဲကို အသက် ၉ နှစ်အရွယ် သူ့ညီမအငယ်ဆုံးလေး ဂရေဆီ အီလီရော့ တီဖီရ်နဲ့အတူ တက်ရောက်ခဲ့တာပါ။ အနီရောင်လျှောက်လမ်းထက်မှာ သူတို့ညီမနှစ်ယောက်လုံး ချစ်စရာကောင်းပြီး လှပလို့နေပါတယ်။

ဆယ်လီနာက ဆံပင်ကို မြှောက်စည်းထားပြီး ခရမ်းရောင်ဖောင်းပွလက်ပါတဲ့ ကတ္တီပါသားအနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။ညီမဖြစ်သူက တလက်လက်တောက်ပနေတဲ့ ဂါဝန်ကို ဝတ်ဆင်ထားတဲ့အပြင် ဂါဝန်နဲ့လိုက်ဖက်တဲ့ အိတ်ကိုလည်း ကိုင်ထားပါတယ်။ အဲဒီအိတ်က လူအများရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ကျောက်တွေပါတဲ့ Prada Cleo အိတ်ဖြစ်ပြီး Prada ဝဘ်ဆိုက်မှာ အိတ်ရဲ့တန်ဖိုးက ဒေါ်လာ ၃၉၀၀ ဖြစ်ပါတယ်။

ညီမနှစ်ယောက်အတူတူပွဲတတ်တာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အနီရောင်လျှောက်လမ်းထက် သူတို့နှစ်ယောက်ရဲ့ချစ်စရာအခိုက်အတန့်တွေကို အရင်က မျှဝေခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်က ဂရေဆီဟာ Frozen 2 အထူးပြပွဲကိုလည်း အစ်မဖြစ်သူဆယ်လီနာနဲ့အတူ တက်ရောက်ခဲ့ပါသေးတယ်။
ဆယ်လီနာနဲ့ဂရေဆီတို့က အမေတူအဖေကွဲညီအစ်မတွေပါ။ အမေဖြစ်သူ မန်ဒီ တီဖီက ဂရေဆီကို ၂၀၁၃ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။

စတီဗင်စပီးဘတ်၊ ကောလင်းဖာရဲလ်နဲ့ မစ်ချ်ရှယ်ယို တို့ ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမြင်ကွင်းပုံရိပ်များ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ဘာဗလီဟေးမြို့မှာ မနေ့ ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့တဲ့ အကြိမ် ၈၀ မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲမြင်ကွင်းတွေပါ။

ဒီပွဲမှာမြန်မာပရိသတ်တွေနဲ့ သိပ်မစိမ်းလှတဲ့ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ စတီဗင်စပီးဘတ်ဂ်က The Fablesman ဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု နှစ်ဆု ဆွတ်ခူးခဲ့ပါတယ်။

Musical/Comedy အမျိုးအစားကဏ္ဏမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ မင်းသမီး မစ်ချ်ရှယ်ယိုက ‘Everything Eveywhere All at Once’ ဇာတ်ကားနဲ့ ရရှိခဲ့ပြီး မင်းသားကောလင်းဖာရဲလ်ကလည်း အဲဒီ ကဏ္ဏအောက်ကနေ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ‘The Banshees of Inisherin’ ဇာတ်ကားနဲ့ ရရှိသွားပါတယ်။

ဒီဆုပေးပွဲမှာ ကောလင်းဖာရဲလ် ဆုရတဲ့ဇာတ်ကား The Banshees of Inisherin ကတော့ ဝေးလံခေါင်သီတဲ့ အိုင်ယာလန်နိုင်ငံက ကျွန်းတစ်ကျွန်းပေါ်မှာ သူငယ်ချင်းနှစ်ဦးရဲ့ ပျက်စီးသွားတဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပြီး အဲဒီဇာတ်ကားက Musical/Comedy ကဏ္ဏအတွက် အကောင်းဆုံးဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ ဇာတ်ဆောင်ဆု ဆိုတဲ့အဓိက ဆုကြီး ၃ ဆု ဆွတ်ခူးခဲ့ပါတယ်။


ဒါရိုက်တာ စတီဗင်စပီးဘတ်ဂ် ရိုက်ကူးတဲ့ The Fablesman ဇာတ်ကားကတော့ စတီဗင်စပီးဘတ်ဂ် ရဲ့ဆယ်ကျော်သက်အရွယ်ငယ်ဘဝကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ဒရာမာကဏ္ဏအတွက်အကောင်းဆုံး ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆု ဆွတ်ခူးခဲ့ပါတယ်။

ဒရာမာအမျိုးအစားကဏ္ဏမှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုတော့ Elvis ဇာတ်ကားနဲ့ အော်စတင်ဘတ္တလာ က ရရှိသွားပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို Tar ဇာတ်ကားနဲ့ မင်းသမီး ကိတ်ဘလန်ချက်က ရရှိသွားပါတယ်။

ရေးသားသူ – BBC Burmese/ Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။