ထီကံ အကောင်းဆုံး ရာသီဖွား ၅ မျိုးအကြောင်း

Astrology

ထီကံ အကောင်းဆုံး ရာသီဖွား ၅ မျိုးအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထီကံ အကောင်းဆုံး ရာသီဖွား ၅ မျိုးအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မြန်မာ့ရိုးရာဗေဒင်ပညာရပ်မှာ ထီပေါက်ကိန်းနဲ့ပတ်သက်ပြီး တွက်ကိန်းအမျိုးမျိုးနဲ့ အယူအဆအဖုံဖုံ ရှိပါတယ်။ အထူးသဖြင့် စလေဦးပုညရဲ့ ထီတွက်ကိန်းဟာ မြန်မာ့ရိုးရာဗေဒင်ကိန်းခန်းတစ်ခုအဖြစ် နာမည်ကျော်ခဲ့သလို အနောက်တိုင်းမှာလည်း ဂဏန်းဗေဒင်နည်းစနစ်တွေနဲ့ တွက်ချက် ကြံစည်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီထဲမှာမှ နက္ခတ်ရာသီခွင်စနစ်အရ ထီပေါက်ကိန်းနဲ့ အနီးစပ်ဆုံး ရာသီဖွားတွေက ဘယ်ရာသီဖွားတွေလဲဆိုတာကို ပညာရှင်တွေနဲ့ သုတေသနတွေက ဖော်ထုတ် တွေ့ရှိထားပါတယ်။ အဲဒီရာသီဖွားတွေကတော့…

၁။ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ဓနဥစ္စာကို ပေးစွမ်းတဲ့ ကြာသပတေးဂြိုဟ်ကြီး ရပ်တည်မှု အားကောင်းတဲ့ ဗြိစ္ဆာရာသီဖွားတွေဟာ ဇာတာအရ မွေးရာပါ ကံထူးသူတွေ ဖြစ်တတ်ပါတယ်။ သူတကာလို သိပ်အားစိုက်စရာ မလိုဘဲ ကံစမ်းမဲ၊ လောင်းကစားနဲ့ ထီကိစ္စတွေမှာ ပွပေါက်တိုးလွယ်သူတွေ ဖြစ်ပါတယ်။ ထီကံ အားကောင်းသူတွေမို့ စိတ်ကူးပေါက်သလို အမြဲ ကံစမ်းကြည့်စေချင်ပါတယ်။ ဂဏန်းရွေးချယ်ခွင့် ရမယ်ဆိုရင် ၃၊ ၉ ဂဏန်းတွေ များများ ပါအောင် ထိုးပါ။

၂။ ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

သတိကောင်းတဲ့ စနေဂြိုဟ်နဲ့ ထူးဆန်းအံ့ဖွယ်ရာ ယူရေးနပ်စ်ဂြိုဟ်တို့ ပေါင်းစည်းထားတဲ့ ကုမ်ရာသီဖွားတွေက ရမ်းသမ်းထိုးတဲ့ ထီမျိုးထက် ကိုယ်တိုင် စနစ်တကျ တွက်ချက်ပြီးမှ ထိုးတာမျိုးကို ပိုမိုအားရကျေနပ်တတ်ကြပါတယ်။ ထီကံ၊ လောင်းကစားကံပိုင်းမှာ အားသာချက်ရှိပေမယ့် သေချာပေါက်နီးပါး ပိုင်ပြီဆိုမှ ပုံအော ရိုက်တတ်သူမျိုး ဖြစ်ပါတယ်။ ထီထိုးမယ်ဆိုရင်လည်း သေချာ တွက်ချက်ထိုးတတ်သူတွေပါ။ ၄ နဲ့ ၈ ဂဏန်းတွေ သုံးကြည့်ပါ။

၃။ ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ထီကံ အားကောင်းသူတွေထဲမှာ လေးမြားကို ကိုင်ဆောင်သူ ဓနုရာသီခွင် ကြယ်စုဖွားတွေလည်း ပါဝင်ပါတယ်။ ဘယ်အရာမဆို အကောင်းဘက်က ရှုမြင်ပေးတတ်ကြတဲ့ ဓနုရာသီဖွားတွေဟာ ထီ၊ လောင်းကစားတွေမှာပါ စိတ်ထဲ သိပ်မခံစားဘဲ ထိုးတတ်၊ ပေါက်တတ်ကြသူတွေ ဖြစ်ပါတယ်။ ထိုးကြည့်မယ်၊ ပေါက်လည်း ယူမယ်၊ မပေါက်လည်း မယူဘူးဆိုပြီး ပေါ့ပေါ့ပါးပါး နေတတ်ကြတယ်။ ကံစမ်းချင်ရင်တော့ ၃ နဲ့ ၉ ဂဏန်းတွေကို သုံးပါ။

၄။ မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

စိတ်ထဲ ပေါက်ကိုပေါက်ရမယ် ဆိုပြီး ဟဲဗီးကြီး မထားဘဲ ဒီလ ထီထိုးကြည့်ဦးမယ်ဆိုတာ မိန်ရာသီဖွားတွေရဲ့ စတိုင်ပါပဲ။ ကံကောင်းထောက်မလို့ ထီပေါက်ကိန်း ကြုံ၊ ပွပေါက်တိုးလာရင်လည်း ရလာသမျှကို ပြန်ပြီးတော့ အလှူအတန်းဘက် လှည့်ပေးလိုက်တာဟာလည်း မိန်ရာသီဖွားတွေပါ။ စိတ်ထဲကနေ အလိုလို သိမြင်ခံစားတတ်သူမျိုး ဖြစ်လို့ စိတ်ထဲ ဖျတ်ခနဲ ပေါ်တဲ့အခါမှာ ထီထိုးကြည့်ပါ။ ဂဏန်းတွေအနေနဲ့က ၃၊ ၂၊ ၇ တို့ကို ကံစမ်းကြည့်ပါ။

၅။ ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ကိုယ့်ဘဝအကြောင်း ကိုယ်ပြန်စဉ်းစားသုံးသပ်ကြည့်တဲ့အခါ ကိုယ့်လောက် ကံကောင်းတာ (တစ်နည်းအားဖြင့်) သူများလောက် ကံသိပ်မဆိုးတာ ကိုယ်ပဲ ရှိမယ်လို့ ပြန်မြင်မိတာ ကန်ရာသီဖွားတွေပါပဲ။ ဘာလို့လဲဆိုတော့ကာ များသောအားဖြင့် ကံတရားက သူတို့ဘက်မှာ ရပ်တည်ပေးနေကျမို့ပါ။ အသေးစိတ်ကျပြီး တိတိကျကျ လုပ်သူ၊ စနစ်တကျ စီစဉ်တတ်သူတွေဖြစ်လို့ ထီထိုးရင်လည်း သေချာ ချိန်ဆတတ်ပါတယ်။ ၅ ဂဏန်းကို များများသုံးပါ။

ဒီတော့ သူများနဲ့ ယှဉ်ရင် ထီကံ ပိုအားသာတတ်တဲ့ ရာသီဖွား ငါးမျိုးကို တင်ဆက်ခဲ့ပြီးပါပြီ။ ကိုယ်တိုင်ရော ဒီကံထူးသူများစာရင်းမှာ ပါနေသလား၊ ပါနေရင်တော့ ထီထိုးကံစမ်းကြည့်ဖို့ လိုပါတယ်။ မထိုးဘဲ နေရင်တော့ ထီကံ ရှိရင်တောင် မပေါက်ဘဲ ပြီးဆုံးသွားပါလိမ့်မယ်။ ကံပါရင် စမ်းကြည့်ဖို့က ကိုယ့်တာဝန်ပဲ မဟုတ်ပါလား။

ရေးသားသူ – ဧက (ဗေဒင်သုတ)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။