တြိဂံ ပုံသဏ္ဏာန်ရှိသောမြေ အမျိုးအစား ကလေးလူကြီး ကျန်းမာစေဖို့ ယတြာ

Astrology

တြိဂံ ပုံသဏ္ဏာန်ရှိသောမြေ အမျိုးအစား
ကလေးလူကြီး ကျန်းမာစေဖို့ ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တြိဂံ ပုံသဏ္ဏာန်ရှိသောမြေ အမျိုးအစား ကလေးလူကြီး ကျန်းမာစေဖို့ ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဖုန်းရွှေပညာ ဆိုတာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်လောက်ကပေါ်ပေါက်ခဲ့တဲ့ ရှေးဟောင်း ဂန္ဓရီ အတတ်ပညာတစ်ခုပဲဖြစ်ပါတယ်။ မြေနေရာ ရွေးချယ်မှု ၊ အိမ်ဆောက်လုပ်မှု ၊အိမ်ခန်းဖွဲ့စည်းမှု၊ အိမ်ထောင်ပရိဘောဂ နေရာထားမှုတွေနဲ့ မူလဘူတ ဘဘာ၀ဓါတ်ကြီးတွေရဲ့သက်ရောက်ဆက်နွယ် အကျိုးသက်ရောက်မှုကိုဆန်းစစ်တဲ့ပညာပါ။ ယခုတစ်ခါမှာတော့ မင်းသိင်္ခဗေဒင် ပရိသတ်များအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ။

တြဂံပုံသဏ္ဏာန်ရှိတဲ့မြေကွက် တွေပေါ်မှာ အိမ်ဆောက်ပြီးနေမယ် ဆိုရင် အိမ်အရှေ့ဘက်ထောင့်စွန်းမှာ ခြံစည်းရိုးထက်အနည်းဆုံး ၂ဆ လောက်မြင်တဲ့ ဓါတ်မီးတိုင်ကိုစိုက်ထားရပါမယ်။ ဒါမှမဟုတ် ပုဏ္ဏရိပ်ပင်တွေကိုထူထူစိုက်ပြီး ထောင့်စွန်းကိုပုံဖြတ်ပေးလိုက်ရပါမယ်။ အဲလိုဆိုရင်တော့ ထောင့်စွန်းက မကောင်းတာတွေမရှိတော့ဘူးလို့အယူအဆရှိကြပါတယ်။

ကလေးလူကြီး ကျန်းမာစေဖို့ ယတြာ

ကျန်းမာရေး မကောင်းတဲ့ ကလေးရဲ့ အသက်ကို တည်၇ ဖြင့်စား ကာ အကြွင်းဂဏန်း အရ အညွှန့်အခက် လှူရုံနဲ့လုံလောက်ပါတယ်။

၁ ခု ကြွင်းလျှင် အုန်းညွှန့် ၊ အုန်းသီးမုန့် ဘုရားလှူပါ။
၂ ခု ကြွင်းလျှင် ကံကော်ညွှန့် ၊ ကောက်ညှင်းမုန့် ဘုရားလှူပါ။
၃ ခု ကြွင်းလျှင် စံပါယ်ညွှန့် ၊ ဇီးယို ဘုရားလှူပါ။
၄ ခု ကြွင်းလျှင် ဝါးညွှန့် ၊ ရှောက်ယို ဘုရားလှူပါ။
၅ ခု ကြွင်းလျှင် မေမြို့ပန်း ၊ မြေပဲယို ဘုရားလှူပါ။
၆ ခု ကြွင်းလျှင် သပြေညွှန့် ၊ သကြား ဘုရားလှူပါ။
၀ ခု ကြွင်းလျှင် နှင်းဆီပန်း ၊ ထန်းလျက် ဘုရားလှူပါ။

လူကြီးများ ကံဇာတာ မြင့်တက်၍ ကျန်းမာရေး ကောင်းစေရန် အတွက်

၁ ခုကြွင်း လျှင် အရိမေတ္တယျ ဘုရားကို ရည်မှန်း၍
မေမြို့ပန်း ၁၉ ပွင့် မြေပဲယို ၁၉ ခု လှူဒါန်းပါ။
၂ ခုကြွင်း လျှင် ကကုသန် ဘုရားကို ရည်မှန်း၍
သပြေညွှန့် ၂၁ ညွှန့် ၊ သကြား လှူဒါန်းပါ။
၃ ခုကြွင်း လျှင် စိန္တာမုနိ ဘုရားကို ရည်မှန်း၍ ဒေါန ၁၀ ညွှန့် ၊ ထန်းလျက် ၁၀ ခဲ လှူဒါန်းပါ။
၄ ခုကြွင်း လျှင် ဝိပဿီ ဘုရားကို ရည်မှန်း၍
အုန်း ၆ ညွှန့် ၊ အုန်းသီးစိတ် ၆ စိပ် လှူဒါန်းပါ။
၅ ခုကြွင်း လျှင် ပဒုမ ဘုရားကို ရည်မှန်း၍
ခရေ ၁၅ ညွှန့် ၊ ကြံသကာ ၁၅ ခု လှူဒါန်းပါ။
၆ ခုကြွင်း လျှင် သုမန ဘုရားကို ရည်မှန်း၍
ဇီးညွှန့် ၈ ညွှန့် ၊ ဇီးယို လှူဒါန်းပါ
၀ ခုကြွင်း လျှင် နာရဒ ဘုရားကို ရည်မှန်း၍ ရွတ်လှ ၁၇ ညွှန့် ရှောက်ယို လှူဒါန်းပါ။

ရေးသားသူ – credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။