ဆီမီးလေးများအကြောင်း

Astrology
ဆီမီးလေးများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီမီးလေးများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီမီးလေးများအကြောင်း

ညချမ်းရောက်တဲ့ အချိန်တိုင်းမှာ မြတ်စွာဘုရားကို ဆီမီးထွန်းညှိပူဇော်ခြင်းဖြင့် မိမိတို့ ကြုံတွေ့ရင်ဆိုင်ရတဲ့ အခက်အခဲများ ၊အနှောက်အယှက်များ ၊ကိုဖယ်ရှားပေးပြီး ကောင်းမြတ်သင့်တော်သော လမ်းများကို ရရှိစေဖို့ မြတ်စွာဘုရားထံပါးမှာ ဆုတောင်းရခြင်းမျိုးပဲဖြစ်ပါသည်။

ထိုသို့ကပ်လှူပူဇော်ရာမှာ အလင်းတိုင်ကပ်လှူ ကြတဲ့သူတွေရှိသလို…ဆီမီးခွက်ကလေးတွေနဲ့မှ ကပ်လှူပူဇော်တဲ့သူများလည်း ရှိပါတယ် …
နောက်ပြီး အဲဒိထဲကမှဆီမီးကို ထွန်းညှိရာမှာ အသုံးပြုလို့ရတဲ့ ဆီကလေးတွေရဲ့ အစွမ်းသတ္တိ အမျိုးမျိုးအကြောင်းကို ပြောပြမယ်…ဗဟုသုတအဖြစ်ပေါ့ …ဒါ့အပြင် အောက်ပါအခက်အခဲလေးတွေကြုံတွေ့တော့လည်း လက်တွေ့အသုံးပြုလို့ရတာပေါ့နော် ….

(၁)ဆီမီးလေးများ၏ စွမ်းအင်သတ္တိ

က။အတိုက်အခိုက်များလွန်းခြင်း ၊ကြွေးမှီများကြောင့် စိတ်မွန်းကျပ်ခြင်း ၊ အိ်မ်တွင်းရေး ပူလောင်ခြင်းများ ၊ မကောင်းသောဂြိုလ်စီးနင်းခြင်းခံရချိန်များတွင် နှမ်းဆီကို အသုံးပြုပါ။

ခ။ မိမိအားအထင်မြင်လွဲမှားခြင်း ၊စီးပွားလာဘ်လာဘများ ပွင့်လန်းအောင်မြင်စေရန် ပဲဆီကို အသုံးပြုပေးပါ။

ဂ။ပညာရေး၊အင်တာဗျူး အခက်အခဲများအောင်မြင်စေရန် နေကြာဆီ သို့မဟုတ် အုန်းဆီကို အသုံးပြုပေးရပါမည်။

ဃ။ကျန်းမာရေးများ ကောင်းမွန်စေရန် ၊လာဘ်လာဘများ ငွေကြေးများ ကောင်းမွန်စေရန်အတွက် ထောပတ်ဆီကို အသုံးပြု ပေးရပါမည် ။

(၂)ဆီမီးပူဇော်ရန် အချိန်ခါကောင်းများ

ဆီမီးပူဇော်ရန် အချိန်ခါကောင်းများမှာ နံနက် စောစော၊ညနေစောင်း (၄နာရီ မှ ၆နာရီ) အချိန် များတွင် ထွန်းညှိလှူဒါန်းနိုင်ပါသည် ။

(၃)ဆီမီးခွက် ဘယ်လောက်ထွန်းရမလဲ…?

ဆီမီးခွက် တခွက်ထွန်းလျှင် အသင့်အတင့် ကောင်းမွန်မှုကို ခံစားရစေပါသည်။
ဆီမီးခွက် နှစ်ခွက်ထွန်းလျှင် မိသားစု စည်းလုံးညီညွတ်မှုများကို ခံစားရစေတတ်ပါသည်။ဆီမီးခွက် သုံးခွက်ထွန်းလျှင် မိမိရင်သွေးက ကောင်းကျိုးပေးခြင်းကို ခံစားရစေတတ်ပါသည်။

ဆီမီးခွက် လေးခွက်ထွန်းလျှင် မြေယာကိစ္စများ၊လုပ်ငန်းသုံးသတ္တဝါများအတွက်မကောင်းမှုကို ခံစားရစေတတ်ပါသည်။
ဆီမီးခွက် ငါးခွက်ထွန်းလျှင် မကောင်းမှုများဘေးမှသက်သာရာရပြီး၊ရွှေငွေများတိုးပွားရရှိခြင်းကောင်းကျိုးကို ခံစားရစေတတ်ပါသည်။
(၄)ဆီမီးပူဇော်ပြီးလာဘ်လာဘ ပွင့်လန်းစေရန် အောက်ပါ ဂါထာကို မိမိသက်စေ့ရွတ်ဆိုပြီးမှ လှူဒါန်းပေးပါ။

ဧဟိ မိတ္တိ ၊ဧဟိ ဓနံ ၊ဧဟိလာဘံ
ဧဟိ သုခံ၊ဧဟိ ဇေယျ ၊ ဧဟိ မင်္ဂလံ
သဗ္ဗသိဒ္ဓိ ဒေဟိ ဒေဟိ

ဆီမီးလေးများ ထွန်းညှိပူဇော်ပြီး မိမိလိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ဝ ကြပါစေလို့ မဇာမှ ဆုမွန်ကောင်းများ တောင်းပေးအပ်ပါသည်…..

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။