တချိန်က ဇေယျာရွှေမြေ၊ ရန်ကုန်တို့မှာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး နေရှင်နယ်လိဂ်ရဲ့ ကြေးအကြီးဆုံးကစားသမားလို့တောင်မှ ယူဆခဲ့ရတဲ့ ကျော်ကိုကို

Celebrity Sports

တချိန်က ဇေယျာရွှေမြေ၊ ရန်ကုန်တို့မှာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး နေရှင်နယ်လိဂ်ရဲ့ ကြေးအကြီးဆုံးကစားသမားလို့တောင်မှ ယူဆခဲ့ရတဲ့ ကျော်ကိုကို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တချိန်က ဇေယျာရွှေမြေ၊ ရန်ကုန်တို့မှာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး နေရှင်နယ်လိဂ်ရဲ့ ကြေးအကြီးဆုံးကစားသမားလို့တောင်မှ ယူဆခဲ့ရတဲ့ ကျော်ကိုကို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အရင် မြန်မာ့လက်ရွေးစင်အသင်းမှာ K3 တိုက်စစ်အတွဲဆိုပြီး တော်တော်လေး ပေါက်ရောက်ခဲ့ဖူးတယ်။ ကျော်ကိုကို၊ ကြည်လင်းနဲ့ ကျော်ဇေယျာဝင်းတို့ အတွဲပေါ့။ အဲဒီအချိန်မှာ အသင်းက တကယ်လည်း ကစားပုံကောင်းတယ်၊ ၃ ယောက်စလုံးကလည်း ခြေစွမ်းကောင်းတဲ့သူတွေဆိုတော့ လက်ရွေးစင်အသင်းလည်း ရလဒ်ပိုင်းက မဆိုးခဲ့တဲ့ အချိန်တွေပေါ့။

Yangon, Myanmar. 10th Oct, 2017. Kyaw Ko Ko (L) of Myanmar celebrates  scoring during the the AFC Asian Cup qualifiers final round Group A match  between Myanmar and Kazakhstan at the Thuwanna

မြန်မာတိုက်စစ်မှူးတွေထဲမှာ ရှားရှားပါးပါးသဘောကျမိတာက ကျော်ကိုကိုပါ။ စကေးလ်ကောင်းတယ်၊ ကြိုးစားအားထုတ်မှုကောင်းတယ်၊ ပြီးတော့ ဘောလုံးကို တကယ်စိတ်နှစ်ပြီး ကစားတဲ့ သူ။ အခု ဒီဘက်ခေတ်မှာ ထိုင်းလိဂ်ကို မြန်မာပလေယာတွေ သွားကစားနေတာမှာ ကျော်ကိုကိုက စခဲ့တာလို့ ပြောလို့ရတယ်။ သူ သွားကစားတာကနေ လမ်းပွင့်သွားပြီး တောက်လျှောက်ကို သွားကစားနေကြတော့တာပဲ။ ဒါပေမယ့် ကျော်ကိုကိုက ကံမကောင်းဘူး။ ထိုင်းလိဂ်မှာ ကစားနိုင်တဲ့ အရည်အသွေးမျိုး သူ့မှာရှိပေမယ့် ဒဏ်ရာပြသနာတွေက ဆွဲချတာခံလိုက်ရတယ်။

Chiang Rai United decide against registering Kyaw Ko Ko for AFC Champions  League qualifier – Football Tribe Asia

ချင်းရိုင်အတွက် ကစားပေးနေတုန်း ပတ္တယားနဲ့ပွဲမှာ ဒူးဒဏ်ရာရသွားတာကစပြီး ပြန်ကိုတက်မလာတော့ဘူး။ ကစားသမားတယောက်အတွက် ဒူးဒဏ်ရာက အဆိုးရွားဆုံးပဲဆိုတာ ကတယ်မှန်ပါတယ်။ အဲဒီဒဏ်ရာရပြီးကတည်းက သူ ပွဲကစားရတာနည်းလာတယ်၊ အရန်ပဲဖြစ်နေတယ်၊ ပြီးတော့ ဂိုးလည်းသိပ်မရတော့ဘူး။ တော်တော်ကံဆိုးတာပါ။ တကယ်ကြိုးစားတဲ့သူ၊ ဘောလုံးကိုပဲ အာရုံစိုက်တဲ့ ကစားသမားကိုမှ ဒူးဒဏ်ရာက နှိပ်စက်ခဲ့တာပါ။

သူ လက်ရွေးစင်ဖြစ်တဲ့အချိန်ကစပြီး အခုချိန်ထိ မြန်မာတိုက်စစ်ပိုင်းမှာ သူ့လိုကစားသမားမျိုးက မရှိသလောက်ကို ရှားသွားတယ်။ (အောင်သူကလည်း တကယ်ကောင်းခဲ့တယ်ဆိုပေမယ့် တိုက်စစ်မှူးစစ်စစ်မဟုတ်ခဲ့ဘူး)။ ကျော်ကိုကိုက တိုက်စစ်နေရာစုံကစားနိုင်တယ်၊ ကြုံသလိုဂိုးသွင်းနိုင်တယ်၊ dribbles တွေလည်း ကောင်းကောင်းလုပ်နိုင်တယ်။ တိုက်စစ်မှူးတဦးအနေနဲ့ သူ လုပ်နိုင်တာတွေက အများကြီးပဲ။ ဒီထက်မကကို သူ လုပ်ပြနိုင်ခဲ့သင့်တာပါ။ အခုတော့ သူ ပြည်တွင်းမှာ ပြန်ကစားဖို့ ပြန်ရောက်လာပြီ။

တချိန်က ဇေယျာရွှေမြေ၊ ရန်ကုန်တို့မှာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး နေရှင်နယ်လိဂ်ရဲ့ ကြေးအကြီးဆုံးကစားသမားလို့တောင်မှ ယူဆခဲ့ရတဲ့ ကျော်ကိုကိုက ရှမ်းယူနိုက်တက်မှာ ကစားမယ်လို့ ဆိုပါတယ်။ ဒီမှာဆိုရင်တော့ သူ့လက်ရှိအနေအထားနဲ့ ကစားလို့တော့ရနိုင်ဦးမှာပါ။ တချိန်က အရမ်းသဘောကျခဲ့တဲ့ ကစားသမားတဦးက ဒဏ်ရာပြသနာတွေကြောင့် ထင်သလောက်မဖြစ်ခဲ့တာတော့ စိတ်မကောင်းဖြစ်ရပါတယ်။

ရေးသားသူ – ဘောဒေါ့ကွန်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။