မိုက်တိုင်ဆန်ကို လက်ချောင်းချိုးခဲ့တဲ့ IP Man

Celebrity International News
မိုက်တိုင်ဆန်ကို လက်ချောင်းချိုးခဲ့တဲ့ IP Man

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုက်တိုင်ဆန်ကို လက်ချောင်းချိုးခဲ့တဲ့ IP Man ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုက်တိုင်ဆန်ကို လက်ချောင်းချိုးခဲ့တဲ့ IP Man

IP Man မင်းသား ဒွန်နီယန်က သရုပ်ဆောင်စဉ်အတွင်း မိုက်တိုင်ဆန်ရဲ့ လက်ချောင်းကို မတော်တဆ ချိုးမိခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။IP Man 3 ရုပ်ရှင်အတွင်း ဒွန်နီယန်နဲ့ မိုက်တိုင်ဆန်တို့ရဲ့ တိုက်ခိုက်မှုဇာတ်ဝင်ခန်းမှာ အမှတ်တရဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့ပါတယ်။

“ကျွန်တော်လည်း အဲဒီဇာတ်ဝင်ခန်းမှာ ဒဏ်ရာတွေရခဲ့တယ်၊ မိုက်ကတော့ ပိုဆိုးသွားတာပေါ့၊ သူ့လက်ချောင်းကို ကျွန်တော်ချိုးမိလိုက်တယ်၊ တကယ်ကို မတော်တဆဖြစ်တာပါ၊ အဲနေ့က မိုက်က ဆက်သရုပ်ဆောင်ခဲ့တယ်၊ နောက်ပိုင်း ဆေးရုံကို သွားစစ်ဆေးမှ သူ့လက်ချောင်းကျိုးသွားတာ သိခဲ့ရတာ၊ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်မိပြီး၊ မိုက်ကို ပြန်တောင်းပန်ခဲ့ပါတယ်” လို့ ဒွန်နီယန်က ပြောပါတယ်။

“မိုက်ရဲ့ ထိုးချက်တွေကလည်း လေဆင်နှာမောင်းလိုပဲ ဆက်တိုက်ဆိုသလို ကျွန်တော့်ဆီလာနေတာ၊ ကျွန်တော်လည်း ထိခိုက်မိတယ်၊ တော်တော်လည်း မိုက်ကို ကျွန်တော်ကြောက်သွားတယ်” လို့လည်း ဒွန်နီယန်က ဆိုပါတယ်။

IP Man 3 ရုပ်ရှင်အတွင်း သရုပ်ဆောင်နှစ်ဦးလည်း ဒဏ်ရာတွေရရှိခဲ့သလို၊ ဒွန်နီယန်နဲ့ မိုက်တိုင်ဆန်တို့ရဲ့ တိုက်ခိုက်ခန်းဟာလည်း ပရိသတ်အကြိုက်ဇာတ်ဝင်ခန်းဖြစ်ခဲ့ပါတယ်။

ရေးသားသူ –Opinion Leaders

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။