အသက် (၇၈) နှစ်ထိတိုင် လန်းဆန်းပြီးနုပျိုလှပနေဆဲဖြစ်တဲ့ အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုရဲ့အကြောင်းကိုပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Celebrity

အသက် (၇၈) နှစ်ထိတိုင် လန်းဆန်းပြီးနုပျိုလှပနေဆဲဖြစ်တဲ့ အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုရဲ့အကြောင်းကိုပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် (၇၈) နှစ်ထိတိုင် လန်းဆန်းပြီးနုပျိုလှပနေဆဲဖြစ်တဲ့ အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုရဲ့အကြောင်းကိုပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါကလူကြိုက်များအောင်မြင်ခဲ့တဲ့မင်းသမီးကြီးဖြစ်တဲ့ခင်သန်းနုကတော့မိခင်ရဲ့တိုက် တွန်းမှုကြောင့်အားကစားလိုက်စားခဲ့ပြီးမန်းတိုင်းမယ်၊ဥတ္တရတိုင်းမယ်တို့ကိုဆွတ်ခူးရရှိကာ၁၉၆၁မှာပြည်ထောင်စုမယ်ဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်။အကယ်ဒမီဆုတွေများစွာကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ အကယ်ဒမီ ခင်သန်းနုဟာ တချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ပြီး ဇာတ်ကားတွေရိုက်ကူးခဲ့သလို အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးအဆက်အသွယ်ပြတ်တောက်နေခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက သူ့ရဲ့နေအိမ်ကိုလာခဲ့တဲ့ မင်းသမီးကြီး ခင်သန်းနုအကြောင်းကို ပြောလာပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးက “ရုပ်ရှင်မင်းသမီးကြီးခင်သန်းနုအိမ်အလည်ရောက်တုန်းခဏ…ခုထက်ထိနုပျိုလှပတက်ကြွနေတဲ့အသက်၇၈နစ်အရွယ်မြန်မာရုပ်ရှင်မင်းသမီးတယောက်ရဲ့အလှတရား….” ဆိုပြီး ပရိသတ်တွေအတွက် မင်းသမီးကြီးခင်သန်းနုအကြောင်းကို ပြောလာခဲ့တာပဲဖြစ်ပါတယ်။

မင်းသမီးကြီးခင်သန်းနုကတော့ လက်ရှိအသက် (၇၈) နှစ်တိုင် နုပျိုလှပပြီး အရင်အတိုင်းချောမောနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသမီးကြီး ခင်သန်းနုရဲ့ နုပျိုမှုကိုကြည့်ပြီး အံ့သြမှင်သက်နေကြမယ် ထင်ပါတယ်နော်။

ရေးသားသူ – Myanmar Celebrity News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။