အမည်အဖျားစာလုံးမှမွေးဖွားပေးလိုက်တဲ့အကျင့်စရိုက်ဆိုးများ အပိုင်း(၁+၂)

Astrology

အမည်အဖျားစာလုံးမှမွေးဖွားပေးလိုက်တဲ့အကျင့်စရိုက်ဆိုးများ အပိုင်း(၁+၂)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမည်အဖျားစာလုံးမှမွေးဖွားပေးလိုက်တဲ့အကျင့်စရိုက်ဆိုးများအပိုင်း(၁+၂) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမည်အဖျားစာလုံးမှမွေးဖွားပေးလိုက်တဲ့အကျင့်စရိုက်ဆိုးများ-၁

လူတစ်ယောက်ရဲ့အမည်အဖျားစာလုံးအက္ခရာဟာ အဲဒီလူရဲ့စရိုက်သဘာဝ ၊ စိတ်ခံစားမှုအခြေအနေ ၊ အဲဒီလူရဲ့အသက်မွေးဝမ်းကျောင်းပြုရမဲ့ အလုပ်အကိုင်နဲ့ ခံစားရမဲ့ရောဂါဝေဒနာတွေကို ဖေါ်ပြနေသလိုပဲ အိမ်ထောင်ဖက်ရဲ့စရိုက်သဘာဝအိမ်ထောင်ဖက်ကြောင့် ပြောင်းလဲလာရမဲ့ ဘဝအခြေအနေတွေကို ဖေါ်ပြပေးပါတယ် ။

အဲဒီဖေါ်ပြတဲ့အက္ခရာစာလုံးတွေဟာ မိမိမွေးနံနဲ့ ဘယ်လိုဆက်သွယ်မှုရှိသလဲ ၊ မွေးနံကိုအကျိုးပြုမှာလား ၊ ထိခိုက်စေမှာလားဆိုတာ ချိန်ဆရသလို မွေးမဟာဘုတ်အရ အဲဒီအက္ခရာစာလုံး တည်ရှိရာနေရာအလိုက် ဘယ်လိုစရိုက်သဘာဝမျိုးကို မွေးဖွားပေးစေလိမ့်မယ်ဆိုတာကို ဆန်းစစ်ဖို့လိုအပ်ပါတယ် ။

အမည်အဖျားစာလုံးနဲ့ သက်ဆိုင်တဲ့ စီးပွားရေးနယ်ပယ်ကို တဖြေးဖြေးလုပ်ဖြစ်လာအောင် ဆွဲဆောင်သလို အိမ်ထောင်ဖက်ရဲ့စရိုက်သဘာဝ အိမ်ထောင်ဖက်ကြောင့်ပြောင်းလဲလာရမဲ့စိတ်သဘောထားတွေအပြင် မိမိရဲ့ခံစားရမဲ့ ရောဂါဝေဒနာများကိုပါ အဲဒီအမည်ရဲ့အဖျားစာလုံးကဖေါ်ပြပေးပါတယ် ။

ဒါဖြင့်ရင် ကောင်းတာတွေပဲရွေးပြီး မှည့်ခေါ်မယ်ဆိုရင်ကော အဲဒီလူဘဝ ကောင်းမှာပေါ့လို့ ထင်နေကြပါလိမ့်မယ် ။ အဲဒီလိုမဟုတ်ပါဘူး ။ အက္ခရာစာလုံးတိုင်းရဲ့ သီးသန့်အဓိပ္ပါယ်နဲ့ အဲဒီအက္ခရာစာလုံးနဲ့ ကာယကံရှင်မွေးနံနဲ့ ပတ်သက်မှု ဆက်နွယ်မှုတွေအပြင် အဲဒီအက္ခရာ စာလုံးရပ်တည်တဲ့မဟာဘုတ်ရဲ့စရိုက်သဘာဝ အကုန်လုံး ကောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။

အပြစ်အလွတ်ဆုံး ရွေးထားတဲ့ အမည်တောင်မှ ကိုယ့်အတွက်ကောင်းပေမဲ့ အိမ်ထောင်ဖက်အတွက်မကောင်းတာ ၊အိမ်ထောင်ဖက်အတွက်ကောင်းသော်လည်း မိမိအတွက်မကောင်းတာ မိမိရော အိမ်ထောင်ဖက်အတွက်ပါကောင်းပေမယ့်လည်း အလုပ်အကိုင်က ညံ့နေပြန်တာ ၊ မိမိအတွက် ၊ အိမ်ထောင်ဖက်အတွက် ၊ အလုပ်အကိုင်အတွက် ကောင်းတာရွေးပြန်ရင်လည်း ကျန်းမာရေးထိခိုက်သွားစေတတ်တာ စသဖြင့် အရာအားလုံး အဆင်ပြေချောမွေ့တယ်ဆိုတာ မရှိပါဘူး ။

မည်သည့် အမည်ဖြစ်စေ ခြောက်ပြစ်ကင်းတဲ့ အမည်ဆိုတာမရှိဘူးလို့ သဘောပေါက်ထားစေချင်ပါတယ် ။ မည်သူပဲဖြစ်ဖြစ် အတ္တကိုသာ ဗဟိုပြုကြသူမို့ ငါ့သား ငါ့သမီး ငါ့တူ ငါ့မြေး မှန်သမျှအကောင်းတကာ့ အကောင်းဆုံး ဖြစ်စေချင်ကြတာပါပဲ ။ အမည်တစ်ခုမှာနိမ့်မြင့်တက်ကျလောကဓံဆိုတဲ့ အဖြစ်အပျက်တွေက မဖြစ်မနေ ကြုံတွေ့ရမှာသေချာနေပြီး အဲဒီလောကဓံကိုရင်ဆိုင်ရင်းနဲ့ပဲ အသိထူး အမြင်ထူးတွေ ရရှိပြီးမှသာလျှင် ကိုယ်သွားရမဲ့လမ်း ဖြောင့်တန်းလာမှာ
ဖြစ်ပါတယ် ။

ပေးချင်တဲ့ မက်စေ့ က အမည်ရဲ့အဖျားစာလုံးရဲ့ ကောင်းတာတွေကို မသိချင်နေပါ ။ ဆိုးတာတွေကိုတော့သိစေချင်လို့ပါ ။
ဥပမာတစ်ခု နှစ်ခု ပြောပြပေးပါ့မယ် ။

တနင်္ဂနွေနံ အက္ခရာနဲ့ အဖျားစာလုံးမှည့်ခေါ်ထားသူ အမည်ရှင်အားလုံးဟာယေဘုယျအနေနဲ့အရာရာကို ဦးဆောင်နိုင်သူ ၊ အသိအမှတ်ပြုခံရသူ ၊ဘာသာရေးနဲ့ပတ်သက်ပြီး လိုက်နာကျင့်ကြံနေထိုင်သူ စသဖြင့် ကောင်းတာတွေရှိသလိုပဲ အတ္တကြီးသူ ၊ မိမိဆန္ဒကိုသာရှေ့တန်းတင်သူ ၊ ခေါင်းဆောင်လုပ်ရမှကျေနပ်သူ ၊ အသိအမှတ်ပြုခံရအောင်ဟုတ်တဲ့နည်းကော ၊ မဟုတ်တဲ့နည်းပါအသုံးပြုသူ ၊ ဘာသာရေးမှာ အများအထင်ကြီးအောင်လုပ်ပြပြီးနောက်ကွယ်မှာနေချင်သလိုနေတတ်သူ စသဖြင့် ဆိုးတဲ့အမူအကျင့်တွေ တွေ့ရမှာဖြစ်သလို…

4 Ways to Manage Poor Performers - Harrison Human Resources Brisbane

သောကြာသားသမီး ၊ တနင်္လာသားသမီး ကြာသပတေးသားသမီးတွေအဖို့ အမည်အဖျားစာလုံး တနင်္ဂနွေဟာ ဆိုးတဲ့အမူအကျင့်ဖက်ကို တဖြည်းဖြည်း ကူးပြောင်းသွားစေမှာပါ ။ ငယ်စဉ်က ဘုန်းကြီးကျောင်းထွက်ပဲဖြစ်ဖြစ် ၊ ယဉ်ကျေးမှုသင်တန်းပဲတက်တက် ၊ အသက်ကြီးလာတဲ့အမျှ အကျင့်စရိုက်က ပြောင်းလာမှာဖြစ်ပါတယ် ။

နောက်တစ်ခုက အဲဒီနေ့သားသမီးတွေရဲ့မဟာဘုတ်မှာ တနင်္ဂနွေဂြိုလ် မရဏ ဘင်္ဂ ပုတိမှာရပ်တည်ခဲ့ရင်တော့ အဲဒီဆိုးတဲ့အမူအကျင့်လုပ်ရတာကို ကာယကံရှင်ကိုယ်တိုင်က နှစ်သက်နေပြီးသားလုပ်မိပီးသားဖြစ်နေပြီဆိုတာသိနေရပ​ြီဆိုခဲ့ရင် အဲဒီလူရဲ့အိမ်ထောင်ရေးနဲ့ အိမ်ထောင်ရေးကြောင့်ဖြစ်လာမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခန့်မှန်းလို့ ရလောက်သလို အဲဒီလူဟာတနင်္ဂနွေအက္ခရာနဲ့ပတ်သက်တဲ့ နှလုံးရောဂါဦးနှောက်အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာတော့မယ်ဆိုတာ ခန့်မှန်းနိုင်လာမှာဖြစ်ပါတယ် ။

အဲဒါတွေကိုကြိုသိခဲ့ရင် တနင်္ဂနွေဂြိုလ်နဲ့ပတ်သက်တဲ့ အနိဌယတြာတွေကို အမြဲမပြတ်ပြုလုပ်ပေးမယ်ဆိုရင် အမည်အဖျားစာလုံးတနင်္ဂနွေရဲ့ အနိဌအကြောင်းအရာတွေဟာ တဖြေးဖြေးကွယ်ပျောက်လာတာနဲ့အမျှ အဲဒီလူရဲ့ ဘဝအခြေအနေဟာလဲပြောင်းလဲလာပြီး မိသားစုတွေ စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံလာမှာ ဖြစ်ပါတယ်လို့ တင်ပြပေးလိုက်ပါတယ် ။

အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်အဆိုးများ(၂)

အမည်ရဲ့အဖျားစာလုံးကို တနင်္လာဂြိုလ်အက္ခရာ { က ခ ဂ ဃ င }အက္ခရာနဲ့ မှည့်ခေါ်လိုက်တဲ့ အမည်ရှင်အားလုံးဟာ တနင်္လာဂြိုလ်ကြီးစိုးတဲ့ အက္ခရာဖြစ်တာမို့လို့ တနင်္လာရဲ့စရိုက်သဘာဝတွေဟာသက်ဝင်လှုပ်ရှားလာမှာ ဖြစ်ပါတယ် ။

အမည်မှန်ရဲ့အဖျားစာလုံးပဲဖြစ်ဖြစ် ၊ အမည်ပြောင်ခေါ်တဲ့ အဖျားစာလုံးပဲဖြစ်ဖြစ် ၊ ချစ်လို့ခင်လို့ခေါ်တဲ့အဖျားစာလုံးပဲဖြစ်ဖြစ် အားလုံး
နဲ့သက်ဆိုင်ပါတယ် ။

တနင်္လာဂြိုလ်ကို “မိဖုရား”လို့ အဓိပ္ပါယ်သတ်မှတ်ချက်အရ မိဖုရားတစ်ယောက်ရဲ့အကျင့်စရိုက်တွေဟာ အဲဒီအမည်မှည့်ခေါ်ထားသူထံဝင်ရောက်ကူးစက်ကြမှာပါ ။ တချို့က မိဖုရားကို”ဘုရင်မ”လို့မှားထင်နေတတ်ကြပါတယ် ။ အဓိပ္ပါယ်ကတခြားစီပါ ။

Queen Elizabeth II: 15 Key Moments in Her Reign - HISTORY

မိဖုရားဆိုတာ ဘုရင်ရဲ့အသုံးတော်ခံ အသုံးချခံ တဆင့်ခံပါပဲ ။ မိဖုရားတောင်မှ မိဖုရားခေါင်ကြီးဆိုတာက သပ်သပ်ပါ ။ အခုပြောတဲ့ တနင်္လာဂြိုလ်ဟာ များစွာသောမိဖုရားတွေကို ဆိုလိုတာဖြစ်ပါတယ် ။

ရုပ်ရှင်ထဲကမိဖုရား သမိုင်းထဲကမိဖုရား ရာဇဝင်ထဲက မိဖုရားနဲ့ အခုမျက်မှောက်ခေတ်မိဖုရားအကုန်လုံး စရိုက်သဘာဝ အတူတူပါပဲ ။ ဘယ်အချက်တွေတူမလဲ ။ လျို့ဝှက်ခြင်း ဖုံးကွယ်ခြင်း ရအောင်ယူတတ်ခြင်းပါပဲ ။ လျို့ဝှက်တယ်ဆိုတာက အားလုံးသိကြပီးသားဖြစ်မှာပါ ။ အလွယ်ပြောရရင် ဘာကိုပဲလုပ်လုပ် ဘယ်သူမှမသိအောင် လုပ်တတ်တာကို ဆိုလိုတာ ဖုံးကွယ်တယ်ဆိုတာက အခုခေတ်စကားနဲ့နားလည်အောင်ပြောရရင် ဗြောင်ငြင်းတာလို့ ဆိုပါတယ် ။ လုပ်သမျှလူမိသွားရင် သူမလုပ်ဖူး ၊ သူမပါဘူးလို့ ပြောတာဗြောင်ငြင်းတာ ၊ ဖုံးကွယ်တာပါပဲ ။ ရအောင်ယူတတ်ခြင်းဆိုတာက ရှင်းပြနေစရာတောင် မလိုတော့ဘူးထင်ပါတယ် ။

ဒီတော့ တနင်္လာအဆုံးစာလုံးအမည်ရှင်တို့ဟာ လူမသိအောင် မရိပ်မိအောင် လုပ်တဲ့နေရာမှာထူးချွန်ကြပါတယ် ။ လျို့ဝှက်အပ်သောအရာ
များလုပ်စရာရှိခဲ့ရင် အဲဒီအမည်ရှင်တွေက စိတ်ချရပါတယ် ။ နုတ်လုံပါတယ် ။ မတော်လို့မိသွားခဲ့ရင်တောင် ဗြောင်ငြင်းပီး ရှောင်ထွက်တတ်တဲ့အတတ်ပညာတွေ ကျွမ်းကျင်ပါတယ် ။ ပြီးတော့ အဲဒီ လျို့ဝှက်တာ ဖုံးကွယ်တာတွေ အသုံးချပြီး သူလိုချင်တာကို ရအောင်ယူတတ်ကြပါတယ် ။

ဒုတိယအချက်က တဆင့်ခံ ကြားခံ လုပ်တဲ့လုပ်ငန်းတွေမှာကျွမ်းကျင်တတ်ကြသလို နီးစပ်ရာ ပတ်ဝန်းကျင် လူနေမှုပုံစံအတိုင်း ရောနှောနေထိုင် ပုံစံပြောင်းတတ်ကြသူတွေ ဖြစ်ကြပါတယ် ။ ပြီးတော့ ခရီးသွားလာခြင်းကို နှစ်သက်ပြီအပျော်အပါး ကြိုက်သူတွေ ဖြစ်ကြပါတယ် ။

အသင်းအဖွဲ့တွေမှာ ရောနှောဝင်ဆံ့ နေရာယူတတ်ကြသူတွေဖြစ်ကြပါတယ် ။ မည်သည့်ပညာမဆို ဝါသနာပါတတ်ပြီး သင်ကြားရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေကို စိတ်ပါဝင်စားတက်ရောက်သင်ကြားကြသူတွေ ၊ ရေနဲ့သက်ဆိုင်တဲ့ ကမ်းခြေတို့ ၊ ပင်လယ်တို့ကို အပျော်ခရီး သွားရောက်တတ်ကြသူ အများဆုံးဟာလဲ အဲဒီအမည်ရှင်တွေပဲဖြစ်ပါတယ် ။ ဘာသာရေးနဲ့ပတ်သက်ရင်လည်း သူများမလုပ်နိုင်မကျင့်နိုင်တာတွေကို ကျင့်နိုင် လုပ်နိုင်ကြသူတွေ ဖြစ်ကြပါတယ် ။

မွေးမဟာဘုတ်မှာ မရဏ ဘင်္ဂ ပုတိမှာ တနင်္လာဂြိုလ်ရပ်တည်နေပြီး ၊ အမည်အဖျားစာလုံးကိုလည်း အဲဒီတနင်္လာနဲ့ မှည့်ခေါ်ထားတယ်ဆိုရင်တော့ အဲဒီအမည်ရှင်ဟာ ဘဝမှာ မိဘကြား ညီကိုမောင်နှမကြား အိမ်ထောင်ရေးကြားထဲမှာ ကြားညှပ်ခံရတဲ့ အမည်ရှင်တွေ ဖြစ်ကြသလိုအမျိုးသမီးဆိုရင် အငယ်အနှောင်းဘဝ ရောက်ကြရသည်အထိ ဆိုးရွားတတ်ကြပါတယ် ။အမျိုးသားဆိုရင်လည်း လျို့ဝှက်ဖုံးကွယ်အပ်တဲ့အိမ်ထောင်ရေး ဇာတ်လမ်းတွေ ဖြစ်ပေါ်ဖို့လွယ်ကူစေတတ်ပါတယ် ။

မိတ်ဆွေတို့ရဲ့သားသမီးတွေမှာ အဲဒီ တနင်္လာအဆုံးသတ်အမည်ရှင်တွေရှိခဲ့ရင် အတုခိုးလွယ်တဲ့အကျင့်စရိုက် လျို့ဝှက်ဖုံးကွယ်ပြီး လိုချင်တာကို ရအောင်ယူတတ်တဲ့ အကျင့်စရိုက်တွေကို ကောင်းတဲ့နေရာမှာ အသုံးချနိုင်အောင် ပြုပြင်ပေးပါ ။အပျော်အပါးကိစ္စ အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းပေးပါ ။ ကလေးရှေ့မှာဆဲဆိုတာခိုက်ရန်ဖြစ်ပွား thetပုတ်တာတွေ မလုပ်မိအောင်ထိန်းသိမ်းကြပါ ။ ပညာကိုအလေးထားသူအသိုင်းအဝိုင်း ရည်ရွယ်ချက်ကြီးသူအသိုင်းအဝိုင်းမှာ မိမိခလေးရောနှောဝင်ဆံ့ပါစေ ။မကောင်းတဲ့အနိဌာရုံ ပတ်ဝန်းကျင်နဲ့ ကလေးကို ဝေးနိုင်သမျှ ဝေးအောင်ထားဖို့လိုပါတယ် ။

တနင်္လာအဆုံးသတ် အမည်ရှင်တွေဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် အလှအပနှင့်သက်ဆိုင်သော အလှပြင်ဆိုင် ၊ အလှကုန်ပစ္စည်းရောင်းချခြင်း ၊ တဆင့်ခံရောင်းချရသောလု ပ်ငန်းမှန်သမျှတို့နဲ့ သင်ကြားရေးနဲ့ဆိုင်တဲ့ သင်တန်းဖွင့်လှစ်ပို့ချခြင်း ၊ ကျောင်းဆရာ ကျောင်းဆရာမအဖြစ် အသက်မွေးခြင်း ၊ ဘဝကံကြမ္မာဟောပြောရသော ဗေဒင်ဆရာ/ ဆရာမများအဖြစ်အသက်မွေးခြင်း ၊ ခရီးသွားလာခြင်းဆိုင်ရာလုပ်ငန်းများ ၊ ဖျော်ရည် အရည် စတဲ့လုပ်ငန်းတွေနဲ့ ရေနဲ့ သက်ဆိုင်တဲ့ ရေကြောင်းသွားလာရေး ၊ရေထွက်ကုန်ပစ္စည်းများရောင်းချခြင်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး ကြီးပွားကြသူတွေဖြစ်ကြလို့ မွေးရာပါအကျင့်ဆိုးကိုသာ ပြင်နိုင်ကြမယ်ဆိုရင် အောင်မြင်ကြီးပွားလာပါလိမ့်မယ်

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။