အဘိဓမ္မဓရဘွဲ့ ‘ ကိုရရှိခဲ့တဲ့ မင်းသမီးဖူးစုံ

Celebrity

အဘိဓမ္မဓရဘွဲ့ ‘ ကိုရရှိခဲ့တဲ့ မင်းသမီးဖူးစုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဘိဓမ္မဓရဘွဲ့ ‘ ကိုရရှိခဲ့တဲ့ မင်းသမီးဖူးစုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖူးစုံကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပဲ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ယခုနောက်ပိုင်းမှာ အနပညာလုပ်ရှားမှု နည်းပါးနေပေမယ့်လဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုတော့ ရရှိနေဆဲ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖူးစုံကတော့ အပူအပင်ကင်းတဲ့ အပျိုကြီးပီပီ သူမရဲ့ဘဝကို သူမလိုသလိုပုံသွင်းနေပြီး ဘာသာရေးကိုအထူးလိုက်စားသူတစ်ယောက်ပဲဖြစ်ပါတယ်။

အထူးသဖြင့် ဘာသာရေးကို အထူးလိုက်စားတဲ့ ဖူးစုံဟာ ပါဠိသင်တန်းကျောင်း၊ အဘိဓမ္မာသင်တန်းကျောင်းတွေတက်ရင်း ဘဝကို အချိန်ကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။(၂၀၂၀) ခုနှစ်ကနေစလို့ အဘိဓမ္မာသင်တန်းတွေတက်ရောက်ခဲ့တဲ့ဖူးစုံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့မှာတော့ သူမရဲ့ပန်းတိုင်တစ်ခုကို ရောက်ရှိခဲ့ပါပြီ။ ဖူးစုံက University Of Abhidhamma -Yangon ရဲ့ တေရသမအကြိမ်မြောက်တွင် `အဘိဓမ္မဓရဘွဲ့ ‘ ကိုရရှိခဲ့တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဖူးစုံကတော့ ပညာတတ်တိုင်းရရှိဖို့တောင်မလွယ်ကူတဲ့ အဘိဓမ္မဓရဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖူးစုံကတော့ တကယ့်ကို အဆင်းရော အချင်းပါပြီးပြည့်စုံတဲ့ ဘက်စုံတော် မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်

ရေးသားသူ – The News Post

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။