အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်အဆိုးများ

Astrology

အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်အဆိုးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်အဆိုးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်အဆိုးများ(၃)

Astrology doesn't need to be scientifically proven to be empowering — or  feminist

မိမိရဲ့အမည်အဖျားစာလုံးကို အင်္ဂါနံ အက္ခရာ ဖြစ်တဲ့ { စ ဆ ဇ ဈ ည }ဖြင့်မှည့်ခေါ်ထားသူများ အားလုံးဟာ အင်္ဂါနံရဲ့စွမ်းအားတွေကို ရရှိပိုင်ဆိုင်ကြမှာဖြစ်ပါတယ် ။ အင်္ဂါဆိုတာ စစ်သူကြီးကိုရည်ညွှန်းသလို စစ်သူကြီးရဲ့နေရာဌာန ဖြစ်တဲ့
စစ်တပ် ၊ စစ်သားများ စစ်lat nat စ္စည်းများ တသွေးတသံအမိန့်နာခံခြင်းများ ၊ စည်းကမ်းလိုက်နာခြင်း ၊ လုံ့လဝီင်္ရိယရှိခြင်း ၊ ပူးပေါင်း
ဆောင်ရွက်များကို ရည်ညွှန်းပါတယ် ။

လျင်မြန်ခြင်း ၊ ခွန်အားကြီးခြင်း ၊ စိတ်မြန်ခြင်း ထက်မြက်ခြင်းတို့ကိုကိုယ်စားပြုပြီး တိကျသေချာခြင်း ၊ လမ်းညွှန်နိုင်ခြင်း ၊ သွန်သင်နိုင်ခြင်းဆိုတဲ့ အရည်အချင်းတွေလည်း ပါဝင်ပါတယ် ။

ဒါကြောင့် အင်္ဂါနံ အဆုံးသတ်အက္ခရာဖြင့် မှည့်ခေါ်ထားသူများဟာ မိမိရဲ့ရည်မှန်းချက် ပန်းတိုင်ကို မရောက် ရောက်အောင်ကြိုးစားကြသူများ ၊ သူတပါးကို လမ်းညွှန်ပြုပြင်ပေးနိုင်သူများ စည်းကမ်းရှိပြီး ထက်မြက်ကြသူများ ၊အမျိုးသမီးဖြစ်စေ ၊ အမျိုးသားဖြစ်စေ ၊ မိမိကျွမ်းကျင်ရာ နယ်ပယ်မှာ ဆရာတစ်ယောက်အဖြစ် ရပ်တည်နိုင်ကြသူများဖြစ်ကြပါတယ် ။

မွေးမဟာဘုတ်ရဲ့ဘင်္ဂ မရဏ ပုတိ နေရာမှာ အင်္ဂါဂြိုလ် ရပ်တည်နေပြီး အမည်အဖျားစာလုံးကို အင်္ဂါနံအက္ခရာနဲ့ မှည့်ခေါ်ထားသူတွေ အင်္ဂါနံနှင့်ပက္ခတ်လမ်းကြောင်းပေါ် မှည့်ခေါ်ထားမိတဲ့ အမည်ရှင်တွေဟာ ရည်မှန်းချက်မရောက်မှီ တဝက်တပျက်နဲ့ လမ်းဆုံးသွားကြသူတွေ ၊ ရည်မှန်းချက်ကိုဖျက်ဆီးခံကြရသူတွေ ၊ အရက် ၊ မူးယစ်ဆေးလောင်းကစားနဲ့ lat natအားကိုး အနိုင်ကျင့် လုယက်တဲ့နယ်ပယ်ထဲမှာ ကျင်လည်ရင်း မိမိဘဝကိုမိမိ ဖျက်ဆီးတတ်ကြသူတွေအဖြစ် တွေ့ရပါတယ် ။

အင်္ဂါဂြိုလ်ဟာ ထက်မြက်တဲ့ဂြိုလ်တစ်လုံးဖြစ်ပါတယ် ။ အဲဒီ အင်္ဂါနံအက္ခရာနဲ့ အမည်အဖျားစာလုံးမှည့်ခေါ်လိုက်တာနဲ့ အဲဒီအမည်ရှင်မှာ စူးစမ်းချင်စိတ်တွေ ၊ လေ့လာချင်စိတ်တွေဟာ အရွယ်ရလာလေ အားကောင်းလာလေ ဖြစ်လာသလို ခလေးဘဝမှာ ကတည်းကအချင်းချင်း အကဲစမ်းတတ်တာ ၊ ရန်စတတ်တာ ၊ သူတပါးဘာလုပ်နေတယ်ဆိုတာ စိတ်ဝင်တစား စူးစမ်းတတ်တာ ၊ ကစားစရာတွေကို တစစီဖြုတ်ပြီး စူးစမ်းတတ်တာတွေကြောင့် မိဘတွေရဲ့ဆူပူကြိမ်းမောင်းခံရတာ ဆော်ပလော်တီးခံရတာတွေ ကြုံရမှာသေချာပါတယ် ။

အဲဒီစိတ်တွေကိုသာ မပြုပြင်ပဲ အရွယ်ရောက်တဲ့အထိ သယ်ဆောင်လာခဲ့ရင်တော့ ထစ်ကနဲဆို လက်ပါ ခြေပါ တိုက်ခိုက်တတ်တဲ့အကျင့်ပါပြီး ကိုယ်ခံရမှာစိုးလို့ ကိုယ်ခံပညာတွေ ခန္ဓာကိုယ်တောင့်တင်းအောင် Weight မတာတွေ Gym ဆော့တာတွေကို လုပ်တတ်ကြသလို တချို့ကြတော့လည်း ဘယ်သွားသွား lat nat တစ်ခုခုသယ်ဆောင်သွားလာသူတွေ ဖြစ်လာတတ်ကြပါတယ် ။

ရဲစွမ်းသတ္တိကောင်းကြလို့ သူများမလုပ်ရဲတာကို လုပ်ရဲကိုင်ရဲတဲ့စိတ် အားကောင်းကြလို့ပတ်ဝန်းကျင်သာ မကောင်းခဲ့ရင်တော့ လမ်းမှားရောက်ဖို့ လွယ်ကူကြသူများဖြစ်ပါတယ် ။ အထူးသဖြင့်တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ စနေသားသမီးတွေဟာ နဂိုမူလ အင်္ဂါဂြိုလ်အားနည်းသူများ ဖြစ်ကြပါတယ် ။ အဲဒီနေ့သားသမီးတွေဟာ မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု အားနည်းကြလို့ မိဘဆွေမျိုးညီကိုမောင်နှမတို့ရဲ့ပြုပြင်ထိန်းကျောင်းပြီး လမ်းမှန်ရောက်အောင်ညွှန်ပြနိုင်ဖို့ အရေးကြီးပါတယ် ။

ကျန်းမာရေးအရ အင်္ဂါ အဆုံးသတ်အမည်တို့ဟာ Accident ကံ ၊ ခွဲစိတ်ကုသရတဲ့ကံ ၊ အစားမှား ဆေးမှား ဖြစ်လွယ်တဲ့ကံ ၊ ချွန်ထက်တဲ့ လူကိုthayစေနိုင်သော lat nat တို့နဲ့ ထိခိုက်လွယ်တဲ့ကံ ၊အစာအိမ် နဲ့ အဆုတ်တွေမှာ အနာဖြစ်ဖို့ လွယ်ကူတဲ့ကံကို ဖြစ်ပေါ်စေတတ်ပေမယ့်လည်း ဘ၀တိုးတက်မှုကံကတော့ အခြားအမည်ရှင်တွေထက် ပိုမိုစောလျင်စွာ အောင်မြင်မှုရလွယ်တတ်ကြသူတွေဖြစ်ပါတယ် ။

မိတ်ဆွေ​ရဲ့သားသမီးတွေမှာ အင်္ဂါနံအက္ခရာနဲ့ အဆုံးသတ်မှည့်ခေါ်ထားသူတွေ ရှိခဲ့ရင် သူတို့နားမလည်တာတွေကို စိတ်ရှည်ရှည်ရှင်းပြပေးဖို့လိုအပ်ပါတယ် ။ သူတို့ကို အကြမ်းပတမ်း ကိုင်တွယ်ရင် ပိုပြီးခေါင်းမာတတ်တာ ၊ ပေပီးတော့ အရိုက်ခံတာတွေဖြစ်လာရင် ကိုယ်ပဲရင်နာရမှာပါ ။ သူတို့လုပ်ချင်တာ ၊ ဖြစ်ချင်တာ ၊ သိချင်တာတွေကိုအတူတကွဖြေရှင်းပေးတာ ၊ တတ်နိုင်သလောက်လိုက်လျောပေးတာ ၊ လိုက်လျောလို့မဖြစ်နိုင်ဘူးဆိုရင်လည်း အစားထိုးဖြေသိမ့်ခြင်းမျိုးတွေကို လုပ်ဆောင်ပေးမယ်ဆိုရင် ကလေးဟာကိုယ့်ရဲ့ဘဝတက်လမ်းကို ကိုယ့်ဖာသာရှာဖွေ ထိုးဖေါက်သွားမှာ ဖြစ်ပါတယ် ။

အရွယ်ရောက်နေတဲ့ အင်္ဂါအဆုံးသတ် အမည်ရှင်တွေအနေနဲ့ ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ့်ရည်မှန်းချက် အစစ်အမှန်ဟုတ်ရဲ့လားဆိုတာ ပြန်ပြီးဆန်းစစ်ပါ ။ ရည်မှန်းချက်ကောရှိရဲ့လား

ကိုယ့်ကိုယ်ကိုပြန်မေးပါ ။ မရှိရင်ဘယ်နှစ်အတွင်း ဘာဖြစ်ရမယ်ဆိုပြီး ရည်မှန်းချက်ချပါ ။ ပြီးရင် မဖြစ်ဖြစ်အောင် အချိန်နာရီတွေကအစ သတ်မှတ်ပြီးကြိုးစားပါ ။ လမ်းမှားရောက်နေရင်လည်းချက်ချင်းရပ်တန့်ပါ ။ ဘဝတိုးတက်မှု အမြန်ဆုံး အမည်ရှင်တွေဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။

အရွယ်ရောက်ပီးသားနဲ့ အရွယ်လွန်နေတဲ့ အင်္ဂါအဆုံးသတ်အမည်ရှင်တွေ အဖို့ကတော့ လုပ်ချင်တာလဲလုပ်ခဲ့ပြီးပြီ ။ ဖြစ်သင့်သလောက်လည်း ဖြစ်ခဲ့ပြီးပြီလို့ ယူဆရမှာ ဒီအရွယ်အထိ ဘာမှဖြစ်မလာသေးဘူး ။ ဒီအတိုင်းပဲဆိုရင်တော့ သမထအားထုတ်ခြင်း ၊ ဝိပသနာအားထုတ်ခြင်းတွေကို အချိန်သတ်မှတ်ပြီး ကြိုးစားအားထုတ်ခြင်းကို ဖြစ်အောင်လုပ်မယ်ဆိုရင် အသိထူးလျင်မြန်စွာရလွယ်တဲ့ အမည်အမျိုးစား ဖြစ်တာမို့လို့ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ကြမယ်ဆိုရင် အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်ကြပါလိမ့်မယ်ဗျာ ။

အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်ဆိုးများ (၄)

Astrology 2020: What's to Come For the Rest of the Year | Teen Vogue

အမည်ရဲ့အဖျားစာလုံး(နောက်ဆုံးစာလုံး)ကို ဗုဒ္ဓဟူးနံအက္ခရာ {လ ဝ }အက္ခရာနှင့်မှည့်ခေါ်ထားတဲ့ အမည်ရှင်တွေနဲ့ ရာဟုအက္ခရာ {ယ ရ} အက္ခရာဖြင့်မှည့်ခေါ်ထားတဲ့ အမည်ရှင်တွေဟာ “အိမ်ရှေ့မင်းသား”ဆိုတဲ့စရိုက်သဘာဝနဲ့ “သူပုန်”ဆိုတဲ့ စရိုက်သဘာဝတွေက သက်ဝင် လှုပ်ရှားလာမှာ ဖြစ်ပါတယ် ။

ချဲ့ထွင်စဉ်းစားတတ်တဲ့ဥာဏ်ပညာကို ကိုယ်စားပြုတဲ့ အက္ခရာတွေဖြစ်ပြီး အပေးအယူအလဲအလှယ် အလဲအထပ် လုပ်ရတာကိုဝါသနာပါကြသလို အမြဲတမ်းဘယ်လိုပြုပြင်ရမလဲ ၊ ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုစိတ်ဝင်စားကြတဲ့ အမည်ရှင်များဖြစ်ပါတယ် ။

ကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့နဲ့ သူတပါးကို ပြုပြင်ပြောင်းလဲပေးဖို့ အချိန်တိုင်း စဉ်းစားနေကြတဲ့ အမည်ရှင်များဖြစ်ပြီး ကိုယ့်အတွက် ဘာလုပ်နိုင်သလဲ ၊ သူတပါးဆီကဘာရနိုင်လဲ ၊ ဘယ်လိုအလှဲအလှယ်လုပ်ရမလဲ ၊ ဘယ်လိုလုပ်ရင်ငါ့အတွက်ပိုပြီး အကျိုးအမြတ်ရမလဲ ၊ စဉ်းစားတတ်ကြလွန်းလို့ အဲဒီအမည်ရှင်တွေဟာ အရောင်းအဝယ်လုပ်ငန်းတွေ တစ်နေရာနဲ့တစ်နေရာချိတ်ဆက်ပေးရတဲ့ ပွဲစား ဆန်ဆန်လုပ်ငန်းတွေနဲ့ ငွေကြေးလဲလှယ်ခြင်းဆိုင်ရာလုပ်ငန်း ၊ အပေါင်ဆိုင်နဲ့ ငွေတိုးချေးတဲ့ လုပ်ငန်းတွေကို စိတ်ဝင်တစားလုပ်
ကိုင်တတ်ကြတယ် ။

ဗုဒ္ဓဟူးဂြိုလ်ဆိုတာ သတင်းအချက်တွေကို ရည်ညွှန်းပြီးတစ်နေရာနဲ့ တစ်နေရာကို ဆက်သွယ်ပေးတဲ့ ဂြိုလ်တစ်လုံးဖြစ်တာမို့ lT ပညာရှင်တွေ ၊ သတင်းသမား ၊ သတင်းစာဆရာ ၊ ဂျာနယ်လစ်တွေ သတင်းနဲ့ ပြန်ကြားရေးဆိုင်ရာဝန်ထမ်းတွေ ဖြစ်ကြပြီး လူမှုပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်ကြလို့ ဘဏ်ဝန်ထမ်း ကုမ္ပဏီဝန်ထမ်း ဧည့်ကြိုWaiter အရောင်းစာရေး Marketing ဆိုင်ရာလုပ်ငန်းတွေသံတမန် ၊ သံအမတ် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာလုပ်ငန်းတွေ ၊ နိုင်ငံအလိုက် ဒုတိယမြောက်အရေးပါတဲ့ နေရာတွေမှာတာဝန်ထမ်းဆောင်ကြရတတ်ပါတယ် ။

ဗုဒ္ဓဟူးဂြိုလ်ဆိုတာ ဥာဏ်ရည်ဥာဏ်သွေးကို ကိုယ်စားပြုတာမို့လို့ အဲဒီအမည်ရှင်အားလုံးဟာ ဥာဏ်ရည်ထက်မြက်ကြပါတယ် ။ ပညာတတ်သူဖြစ်စေ ၊ ပညာမတတ်သူဖြစ်စေ ၊ ချဲ့ထွင်စဉ်းစားတတ်တဲ့ဥာဏ်ကောင်းကြလို့ သူတို့တွေဟာ သက်ဆိုင်ရာနယ်ပယ်မှာ အသိအမှတ်ပြုခံရတဲ့ နေရာတစ်နေရာတော့ ရရှိကြစမြဲပါ ။ ဒါပေမဲ့ မဟုတ်တဲ့အကြံဥာဏ်ကလည်း အားကောင်းကြတော့ လောင်းကစားသမား{တစ်လုံး နှစ်လုံး သုံးလုံး}နဲ့ ပွပေါက်ကြံကြသူတွေ ၊ လောင်းကစားဒိုင်တွေ ၊ အရက်ရောင်းသူ ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲကြသူတွေ အများစုတွေဟာလည်း အဲဒီအမည်ရှင်တွေ ဖြစ်ကြပါတယ် ။

ကိုယ့်ရဲ့ကောင်းတဲ့ဥာဏ်ရည်တွေ မဟုတ်တဲ့နေရာမှာ အသုံးချပြီး ကြီးပွားတိုးတက်ဖို့ သတင်းအမှားတွေဖြန့်ခြင်း ၊ ကောလဟလသတင်းလွှင့်ခြင်း ၊ On lineပေါ်မှာ လိမ်လည်မှုတွေပြုလုပ်တာတွေ အများဆုံးလုပ်ကြသူတွေဟာလည်း အဲဒီအမည်ရှင်တွေ ဖြစ်ကြပါတယ် ။

ဒီအမည်ရှင်အများစုဟာ ကိုယ့်အတွက် ပညာ ဥစ္စာ တစ်ခုခုအတွက် အမြဲစဉ်းစား ရှာဖွေနေတတ်ပြီး ဘဝတိုးတက်မှုကို ရှာဖွေနေတတ်ကြပေမဲ့လည်း သူတို့ရဲ့သက်တမ်းတလျောက် ဘဝမှာ နိမ့်လိုက်မြင့်လိုက် မတည်ငြိမ်တဲ့ ဘဝတွေကို ဖြတ်သန်းကြရပါတယ် ။ ဒီနေ့အဆင်ပြေနေပေမဲ့ နောက်နေ့ကျရင် ရှိတာတွေ ကုန်ဆုံးသွားတတ်တဲ့ အမည်ရှင်တွေဖြစ်ပြီး အမည်ပေးမှားယွင်းလိုက်တာနဲ့ ဘဝအောက်ဆုံးအထိ ဆွဲချခံရတတ်တဲ့ အမည်ရှင်တွေဖြစ်ကြပါတယ် ။

ဗုဒ္ဓဟူးဂြိုလ်ရဲ့အရိပ်ဖြစ်တဲ့ ရာဟုဂြိုလ်ဟာ ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်းသဘောနဲ့ အဲဒီဗုဒ္ဓဟူးဂြိုလ်ရဲ့ကောင်းတဲ့အင်အားကို အမြဲတိုက်ခိုက်နေတာမို့လို့ အဲဒီအမည်ရှင်တွေဟာ မိမိကြောင့်ဖြစ်စေ ၊ မိဘကြောင့်ဖြစ်စေ ၊ ညီကိုမောင်နှမကြောင့်ဖြစ်စေ ၊ ဇနီး ခင်ပွန်းကြောင့်ဖြစ်စေ ၊ ရှေ့ဆက်ရမဲ့ ဘဝတက်လမ်းတွေ နှောင့်နှေးကြရပါတယ် ။ ရပ်ဆိုင်းကြရပါတယ် ။ ရည်မှန်းချက်လမ်းကြောင်းတွေပြောင်းလဲခံကြရပါတယ် ။

မိတ်ဆွေ သင့်ရဲ့သားသမီးဟာ ဗုဒ္ဓဟူးအဆုံးသတ် အမည်ရှင်ဖြစ်ပြီး အမည်ပေးလမ်းကြောင်းမှန်ခဲ့ရင် ဥာဏ်ရည်ထက်မြက်တဲ့ကလေး ကိုယ့်လမ်းကြောင်းကိုယ်ဖေါက်ထွက်သွားမဲ့ကလေးဆိုတာ သိထားဖို့လိုပါတယ် ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရမဲ့ အခါတိုင်းမှာ ကလေးအတွက်ကိုပဲကြည့်ပါ ။ ကိုယ်သာအနစ်နာခံပြီးကလေးဘဝကိုတွန်းတင်ပေးပါ ။ ကလေးကိုမခွဲနိုင်လို့ စိတ်မချလို့ဆိုပြီး ကလေးရဲ့ဘဝတက်လမ်းကို မတားဆီးမိအောင် ကြိုးစားပေးမယ်ဆိုရင်မိတ်ဆွေရဲ့ကလေးဟာ ထူးချွန်ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်လာမှာအမှန်ပါ ။

အမည်ပေးလမ်းကြောင်း မှားယွင်းနေတာကို သိခဲ့ရင်တော့ ကလေးကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ အားစိုက်ပေးပါ ။ အထူးသဖြင့် ရာဟုအဆုံးသတ်အက္ခရာ {ယ ရ}နဲ့ပေးထားတဲ့ အမည်တွေ ပိုပြီးဂရုစိုက်ပေးပါ ။ အဲဒီ ရာဟုဟာ မှန်ကန်တဲ့အမည်ကိုတောင် အနှောင့်အယှက်ပေးနိုင်သေးရင် မှားယွင်းတဲ့အမည်ဆိုရင်တော့ ပြောစရာလိုတော့မယ်မထင်ပါဘူး ။ ယတြာပြုလုပ်တာထက် မိမိကလေးကို ငယ်စဉ်ကတည်းက ဆိုဆုံးမမှုကို ကြပ်မတ်ပေးကြမယ်ဆိုရင် အကောင်းဆုံးပါ ။

အမည်အဖျားစာလုံးမှမွေးထုတ်ပေးလိုက်တဲ့အကျင့်စရိုက်အဆိုးများ(၅)

Change In Name To Change Destiny As Per Astrology - GaneshaSpeaks

အမည်ရဲ့အဖျားစာလုံး (နောက်ဆုံးစာလုံး)ကို ကြာသပတေးဂြိုလ်အက္ခရာ {ပ ဖ ဗ ဘ မ}ဆိုတဲ့ အက္ခရာတွေနဲ့ အဆုံးသတ် မှည့်ခေါ်လိုက်ပြီဆိုရင် အဲဒီအမည်ရှင်တွေဟာ ပညာရပ်တစ်ခုခုကို တတ်မြောက်ကျွမ်းကျင်ပြီးပညာရှင်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုရတဲ့ဘဝကိုရောက်ရှိသွားစေပါတယ် ။

ပညာရှိအမတ်ကို ကိုယ်စားပြုတဲ့ ကြသပတေးဂြိုလ်ဖြစ်တဲ့အပြင် ကူညီခြင်း ၊ကယ်ဆယ်ခြင်း ၊ ပွားများဖြန့်ဖြူးခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေတဲ့ ဒီကြာသပတေးဂြိုလ်ဟာ မွေးမဟာဘုတ်မှာ(ပုတိ ဘင်္ဂ မရဏ ) အိမ်တွေမှာ ရပ်တည်နေမယ်ဆိုရင်တော့ အဲဒီအမည်ရှင်တွေဟာ အစွန်းရောက်တဲ့ပညာရှင်ဘဝနဲ့ မိမိမှန်မယ်ထင်တာကို လက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ၊ ဖြစ်အောင်လုပ်တတ်ကြပြီး တနင်္လာသားသမီး ၊ သောကြာသားသမီး ၊ အင်္ဂါသားသမီးပါဖြစ်နေမယ်ဆိုရင်တော့ ပိုပြီးတော့ အစွန်းရောက်သွားစေတဲ့ ပညာရပ်တွေကို အသုံးပြုသူ ပညာရှင်အဖြစ်ကို ရောက်ရှိသွားစေတတ်ပါတယ် ။

ကြာသပတေးဂြိုလ်ရဲ့ အနုတ်လက္ခဏာတွေဖြစ်တဲ့ မလိုအပ်တဲ့နေရာ ပုံကြီးချဲ့ခြင်း ၊ မမှန်တာတွေကို ပွားများဖြန့်ဖြူးခြင်း မကောင်းတဲ့အတတ်ပညာတွေကို သင်ပေးခြင်းနှင့် အများလက်မခံနိုင်တဲ့ပညာရပ်တွေကို အသုံးချပြီး အကျိုးစီးပွားရှာဖွေခြင်းတွေ လုပ်တတ်ကြသလို ကြာသပတေးဂြိုလ်ရဲ့ အနုတ်လက္ခဏာဖြစ်ခြင်းနှင့်ကြာသပတေးဂြိုလ်ကို ထိခိုက်သွားစေတဲ့ {၁၀ ၀၁} အမည်ရှင်တွေ {၀၃}အမည်ရှင်တွေ {၁၂} အမည်ရှင်တွေ {၆၄} အမည်ရှင်တွေဟာ ခန္ဓာကိုယ်တွင်းကိုယ်ပ အဖုအကြိတ်ဖြစ်ပေါ်ဖို့လွယ်ကူစေခြင်း ၊ လိပ်ခေါင်း ဂရင်ဂျီနာကဲ့သို့ ရောဂါများဖြစ်ပေါ်ဖို့ လွယ်ကူစေတတ်ပါတယ် ။

မည်သည့်အကြွင်းဖြစ်စေ ၊ ကြာသပတေးဂြိုလ်အားရှိခြင်း ၊ နေရာဌာနကောင်းမှာ ရပ်တည်ဖို့ အလွန်အရေးကြီးသလို အဲဒီ ကြာသပတေး အဆုံးသတ် အမည်ရှင်တွေဟာလည်းကောင်းသော ပညာရပ်တွေကို ပွားများဖြန့်ဖြူးခြင်းတွေ အမြဲပြုလုပ်ပေးဖို့ လိုအပ်ပါတယ် ။

ကြာသပတေးဂြိုလ် အနုတ်လက္ခဏာနဲ့ မှည့်ခေါ်ထားမိသူများဟာ ပထမဆုံး အတန်းပညာအားနည်းခြင်း ၊ အတန်းပညာဆုံးခန်းမတိုင်ခြင်းကို စတင်ကြုံတွေ့လာရမှာဖြစ်ပြီးဆင်ခြင်တုံတရားပါ ကင်းမဲ့လာခဲ့မယ်ဆိုရင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့လမ်းမှားကိုရောက်ရှိသွားဖို့လွယ်ကူစေသလိုအသက်အရွယ်ကြီးရင့်လာသည်အထိ မိမိအယူအဆမှားကို ဖက်တွယ်ထားတတ်ပြီး တယူသန်တစ်လမ်းမောင်းအဖြစ်ကိုရောက်ရှိ သွားစေတတ်ပါတယ် ။

မိတ်ဆွေတို့ရဲ့သားသမီးတွေမှာ ကြာသပတေးအဆုံးသတ်အမည်ရှင်တွေရှိခဲ့ရင် ငယ်စဉ်ကစပြီးအတန်းပညာကို ပြီးမြောက်သည်အထိ ကြိုးစားသင်ယူဖို့တွန်းအားပေးဖို့လိုသလို ပညာရှင်အဖြစ်ဆရာအဖြစ် အသက်မွေးကြမဲ့ ကိုယ့်ရဲ့ကလေးတွေကို သူဝါသနာပါရာ ပညာရပ်တစ်ခုခုမှာ ကျွမ်းကျင်ပြီးမြောက်အောင် ထောက်ပံ့ပေးဖို့လိုပါတယ် ။

ကြာသပတေး အနုတ်လက္ခဏာနဲ့မွေးဖွားကြသူတွေနဲ့ ကြာသပတေးဂြိုလ်ကိုထိခိုက်စေတဲ့ အမည်ရှင်တွေအနေနဲ့ တစ်လတစ်ကြိမ် မျက်မမြင်ကျောင်းတွေမှာ အမြဲတမ်းထောက်ပံ့လှူဒါန်းခြင်းကိုပြုလုပ်ပေးပါ ။ ငွေကြေးမတတ်နိုင်သူတွေကတော့ တစ်ပတ်တစ်ကြိမ်စေတီရင်ပြင် ကြာသပတေးထောင့်ကစပြီး ဂြိုလ်ရှစ်ခွင်လုံး လင်္ကျာရစ် တံမြက်စည်းလဲ သန့်ရှင်းရေးတွေကို ပြုလုပ်ပေးပြီး မိမိရဲ့အားနည်းတဲ့ကြာသပတေးဂြိုလ်ကို ပြုပြင်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။