2 လ ပိုင်းမှာအချစ်ရေးအ​ခြေအနေဘယ်လိုရှိမလဲ

Astrology

2 လ ပိုင်းမှာအချစ်ရေးအ​ခြေအနေဘယ်လိုရှိမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့2 လ ပိုင်းမှာအချစ်ရေးအ​ခြေအနေဘယ်လိုရှိမလဲ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

2 လ ပိုင်းမှာအချစ်ရေးအ​ခြေအနေဘယ်လိုရှိမလဲ

                         Pile 1                   Pile 2                      Pile 3

 

 

 

Pile 1

2လပိုင်းမှာတော့ အချစ်ရေးမှာအခုလထက်ပိုပြီးထူးခြားလာတာတွေရှိပါမယ်။ကိုယ်နဲ့အဆင်ပြေတဲ့သူတွေလည်းရှိလာပါမယ်နော်။ဒါ့အပြင်2လပိုင်းမှာချစ်သူရကိန်းရှိနေမယ်။ဒီကတ်လေးတွေကိုရွေးမိတဲ့သူကအချစ်ရေးမှာစန်းပွင့်လာကိန်းရှိတယ်။အနှောက်ယှက်တွေမရှိပဲအချစ်ရေးကံကောင်းပါမယ်နော်။ဒီ2လပိုင်းမှာတော့ကိုယ့်အတွက်အလုပ်အကိုင်နဲ့ပတ်သက်ပြီးအစစအရာရာကံကောင်းလာမယ်လို့မြင်ပါတယ်။2လပိုင်းမှာချစ်သူရှိတဲ့သူတွေလည်းအချစ်ရေးမှာအတော်လေးကိုအဆင်ပြေလာမယ်။ကိုယ့်ချစ်သူနဲ့တစ်ယောက်န့တစ်ယောက်အတော်လေးကိုနားလည်ပေးတာမျိုးအပြင်အနာဂတ်အတွက်အစီအစဉ်ချမှတ်ဖြစ်တာမျိုးရှိပါမယ်နော်။Singleတွေအများစုကတော့ဒီလအတွင်းမှာအချစ်ရေးနဲ့ပတ်သက်ပြီးအပြောင်းအလဲများစွာကြုံရပါမယ်။ဒီလထဲမှာတစ်ခုမဟုတ်တစ်ခုစိတ်ညစ်စရာတွေရှိရင်တောင်2လပိုင်းထဲမှာတော့ကိုယ့်ကိုစိတ်ပင်ပန်းအောင်လုပ်နေတဲ့သူတွေရှိနေပါမယ်နော်။ဒါပေမယ့လျစ်လျူရှုထားပေးပါနော်။သူ့အလိုလိုတော့တစ်ဖက်ကလက်လျော့သွားပါမယ်။

Pile 2

ဒီ2လပိုင်းထဲမှာတော့အချစ်ရေးနဲ့ပတ်သက်ပြီးအဆင်ပြေမယ်။အချစ်သစ်တွေ့တာမျိုးလေးတွေကြုံရပါမယ်နော်။အချစ်ရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာပါမယ်။ကိုယ့်ကိုတကယ်ချစ်တဲ့ကိုယ့်အပေါ်တကယ်နားလည်ပေးမယ့်ချစ်သူကိုတွေ့ရတတ်ပါတယ်နော်။နောက်ပြီးအရင်ကထပ်ကိုယ့်မှာချစ်သူရှိရင်လည်းချစ်သူကအရမ်းကိုဂရုစိုက်လာပါမယ်နော်။အမြဲတမ်းလိုလိုအချစ်ရေးနဲ့ပတ်သက်ပြီးပျော်စရာတွေကိုယ်နဲ့ကိုယ့်ချစ်သူကြားမှာဖန်တီးလာပါမယ်နော်။2လပိုင်းထဲမှာတော့ Singleတွေကတော့ပိုပြီးအဆင်ပြေမယ်။Right Person တောင်တွေ့နိုင်ပါတယ်။ကိုယ်တွေ့မယ့်ချစ်သူကတော့ကိုယ်နဲ့အသက်အရွယ်ကွာတာမျိုးဖြစ်ပါမယ်နော်။ကိုယ့်စိတ်နဲ့ပတ်သက်ပြီးတော့ကိုယ့်မှာတော့စိတ်ပင်ပန်းတာလေးတွေအနည်းငယ်ပဲရှိနိုင်ပါမယ်နော်။ဒါ့အပြင်ဒီ2လပိုင်းထဲမှာတော့အလုပ်အကိုင်၊စီးပွားရေး၊ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအရမ်းကိုတိုးတက်လာပါမယ်။ငွေတွေလည်းအရမ်းဝင်လာမယ်။ဒါပေမယ့်ငွေထွက်ကိန်းလည်းရှိနေပါမယ်‌နော်။‌ေငွကဝင်သလောက်မစုမိတာမျိုးဖြစ်ပါမယ်နော်။အထူးသဖြင့်တော့ဒီလထဲမှာလူမှုရေးမှာအညံ့လေးတွေတော့ရှိပါမယ်။အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။

Pile 3

ဒီ2လပိုင်းထဲမှာတော့အချစ်ရေးနဲ့ပတ်သက်ပြီးအသဲကွဲရကိန်းကြုံရတတ်ပါတယ်။crushပြန်မချစ်တာတွေကိုယ့်ဘက်ကမျှော်လင့်နေတဲ့သူကိုယ့်ဆီကိုပြန်မလာတာမျိုးတွေကိုယ်ချစ်တဲ့သူနဲ့အဆင်မပြေတာလေးတွေဖြစ်ပါမယ်နော်။အထူးသဖြင့်စိတ်ဝမ်းကွဲတာတွေနှစ်ဦးကြားထဲကိုအဆင်မပြေအောင်လုပ်နေတဲ့ကြားလူအနှောက်အယှက်တွေကြုံရတတ်ပါတယ်။ဒီကတ်ကျတဲ့သူတွေသတိထားပါနော်။အခန့်မသင့်ရင်ကိုယ်ချစ်တဲ့သူနဲ့ဝေးကွာရတတ်ပါတယ်။သတိထားပါနော်။နောက်ပြီးတော့2လပိုင်းထဲမှာဆုံရမယ့်သူကတော့ကိုယ်နဲ့စိတ်ချင်းမကိုက်ညီတဲ့သူဖြစ်နေတတ်ပါတယ်။အဆင်မပြေတာတွေရှိနေပါမယ်နော်။ကိုယ်ါအပေါ်ကိုသိပ်ပြီးအလေးနက်မထားတာအေးတိအေးစက်ခံစားချက်လေးတွေရှိနေပါမယ်နော် စိတ်ထဲမှာအရင်ကထပ်ပိုပြီးစိတ်ပင်ပန်း‌အနှောက်အယှက်ဖြစ်တာလေးတွေရှိပါမယ်။ငွေလည်းဝင်စရာရှိတာမဝင်ပဲလာဘ်ပိတ်နေတတ်ပါတယ်။လူမှုရေးတွေလည်းအဆင်မပြေတာ‌‌တွေရှိနိုင်ပါတယ်

ရေးသားသူ – Pinky Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။